ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ကွယ်လွန်

Monday, November 25, 2013

ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့် ( အသက် ၈၄ နှစ်) သည် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်မြို့ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရပါသည်။ 

 ဝါရင့် နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်၊ ဓာတ်ပုံ- အံ့ဘွယ်ကျော်/၈၈

နိုင်ငံရေးသမားဟောင်းကြီး ဦးထွေးမြင့်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအား မြန်မာ့သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်သည့်အနေဖြင့် အဓိက ပံ့ပိုးတည်ထောင်ခဲ့သူများထဲက တဦးအပါအ၀င်ဖြစ်သည်။ ထို့အပြင်နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်းဖြစ်ပြီး အကြိမ်ကြိမ် ထောင်ဒဏ်ကျခံခဲ့ရသူလည်းဖြစ် သည်။ 

၁၉၇၀ ခုနှစ်ကျော်ကာလ ဦးနု၏ ပါလီမန် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး CRDP အဖွဲ့တွင် ပါဝင် ခဲ့ပြီး ပြည်ချစ်လူငယ်များ အစည်းအရုံးခေါင်းဆောင်တဦးလည်းဖြစ်သည်။ 

ထိုစဉ်က ပြည်ချစ်လူငယ်များ အသံလွှင့်ဌာနတွင် သတင်း၊ သတင်းသုံးသပ်ချက်များကို ၀ါရင့်နိုင်ငံရေး သမား ဦးသုဝေနှင့်အတူ တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ 

ကွယ်လွန်သူ ဦးထွေးမြင့်၏ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ၊ (၂၇)ရက်နေ့ (အမျိုးသားအောင်ပွဲနေ့) ညနေ(၄း၀၀) နာရီအချိန် တွင် ရေဝေး အအေးတိုက်မှ ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုလ်မည်ဖြစ်ပါသည်။  

ဦးထွေးမြင့်၏ မိသားစု အိမ်လိပ်စာမှာ အိမ်အမှတ် (၂၂၇၉)၊ ဟေမာဂနိုင်လမ်း၊ မင်းကွန်းတောရ အလယ်
ပေါက်၊ အင်းစိန်၊ ဘို့ကုန်း ရပ်ကွက် ဖြစ်ပါတယ်။ 


ဆက်စပ်သတင်း 


ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့် ကွယ်လွန်




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved