~
ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ကို ဒီကနေ့ ရောက်လာပါတယ်။ မြန်မာ့တပ်မတော် (ရေ)က ချစ်ကြည်ရေးခရီး လာရောက်တဲ့သူတို့ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလ၀ါဆိပ်ကမ်းမှာ ကြိုဆိုခဲ့ကြပါတယ်။
(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
ဒီနှစ်ပိုင်းအတွင်း နိုင်ငံတချို့က စစ်သင်္ဘောတွေ မြန်မာပြည်ကို လာခဲ့သလို မြန်မာရေတပ်သားတွေကလည်း ဗီယက်နမ် အပါအ၀င်နိုင်ငံတချို့ကို ရောက်ခဲ့ပါတယ်။
ဒီစစ်သင်္ဘောတွေ ရန်ကုန် လာရောက်ခြင်းဟာ ရုရှရေအတွက် ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်ပါလိမ့်မယ်။
အခု ရန်ကုန်မှာ ကမ်းကပ်ထားတဲ့ ဖျက်သင်္ဘော Admiral Vinogradov က အာဖရိကပင်လယ်ဓားပြတွေကျက်စားရာဒေသကို ၂၀၁၁ မှာ သွားရောက်ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း http://voiceofrussia.com သတင်းတပုဒ်မှာ တွေ့ရပါတယ်။
မြန်မာပြည်ကို မရောက်ခင် ဒီသင်္ဘောအုပ်စုဟာ အာရှနိုင်ငံတချို့ကို ရောက်ခဲ့ပုံရပါတယ်။ ဗီယက်နမ်၊ ကိုရီးယား ၀က်ဆိုက်တချို့မှာ ဒီသင်္ဘောပုံနဲ့သတင်းတချို့ကို တွေ့ရပါတယ်။
.

0 comments :
Post a Comment