~
အွန်လိုင်းမြန်မာများကြား စိတ်ဝင်တစား ဖြစ်နေကြတဲ့ မေမြတ်မွန်က ဖေ့စ်ဘုတ် အတော်လေး သုံးသူ ဖြစ်နေတာ တွေ့ရပါတယ်။

သူကြိုက်တဲ့ ဖေ့စ်ဘုတ်စာမျက်နှာများထဲမှာ မြန်မာအထင်ကရများလည်း ပါဝင်ပါတယ်။ နေမင်း၊ ရွှေမှုန်ရတီ တို့ ပါဝင်သလို၊ မကြာသေးခင်ကစပြီး အထင်ကရဖြစ်လာတဲ့ အလှမယ် မိုးစက်ဝိုင်ကို like လုပ်ထားတာ တွေ့ရပါတယ်။
အွန်လိုင်းမြန်မာများ စိတ်ဝင်စားတဲ့ မိုးစက်ဝိုင်ကို သူလည်း စိတ်ဝင်စားတယ်ဆိုတဲ့သဘောပေါ့။
ဒဂုံတက္ကသိုလ်ကျောင်းသူကျောင်းသားဟောင်းတွေ အာရုံစိုက်တဲ့ I went to Dagon University ကိုလည်း တွေ့ရပါတယ်။
သူ့အကြောင်းကို အွန်လိုင်းအဆိုတော် မေမြတ်မွန် http://blog.irrawaddy.org/2013/11/blog-post_9520.html ဆိုပြီး ဒီဘလော့မှာ ဒီနေ့ နေ့ခင်း ရေးခဲ့ပါတယ်။ လူဖတ်များတာ တွေ့ရပါတယ်။
ဒီရက်ပိုင်း အွန်လိုင်းထဲရောက်လာတဲ့ သူ သီချင်းဆိုပုံ ရုပ်သံတွေကို ကြည့်ရသူတွေထဲက အများအပြားက ဖေ့စ်ဘုတ်မှာ မှတ်ချက်တွေ ရေးကြပါတယ်။ ၀တ်စားဆင်ယင်မှုက မသင့်တော်ဘူးလို့ ပြောသူများ ရှိသလို အနောက်တိုင်းမှာတော့ ဒီလို ဝတ်စားဆင်ယင်ပုံက ခါးခါးသီးသီး မဖြစ်ကြောင်း ခုခံရေးသားသူတချို့လည်း ရှိပါတယ်။
သူ့ကို အများအပြားက စိတ်ဝင်စားနေကြပါပြီ။
ဒီရက်ပိုင်း ဖေ့စ်ဘုတ်ကို သိမ်းပိုက်မယ့်သူကတော့ မေမြတ်မွန် ဖြစ်မယ်လို့ ယူဆရပါတယ်။
.

0 comments :
Post a Comment