ရိုးရာယဉ်ကျေးမှုထက် ကုန်စည်ပြပွဲတို့ နေရာရလာပြီ

Monday, November 11, 2013

~


 

 ဒီနှစ် ၅၈ နှစ်မြောက် ကရင်ပြည်နယ်နေ့ကို လာရောက်ကြတဲ့ ရပ်နီးရပ်ဝေးကလာတဲ့ ကရင်အမျိုးသားတွေကတော့ အရင်ကာလတွေက ပြည်နယ်နေ့ကိုအောက်မေ့ တသဖြစ်မိတယ်လို့ ပြောဆိုကြပါတယ်။


  • ရိုးရာ ဒုံးအကရဲ့ နောင်ရေး

လှိုင်းဘွဲ့သားစောဖပစ်က"ကရင်ပြည်နယ်နေ့ဆိုတာက ရိုးရာ ဒုံးအကတွေ အဖွဲ့ပေါင်း ၄၀ ကျော်လောက်အထိ ၀င်ရောက်ယဉ်ပြိုင်ခဲ့ကြတဲ့ ကရင်ပြည်နယ်ရဲ့ အထင်ကရပွဲတော်တခုပါ ကရင်အမျိုးသားတွေ အတော့ကိုတန်ဘိုးထားတဲ့ပွဲလည်းဖြစ်တယ်၊
အခုဆိုရင်တဖြည်းဖြည်းနဲ့ ဒုံးအဖွဲ့တွေနည်းနည်းလာတာ ဒီနှစ်ဆိုရင် ၁၀ ဖွဲ့သာသာဘဲရှိတော့တယ်ဆိုတော့ နောက်ကိုဆိုရင်ပြည်နယ်နေ့မှာ ဒုံးအကဆိုတာ ပျောက်သွားမှာကိုတောင် စိုးရိမ်မိတယ်"လို့ပြောပါတယ်။

အရင်ကဆိုရင် တရွာကို ဒုံးအဖွဲ့တဖွဲ့နူန်း အထိ ပြည်နယ်နေ့မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ ဒီအခြေဆိုက်ရတာ လက်ရှိကရင်ပြည်နယ် အစိုးရအနေနဲ့ တစုံတရာ ဆောင်ရွက်ပေးသင်တယ်လို့လည်း စောဖပစ်ကဖြည့်စွက်ပြောဆိုပါတယ်။

ကော့ကရိတ်က ဒုံးအကနည်းပြတဦးပြောတာက ဒုံးတဖွဲ့မှာ အနည်းဆုံး လူဦးရေ ၅၀ လောက်ကို အချိန်ယူပြီး သင်ရတယ်။
 ကုန်ကျစားရိတ်က များသလောက် ပြိုင်ပွဲမှာက မဆိုစလောက်ဆုကြေးလောက်ပဲ ရကြတာပါ။
 ကရင်ပြည်နယ်အစိုးရလက်အောက်ခံ ကရင်စာပေယဉ်ကျေးမှု တိုးတက်ရေး အဖွဲ့တွေအနေနဲ့ ဒီအနေအထားတွေကို လျှစ်လျူမရှုသင့်ဘူး" ဆိုပြီး ရင်ဖွင့်ပါတယ်။

ပြည်နယ်ကရင်စာပေယဉ်ကျေးမှုအဖွဲ့ဝင်တဦးကတော့ "အရပ်သားအစိုးရဆိုပေမဲ့ သူတို့ဆီကဘာမှမလာဘူး။ ကိုယ့်အားကိုယ်ကိုးဘဲငါ့ညီရေ။
 နောက်ကိုဆိုရင် ကရင်ပြည်နယ်နေ့မှာ အပျော်တမ်းဒုံးအဖွဲ့လောက်ပဲ ရှိတော့မယ်။ အဆင့်မြှင့်ဒုံးတွေကတော့ ဘယ်လိုမှ ပေါ်လာနိုင်တော့မှာမဟုတ်ဘူး" ဆိုပြီး စိုးရိမ်စိတ်တွေ ထွက်ကျလာပါတယ်။


  • ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်

အရင်ကဆိုရင် ကရင်ပြည်နယ်နေ့ကို အနှစ်သာရအပြည့်အ၀နဲ့ကျင်းပခဲ့ကြပေမဲ့ အခုဆိုရင်ပွဲတော်ကျင်းပရာ ဘားအံမြို့သီရိကွင်းထဲမှာ ရုံသွင်းဇတ်ပွဲတွေ၊  ဂီတဖျော်ဖြေပွဲတွေ၊ ကုန်စည်ပြပွဲတွေနဲ့ ဈေးဆိုင်ခန်းတွေကို ကွင်းထဲမှာ နေရာပေးလိုက်တဲ့အတွက် အရင်လိုကွင်းထဲမှာ ဌာနဆိုင်ရာပြခန်းတွေနဲ့ အခြား အခမဲ့ကြည့်ချင်ပွဲတွေကို ကြည့်ရှု လေ့လာခွင့်မရတော့တဲ့အတွက် နှမောတသဖြစ်ရတယ်လို့လည်း ကရင်အမျိုးသားတွေကပြောဆို ကြပါတယ်။

ဘားအံမှာ သီတင်းသုံးတဲ့ ကရင်ဘုန်းတော်ကြီးတပါးကတော့ ပြည်နယ်နေ့ကြီးကို ကုန်စည်ပြပွဲနဲ့ ဈေးရောင်းပွဲတော်အဖြစ် အစားထိုးသွားမှာကိုတော့ အလိုမရှိဘူးလို့ မိန့်ကြားပါတယ်။

ကရင်အမျိုးသားအများစုကတော့ ကရင်ပြည်နယ်အစိုးရအနေနဲ့ ကရင်ပြည်နယ်နေ့ကို ၀တ္တရားအရမဟုတ်ဘဲ မနောအလှတွေနဲ့ပါ ထည့်သွင်း စဉ်းစား ဆောင်ရွက်ပေးကြဖို့  သဘောထားတွေပေးကြပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ဟာ ကရင်ပြည်နယ်နေ့ဖြစ်ပြီး ဒီပွဲတော်ကို ၁၉၅၅ ခုနှစ်က စတင်ကျင်းပလာခဲ့တာဖြစ်ပါတယ်။ပွဲတော်ကို ၇ ရက်ကနေ ၁၀ ရက်နေ့အထိနှစ်စဉ်ကျင်းပလာခဲ့တာဒီနေ့အထိပါပဲ။

ပွဲခင်းနား မကပ်နိုင်တဲ့ ရိုးရာ အစားအစာ 
http://blog.irrawaddy.org/2013/11/blog-post_6273.html  

 ဘားအံမှာ ကျင်းပကြတဲ့ ကရင်ပြည်နယ်နေ့ မြင်ကွင်းများ 
http://blog.irrawaddy.org/2013/11/blog-post_9220.html

 
 ( ၅၈ နှစ်မြောက်ကရင်ပြည်နယ်နေ့ ဒုံးအဖွဲ့များ ကပြရာစင်မြင့်နဲ့ ပွဲတော်လာ ဒုံးအကသမားများ)

 





















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved