ဆန့်ကျင်ဘက်လိင်လိုဝတ်စားနေထိုင်သူတို့အတွက် အမှတ်တရပွဲ

Wednesday, November 20, 2013

~


 ဒီကနေ့   LGBT ဆိုင်ရာ အခမ်းအနားကို မြို့ပေါင်း ၁ဝ မြို့မှာ ကျင်းပမယ်လို့ သိရပါတယ်။
ဘယ်မြို့တွေမှာလဲ၊ ဘာအတွက်ကြောင့်လဲ ဆိုတာကို သိရဖို့အတွက် ဖိတ်စာတစောင်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။




ဖိတ်စာနဲ့အတူ ရောက်လာတဲ့ပုံမှာတော့ ကျင်းပမှာက ညနေ ၄း၃၀  ပြည်သူ့ရင်ပြင်လို့ ရေးထားပါတယ်။ အဲဒီအစီအစဉ်က ရန်ကုန်အတွက် ဖြစ်ပုံရပါတယ်။

ဒီဖိတ်စာနဲ့အတူ ဆက်စပ်ဖတ်ရှုသင့်တဲ့သတင်း ၂ပုဒ်ရဲ့ လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

လိင်တူချစ်သူများ မုန်းတီးမှု ဆန့်ကျင်ရေးနေ့ ကျင်းပ
http://burma.irrawaddy.org/news/2012/05/17/10076.html

Burma Marks First Ever LGBT Day
http://www.irrawaddy.org/burma/burma-marks-first-ever-lgbt-day.html

သတင်းသမားများသို့ ဖိတ်ကြားအသိပေးခြင်း


ကျွန်တော် ကျွန်မတို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ယက်က ဦးဆောင်၍ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျရောက်သော
ကမ္ဘာတစ်လွှားရှိ  အကြောင်း အမျိုးမျိုးကြောင့် အသက်ဆုံးခဲ့ရသည့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူဝတ်စားနေထိုင်သူများအား အောက်မေ့ သတိရခြင်း အထိမ်းအမှတ်ပွဲ  (Transgender Day of Remembrance) ကို
မြန်မာနိုင်ငံရှိ မြို့ပေါင်း (၁၀) မြို့ (မြစ်ကြီးနား၊ မုံရွာ၊ ရွှေဘို၊ ကျောက်ပန်းတောင်း၊ ပြည်၊ မန္တလေး၊ ကလော၊ လားရှိုး၊ ရန်ကုန်၊ ကော့သောင်း) တွင် ပြုလုပ်မည် ဖြစ်ပါသည်။

အသေးစိတ်သိလိုပါက

၁) ကိုတင်ကိုကို  (09 420 010 409) - ရန်ကုန်
၂) ကိုကျော်မင်းထွန်း (09 420 312 204) - ရန်ကုန်

၃) ကိုကျော်မျိုးသူ (09 421 116 338) - ရန်ကုန်
၎) ဆူးချိုး (09 4318 9836) - ရန်ကုန်

၅) ရှင်းသန့် (09 492 602 911) - မန္တလေး
၆) ဦးဌေးလွင်ဦး (09 5138 864) - ကျောက်ပန်းတောင်း

၇) Rose (09 6463 586) - မုံရွာ

အထက်ပါတာဝန်ခံများထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရန်ကုန်အတွက် ဖိတ်စာကိုပူးတွဲပေးပို့အပ်ပါသည်။ တက်ရောက်သတင်းယူနိုင်ကြရန်ကိုလည်း ဖိတ်ကြားအပ်ပါသည်။

မှတ်ချက် - မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ယက်ကို ယခင်က မြန်မာလိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာကွန်ယက်ဟု ခေါ်ဝေါ်ခဲ့ပါသည်။
အမှန်တကယ်တွင် “လိင်တူချစ်သူများ” ဆိုသည့် အသုံးအနှုန်းသည် LGBT
(Lesbian = အမျိုးသမီးချင်းကိုသာမေတ္တာသက်ဝင် ချစ်ခင်သူ၊
G = အမျိုးသား အချင်းချင်းကိုသာမေတ္တာသက်ဝင်ချစ်ခင်သူ၊

 B = အမျိုးသား/သမီးနှစ်မျိုးလုံးကို မေတ္တာသက်ဝင် ချစ်ခင်သူ၊
T = ဆန့်ကျင်ဘက်လိင်ကဲ့သို့ပြောင်းလဲခံယူဝတ်ဆင်နေထိုင်သူ) အားလုံးကို ကိုယ်စားမပြုနိုင်သေးသောကြောင့် ကိုယ်စားပြုနိုင်သည့် မြန်မာစကားလုံး မရှိသေးသည့် ကာလအတွင်း LGBT ဆိုသည့် အင်္ဂလိပ် အခေါ်အဝေါ်ကိုပင်သုံးစွဲနေပါသည်။

Colours Rainbow
Email: clrburma@gmail.com
Website: www.colorsrainbow.com, www.tvnews.colorsrainbow.com
Phone: 09400447181, 0973122522



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved