ဒဂုံတက္ကသိုလ်ရဲ့ ထူးဆန်းတဲ့ အောင်စာရင်း

Friday, November 15, 2013

ဒဂုံတက္ကသိုလ်က စာရင်းအင်းပညာ တတိယနှစ် သိပ္ပံ (ဘွဲ့) အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ မတ်လ စာမေးပွဲတွေမှာ အောင်မြင်သူစာရင်းကို  မော်ကွန်းထိန်းက လက်မှတ်ရေးထိုး ကြေညာတာက ထူးဆန်း 
နေပါတယ်။ 

 
ဓာတ်ပုံ- ဒဂုံတက္ကသိုလ် ဖေ့စ်ဘုတ် 

ဒဂုံတက္ကသိုလ် မော်ကွန်းထိန်း ဦးညိုထွန်းက အမိန့်အရဆိုပြီး ကြေညာတဲ့ ကြေညာချက်မှာ အောက်ပါ 
ကျောင်းသား ကျောင်းသူများသည် ဒဂုံတက္ကသိုလ်မှ ၂၀၁၃ ခုနှစ် မတ်လနှင့် စက်တင်ဘာလတွင် ကျင်းပခဲ့
သော တတိယနှစ် ( သိပ္ပံ) ( ဘွဲ့) သင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ကြောင်း ကြေညာလိုက်သည်။ 


တတိယနှစ် (သိပ္ပံ ) ( ဘွဲ့) 
စာရင်းအင်း ပညာ အထူးပြု  

အောင်မြင်သူ မရှိပါ။ 

အမိန့်အရ တဲ့။


ဒီလို စာမေးပွဲ အောင်စာရင်ကြေညာတာမျိုး ထူးဆန်းတဲ့ အရေးအသားတွေကို ဧရာဝတီစာဖတ်ပရိသတ်
တွေ ဘယ်လို အမြင်ရှိကြမလဲ၊ ဘယ်လိုယူဆကြပါသလဲ။ 


ဓာတ်ပုံ- Dagon University Students' Union





 အိမ့်သံစဉ် ~

.

2 comments :

  1. Anonymous said... :

    Hahahahahahahahhhahaha........moron registrar!

  1. Anonymous said... :

    အင် ကြီးပါ။ စာရင်းအင်းပညာ က သိပ္ပံဘွဲ. ပေးပါ.မလား။ လေတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved