ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရမယ့် ပြည်ပကုမ္ပဏီ အူရီးဒူးရဲ့ လှုပ်ရှားမှုတခုကို သောကြာနေ့က ရန်ကုန်မြို့မှာ တွေ့ခဲ့ရပါတယ်။
လူငယ်ကွန်ရက်တခုကို ထောက်ပံ့လှူဒါန်းတဲ့အခမ်းအနားတခုကို ပြုလုပ်ခဲ့တာပါ။ Yangon Youth Forum ဆိုတဲ့ ကွန်ရက် ဖြစ်ပါတယ်။
Yangon Youth Forum ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာက https://www.facebook.com/YangonYouthForum?hc_location=timeline ဖြစ်ပါတယ်။
(အဲဒီ ကွန်ရက်က သူတို့ရဲ့ လှုပ်ရှားမှုအကြောင်း ရှင်းလင်းပွဲကို ဒီကနေ့ နေ့ခင်း ပြုလုပ်ဖို့အတွက် ရန်ကုန်မြို့ လမ်း ၅၀ က 50th Street Bar ကို ရွေးချယ်ထားပါတယ် တဲ့။
ကွန်ရက်ရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ မဝိုင်းဝိုင်းပြည့်က သူတို့ရဲ့ ရှင်းလင်းပွဲအတွက် အဲဒီ ဘားဆိုင်က နေရာထိုင်ခင်း ကမကထပြုတယ်လို့ ဆိုတယ်။)
အူရီးဒူးက လှူဒါန်းတယ် ဆိုတော့ ရန်ကုန်လူငယ်ကွန်ရက်ရဲ့ လှုပ်ရှားမှုတွေကို သေချာပေါက် အထောက်အကူဖြစ်ပါလိမ့်မယ်။
အပျော်သဘော ရယ်စရာ ပြောရရင် ... အူရီးဒူးက မြန်မာပြည်မှာ အောင်မြင်မယ့် အနေအထား အပြည့်ရှိပါတယ်။ မြန်မာတွေရဲ့ ထုံးစံများကို လိုက်လျောညီထွေစွာ ကျင့်ကြံလို့ပါပဲ။
အူရီးဒူးက သောကြာနေ့ အခမ်းအနားကို ကြိုတင်သတ်မှတ်ကြေညာထားတဲ့အချိန်ထက် ၁၅ မိနစ် နောက်ကျပြီး ပြုလုပ်ခဲ့တာပါ။
သြဂုတ်လက ရန်ကုန်မှာ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲဆိုရင်လည်း နာရီဝက် နောက်ကျပြီးမှ ရှင်းလင်းပွဲ အစပြုတာပါ။
မြန်မာပြည်ရောက် အူရီးဒူးက မြန်မာစံတော်ချိန် ဆိုတဲ့ ဓလေ့ကို ရည်ရွယ်ချက်နဲ့ လက်ခံလိုက်တာလား၊ မတော်တဆ တိုက်ဆိုင်သွားတာလား ဆိုတာတော့ မသိရပါဘူး)
အူရီးဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိက၊ အရှေ့တောင်အာရှဒေသများမှာ မိုဘိုင်းဖုန်းများ၊ ကြိုးမဲ့ မြန်နှုန်းမြင့် အင်တာနက်စနစ်၊ ကြိုးလိုင်းအင်တာနက် စနစ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနေတယ်၊ ကမ္ဘာနှင့်အ၀ှမ်း ၀န်ထမ်းဦးရေ ၉၂.၉ သန်း ရှိတယ်လို့ တနလာင်္နေ့က ထုတ်ဝေတဲ့ အူရီးဒူးမြန်မာကုမ္ပဏီရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။အူရီးဒူးရဲ့ ဖေ့စ်ဘုတ် https://www.facebook.com/OoredooMyanmar မှာလည်း အောက်တိုဘာ ၃၀ ရက်နေ့က စိတ်ဝင်စားစရာအချက်တခု တင်ထားတာ အခုလို တွေ့ရပါတယ်။
"အူရီးဒူးက တီထွင်ဆန်းသစ်ထားတဲ့ မိုဘိုင်းငွေကြေးစနစ်က ကမ္ဘာတဝှမ်းမှာရှိပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် အူရီဒူးသုံးစွဲသူတွေဟာ ငွေပေးချေလွှာတေ၊ွ ကုန်သည်တွေ၊ ငွေပို့ပေးတာတွေ၊ ဖုန်းငွေကြေးဖြည့်တာတွေကို မိုဘိုင်းကပြုလုပ်န်ုင်ကြတယ်"
ဒါဆိုရင် အူရီးဒူးရဲ့ မိုဘိုင်းငွေကြေးအစီအစဉ်ကို မြန်မာပြည်မှာတွေ့လာရဖွယ် ရှိတယ်လို့ ယူဆရပါတယ်။
.
0 comments :
Post a Comment