ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး

Tuesday, November 19, 2013

~


 လာမယ့် မြန်မာပြည်ရဲ့သမ္မတတာဝန်ကို ဒေါ်အောင်ဆန်းစုကြည် ထမ်းဆောင်ခွင့်ရရှိရေးအတွက် လှုံ့ဆော်တဲ့  စာမျက်နှာတခု ရှိပါတယ်။


လိပ်စာက http://www.indiegogo.com/projects/use-your-liberty-support-aung-san-suu-kyi-as-burma-s-next-president ဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ စာမျက်နှာပါ။

ဒီလှုံ့ဆော်ချက်မှာ ရေးသားထားချက်အရ ... မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်ဖြစ်ရေးလည်း ပါဝင်နေပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုများထဲမှာ မြန်မာ့ဒီမိုကရေစီဘက်တော်သားအများအပြားကို တွေ့ဆုံ မေးမြန်းထားချက်များ ပါဝင်တာကို တွေ့ရမှာပါ။ အင်တာဗျူးပေါင်း တရာ ရှိပါတယ် တဲ့။
သူတို့ရဲ့ လှုပ်ရှားမှု အထောက်အကူဖြစ်ရေးအတွက် အင်တာဗျူး ရုပ်သံကို ၀ယ်ယူနိုင်ကြောင်း ရေးထားပါတယ်။



စီစဉ်သူတွေ ထုတ်ပြန်တဲ့ ရုပ်သံနမူနာကိုလည်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

ဆိုခဲ့သလိုပဲ ... ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို လှုံ့ဆော်သူတွေကတော့ အများအပြား ရှိနေပါပြီ။ အောင်မြင်ရေး သေချာမလား ဆိုတာကတော့ ဒီအချိန်မှာ မပြောနိုင်သေးပါ။

သူ့ကို အစိုးရရဲ့ ထိပ်တန်းရာထူးတွေ မယူနိုင်အောင် ဗိုလ်ချုပ်ကြီးတွေက နှစ်ပေါင်းများစွာ အချိန်ယူပြီး သေသေချာချာ  အကွက်ချခဲ့ကြတာပါ။  လွှတ်တော်ထဲ မရောက်အောင်လည်း အကွက်ချ စီစဉ်ခဲ့ပါတယ်။

သို့သော်လည်း သူ လွှတ်တော်ထဲရောက်ရေးကို အပြောင်းအလဲ လိုလားဟန်ပြတဲ့ ဗိုလ်ချုပ်ကြီးတွေကပဲ လမ်းဖွင့်ပေး လမ်းရှင်းပေးခဲ့တဲ့အတွက် အခု လွှတ်တော်ထဲ ရောက်နေပါပြီ။

သမ္မတဖြစ်ရေးအထိ လမ်းဖွင့်ပေး လမ်းရှင်းပေးရေး ဆိုတာကတော့ လှုံ့ဆော်သူများဘက်က ကြိုးပမ်းဖို့ လိုသလို ဗိုလ်ချုပ်ကြီးများဘက်က လိုလိုလားလားနဲ့ မီးစိမ်းပြမှဖြစ်ပါလိမ့်မယ်။

ကဲ... ဒီပို့စ်ကတော့ လှုံ့ဆော်သူများဘက်က ကြိုးပမ်းချက်တချို့ကို ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိသတ်နဲ့ မိတ်ဆက်ပေးလိုကို့တဲ့ပို့စ်ပဲ ဖြစ်ပါတယ်။



.

3 comments :

  1. Anonymous said... :

    အမေစုကိုတော့ သမ္မတဖြစ်စေချင်ပါတယ်။ ဒါပေမဲ့ အမေစု မဟုတ်တဲ့နောက် နိုင်ငံခြားသားနဲ့ယူထားပြီး မိသားစုတွင်း နိုင်ငံခြားသားကို လက်ခံထားတဲ့ ဘယ်သူ့ကိုမှ သမ္မတ မဖြစ်စေချင်ပါဘူး။ oicအဖွဲ့ဝင် အရမ်းချမ်းသာတဲ့ နိုင်ငံတွေ နောက်ခံနဲ့ ကုလားသစ္စာတော်ခံ တစ်ယောက်ယောက်များ တစ်ချိန်ချိန် သမ္မတ တက်ဖြစ်ခဲ့ရင် ဆိုတဲ့အတွေးနဲ့ ရင်လေးမိတယ်။ နိုင်ငံရေးမှာ စီးပွားရေးကောင်းတဲ့သူက တော်တော်အလေးသာ တတ်ပါတယ်။

  1. Anonymous said... :

    please notice that U ne Win i,Khin Nyunt ,U San Yu are Chinese.And then,Than Shwe is under the supervision of China.let see lat pa Daung taung project is under China.one of government advise admitted that they afraid to China.......

  1. Anonymous said... :

    မှန်ပါတယ်။ နိင်ငံခြားသားနှင့် အိမ်ထောင်ပြုထားသော်လည်း xxxxxxxxxxဖြစ်ပါကဆိုပြီး အမေစု တစ်ယောက်တည်းသာ လွတ်နိုင်တဲ့ ပြင်ဆင်မူမျိုး ဖြစ်နိုင်မဖြစ်နိုင် သိချင်ပါတယ်။ ဥပမာ- တရားဥပဒေမှ မည်သို့ပင်ဆိုစေကာမူ လူထုထောက်ခံမူမဲ+++++ထက်ပိုရပါက ဆိုတာမျိုးပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved