လင်းနို့လူသားလေးနဲ့ ဆန်ဖရန်စ္စကို တဖြစ်လဲ Gotham City

Saturday, November 16, 2013

ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တယောက်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ အမေရိကားက ဆန်ဖရန်စ္စကို ဟာ Gotham City အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ 

 လင်းနို့လူသားကြီးနဲ့ လင်းနို့လူသားလေး၊ ဓာတ်ပုံ- The Mirror

အသက် ၅ နှစ်အရွယ် Miles Scott ဟာ leukemia လို့ ခေါ်တဲ့ သွေးကင်ဆာရောဂါကို ၄ နှစ်လောက် ရင်ဆိုင်တိုက်ပွဲဝင် နေရတာကြောင့် The Make-A-Wish Foundation က သူ့ဘဝမှာ ဘာဖြစ်ချင် သလဲ မေးလိုက်တဲ့အချိန်မှာ သူက “ ကျနော် လင်းနို့လူသားလေး ဖြစ်ချင်တယ်”လို့ ဖြေခဲ့လို့ပါ။ 

ကယ်တင်ရှင် လင်းနို့လူသား ( Batman) သိပ္ပံနယ်လွန်ရုပ်ရှင်ဟာ  ကမ္ဘာတ၀န်း ကလေးတွေ သာမက လူကြီးတွေတောင် စွဲမက်တဲ့ နာမည်ကြီး ရုပ်ရှင်လည်း ဖြစ်ပါတယ်။ 

အခုတော့ သူ့အိပ်မက်ဟာ သောကြာနေ့က မယုံနိုင်လောက်အောင် ဓာတ်ပုံတွေနဲ့တကွ ပေါ်ထွက်လာခဲ့ ပါပြီ။ ရာနဲ့ချီတဲ့ လူတွေဟာ ဆန်ဖရန်စ္စကို လမ်းတွေပေါ်မှာ သတ္တိရှင် Miles ကို ချီးမွမ်းဂုဏ်ပြုကြရင်း ပေါ့။ 

အိုရီဂွန်နားက Sikiyou County မှာ နေထိုင်တဲ့ Miles ဟာ လင်းနို့လူသားရဲ့ စီးတော်ယာဉ်ထဲကနေ လူအုပ်ရှိရာကို လင်းနို့ လူသား ကလေးဝတ်စုံဝတ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ Batman နဲ့အတူ Batkid လည်း အခုတော့ ဆန်ဖရန်စ္စကို တဖြစ်လဲ Gotham City မှာ။



လင်းနို့လူသားကလေးငယ် Miles ဟာ ကေဘယ်လ်ကားနဲ့ ငြိနေတဲ့ အမျိုးသမီးတယောက်ကို လွတ်မြောက်
အောင်တောင် မှ သူက ကူညီခဲ့ပါတယ်။ 

“ကျမတို့ မိသားစုက ဒီဆန္ဒကို ဖြည့်ဆည်းပေးချင်ခဲ့တာ။ ကျမတို့သားရဲ့ ကိုယ်ခန္ဓာထဲမှာ ၃ နှစ်လောက် အဆိပ်တမျှ ပြင်းတဲ့ ဓာတုဆေးဝါးတွေ ထိုးသွင်းနေရတာကို ကျော်လွှားဖို့ တခုလိုပေါ့” လို့ Miles ရဲ့ မိခင်ဖြစ်သူ နာတလီက San Jose Mercury News ကို ပြောပါတယ်။ 

ကလေးငယ်တယောက်ရဲ့ ဘဝကို တန်ဘိုးထားပြီး သူ့အိပ်မက်ကို ဝိုင်းဝန်း အကောင်အထည်ဖော်ပေး သူတွေ၊ ဒီအိပ်မက် အကောင်အထည်ဖော်ရေး ဆန်ဖရန်စ္စကိုက လူတွေရဲ့ စိတ်ဓာတ်က အလွန်
လေးစားစရာ ကောင်းတာမို့ The Mirror က သတင်းတခုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 




















အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved