တယ်လီဖုန်းနဲ့ အင်တာနက် သုံးရတာ က လည်း အဆင်မပြေဖြစ်နေတာ တွေ ဆက်တိုက်ကြုံတွေ့နေ ရ တာပါ။
ပြောရရင် အခုရက်ပိုင်း မြန်မာပြည် တယ်လီဖုန်းလိုင်းတွေ မကောင်း ဖြစ်နေတာတွေကို ဆက်သွယ်ရေး ဒုဝန်ကြီး ဖြေကြား ချက်ကို ရှမ်းပြည်နယ် သီပေါလွှတ်တော်အမတ် ဦးရဲထွန်းက အခုလို သူ့ဖေ့စ်ဘုတ်က တဆင့် တင်ပြလာပါတယ်။
“ဆက်သွယ်ရေး ဒုဝန်ကြီးဖြေကြားချက်မှာ-
ဖုံးလိုင်း မ ကောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး အောက်ခြေကို မေးမြန်းကာ ကောင်းအောင်ဆောင် ရွက်ပေးမည်။ အင်တာနက်ဆက်သွယ်ရေး SEA GAME အမှီ အကောင်းဆုံးဖြစ်စေ ရန် ပြုပြင်ဆောင် ရွက်နေဆဲကာလဖြစ်၍ ခေတ္တခဏ ပြတ်တောက်ခြင်း နှေးခြင်း များဖြစ်နေအုံးမည်။ ယခုလကုန် လောက်အထိ သီးခံ စောင့်ဆိုင်းပေးပါ ဟုဆိုပါသည်။”တဲ့။
အားလုံးပဲ သည်းခံစောင့်ဆိုင်းပေးကြပါတဲ့။
အိမ့်သံစဉ် ~
စောင့်နေတာလည်းကြာပါပြီဗျာ..သည်းခံရလုံးအားကြီးလို့ သောတပန်တောင်ဖြစ်နေပြီလားမသိဘူး..