ရိုဟင်ဂျာတို့ကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ကုလ တိုက်တွန်း

Wednesday, November 20, 2013

~


  နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးရေးအတွက်  မြန်မာအစိုးရကိုတိုက်တွန်းဖို့  ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေးကော်မတီက အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

 



ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်မိသားစုကို အစားအစာ စီစဉ်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်သားတဦး (ဓာတ်ပုံ - Reuters)

 The General Assembly’s human rights committee on Tuesday passed a resolution urging Burma to give the stateless Rohingya minority equal access to citizenship and to crack down on Buddhist violence against them and other Muslims in the Southeast Asian nation. လို့ ဆိုပါတယ်။

အေပီ သတင်း တပုဒ်မှာ အဲဒီလို တွေ့ရတာပါ။
မူရင်း သတင်း UN to Burma: Make Rohingya Muslims Citizens  ကို ဖတ်မယ် ဆိုရင်တော့
www.irrawaddy.org/burma/un-burma-make-rohingya-muslims-citizens.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

အထွေထွေညီလာခံက မြန်မာအစိုးရရဲ့ ထုတ်ပြန်ချက်တခုကို ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။ အဲဒါကတော့ ဒီနှစ်ကုန်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား မရှိစေရဘူး ဆိုတဲ့ သမ္မတရဲ့ပြောဆိုချက်ပါပဲ။
ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ အစိုးရက နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို လွှတ်ပါတယ်။

ဆုံးဖြတ်ချက်ထဲမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာလူနည်းစုတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ခြင်းတွေ၊ တခြားဒေသတွေမှာ မူဆလင် လူနည်းစုတွေကိုတိုက်ခိုက်တာတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ဘင်္ဂါလီ လို့ ခေါ်ပါတယ်။
ရိုဟင်ဂျာခေါင်းဆောင်များကတော့ ဒီအခေါ်ကို မနှစ်သက်ဘူးလို့ သတင်းမှာ ရေးပါတယ်။


 မူရင်း သတင်း

UN to Burma: Make Rohingya Muslims Citizens  
www.irrawaddy.org/burma/un-burma-make-rohingya-muslims-citizens.html  



.

2 comments :

  1. wanna said... :

    လူအခွင့်အရေးလို့ပြောတဲ့နိုင်ငံတွေ အဒီနိုင်ငံတွေပဲသူတို့ကို သူတို့ရဲ့နိုင့်ငံသားအဖြစ်နေခွင့်ပေးလိုက်ပေါ့။ လူကောင်းယောင်ဆောင်ပြီးသူများနိုင်ငံကိုဖိအားမပေးပါနဲ့။
    မင်းတို့သနားရင်မင်းတို့ပဲခေါ်ထားလိုက်တော့

  1. Anonymous said... :

    Wanna ​ပြောတာကို အပြည့်
    အ၀ ​ထောက်​ခံ တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved