NLD ရုံးချုပ်က အမျိုးသား အောင်ပွဲနေ့အခမ်းအနား မြင်ကွင်းတချို့

Wednesday, November 27, 2013

(၉၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ 


NLD ရုံးချုပ်မှာ ယနေ့ ကျင်းပတဲ့ အမျိုးသား အောင်ပွဲနေ့မြင်ကွင်း၊ ဓာတ်ပုံ- စိုင်းဇော်/ဧရာဝတီ

အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကတွေဖြစ်တဲ့ ဦးတင်ဦး၊ ဟံသာဝတီ ဦးဝင်းတင် အစ ရှိ တဲ့ နာယကတွေနဲ့ ပါတီဝင်တွေတတ်ရောက်ခဲ့ကြပြီး ကြေညာချက် ထုတ်ပြန်တာ၊ သဘာပတီ ဦးတင်ဦးက  မိန့်ခွန်းပြောတာတွေ လုပ်ကြပါတယ်။ 

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပွဲကိုလည်း တဆက်တည်းကျင်းပပြုလုပ်ခဲ့ပြီး စာရေး ဆရာမ နုနုရည်(အင်းဝ)၊ ကာတွန်းအော်ပီကျယ်နဲ့ ကိုလေး(အင်းဝဂုဏ်ရည်)တို့က စာပေဟောပြောမှုတွေ 
ပြုလုပ်ခဲ့ကြပါတယ်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved