ဆင်ဖြူတော်အစွယ်နဲ့ထိုးလို့ ဆင်ထိန်း ဦးသိန်းစိန် သေဆုံး

Sunday, November 3, 2013


~



ရန်ကုန်မှာရှိတဲ့ ဆင်ဖြူတော်တစ်စီးရဲ့ လက်ချက်ကြောင့် ဆင်ထိန်း သေဆုံးသွားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ စနေမနက်ခင်းပိုင်းမှာ ဖြစ်ခဲ့တာပါ တဲ့။
အစွယ်နဲ့ထိုးလို့ သေဆုံးတယ်လို့ သတင်းက ဆိုပါတယ်။


ဒီအကြောင်းကို ဒီကနေ့ထုတ် သတင်းစာအများအပြားမှာ မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားကြပါတယ်။

ဓာတ်ပုံတွေ ဖော်ပြထားချက်အရတော့ ဆင်ဖြူတော် အထီးကို ယခင်နေရာမှာပဲ ဆက်လက် ချုပ်နှောင်ထားတယ်လို့ နားလည်ရပါတယ်။

မဖတ်ရသေးသူများအတွက် ... ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

"ဆင်ဖြူတော်နင်း၍ ဆင်ဦးစီးသေဆုံးရန်ကုန်၊ နိုဝင်ဘာ ၂၂.၁၁.၂၀၁၃ ရက်နေ့ ၀၈၅၅အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မဆင်ဖြူတော်ဝင်းရှိ ဆင်ဦးစီးတစ်ဦး အင်းစိန်ဆေးရုံသို့ ဆင်နင်းခံရ၍ ရောက်ရှိလာကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဦးသိန်းစိန် (ဘ)ဦးကောင်းစံ(ဆင်ဦးစီး)၊ တိရိစ္ဆာန်ဥယျာဉ်ဝန်ထမ်းလိုင်း၊ ဗဟန်းမြို့နယ်နေသူဖြစ်ပြီး ၂.၁၁.၂၀၁၃ရက်နေ့ ၀၆၃၀အချိန်မှစ၍ ဆင်ဖြူတော် ရာဇအဂ္ဂ သီရိပစ္စယဂရောဇာ(စ...ွယ်စုံအထီး) ဆင်အားသေဆုံသူ ဆင်ဦးစီးမှ ယဉ်ပါးအောင် ကြံကျွေး၍လမ်းလျှောက်လေ့ကျင့်ပေးနေစဉ် ၀၇၃၀အချိန်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့်ထိုး၍ ဦးသိန်းစိန်တွင် ၀ဲဘက်ရင်အုံ ညိုမဲဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း စုံစမ်း သိရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၇၄/၂၀၁၃)ဖြင့် ရေးဖွင့်စုံစမ်းလျက်ရှိကြောင်း သတင်း ရရှိပါသည်"


.

2 comments :

  1. susan said... :

    ဒို့ဦးသိန်:စိန်ကြီ:သာဖြစ်လိုက်ပါတော့

  1. Unknown said... :

    လူဖြူတို့၏ဆန္ဒမပြည့်ဝမှုကြောင့်ဦးသိန်းစိန်အားလုပ်ကြံနိုင်သည်ဟုနိမိတ်ကောက်ယူပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved