ဖယ်ဒရယ် တပ်မတော်မူဝါဒ ဒေါ်အောင်ဆန်းစုကြည်ထောက်ခံ

Monday, November 25, 2013


ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရေးရှင်း ကောင်စီ UNFC ရဲ့ ဖယ်ဒရယ် တပ်မတော်မူဝါဒကို  အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံလိုက်ပြီး ပေါ်ပေါက် လာစေရေး ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောလိုက်ပါတယ်။ 



 ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ တွေ့ဆုံစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

“တိုင်းရင်းသား တွေက ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်တခု လိုချင်တယ်လို့ ပြော တယ်။ ပြည်
ထောင်စု စနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်ဆိုတာကတော့ ပြည်ထောင်စုထဲမှာဆိုရင် ပြည်ထောင်စုနဲ့ ကိုက် ညီတဲ့ တပ်မတော် ပဲ ဖြစ်ရမှာပေါ့"ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ရန်ကုန်မြို့ကို ပထမဆုံးအကြိမ်အဖြစ် ရောက်နေတဲ့ UNFC ကိုယ်စားလှယ် ၃ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တက္ကသိုလ် ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံပြီး သတင်းထောက်တွေကို အဲဒီလိုပြောလိုက်တာပါ။ 
 
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော် လမ်းကြောင်း က တဆင့် ထိုးဖောက်ဝင်ရောက်မှာဖြစ်ပြီး UNFC ကတော့ လွှတ်တော် လမ်းကြောင်း ထဲက ၀င်ရောက်ဆောင် ရွက်လို့ မရတာကြောင့် လွှတ်တော်ပြင်ပမှ တိုင်းရင်းသားအခွင့်အရေး အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံကို အသစ်ရေးဆွဲမယ်လို့ UNFC အတွင်းရေးမှူး ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီအကြောင်း သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ထက်နိုင်ဇော်ရေးသား ထား တဲ့ UNFC ၏ ပြည်ထောင်စု တပ်မတော်မူဝါဒ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved