BIMAN လေကြောင်း ရန်ကုန်- ဒက္ကာ ပြန်လည်ပြေးဆွဲ

Wednesday, December 11, 2013



မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ အကြား ဘီးမန်း လေကြောင်းလိုင်း ပထမဆုံး ပြန်လည် စတင်ပြေးဆွဲတဲ့ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့ ည ၇ နာရီက ရန်ကုန် အပြည်အပြည် ဆိုင်ရာ လေဆိပ်မှာ ကျင်းပခဲ့ပါတယ်။ 

 ဓာတ်ပုံ- ပြန်ကြားရေးဝက်ဆိုက်

BIMAN ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်းဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား ရန်ကုန်-ဒက္ကာ ခရီးစဉ်ကို ယခင်က ပြေးဆွဲခဲ့ပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရပ်စဲခဲ့တာကို အခု ဒီဇင်ဘာလက စပြီး ပြန်လည် ပြေးဆွဲ တာ ဖြစ်ပါတယ်။ 

၂၀၀၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် BIMAN လေကြောင်းလိုင်းဟာ မြန်မာခရီးစဉ် ပြေးဆွဲမှုမှာ အရှုံး
ပေါ်ခဲ့ လို့ ရပ်နားထားခဲ့ရတာပါ။ 

အခုပြန်လည်ပြေးဆွဲတဲ့ ရန်ကုန်- ဒက္ကာ၊ ဒက္ကာ- ရန်ကုန် ခရီးစဉ်ဟာ ရက်သတ္တတပတ်မှာ ၂ ကြိမ်နှုန်းနဲ့ ဘိုရင်း ၇၃၇-၈၀၀ အမျိုးအစား လေယာဉ် တွေနဲ့ ပြေးဆွဲတာဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံတို့ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က ၂ နိုင်ငံပြည်သူချင်း ဆက်ဆံရေး၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ရေးစတာတွေအတွက် ပုဂ္ဂလိက လေကြောင်းလိုင်းတွေအပါ အဝင် လေကြောင်း လိုင်း ပြေးဆွဲမှုတွေ ပြန်လည်စတင်ဖို့ သဘောတူလက်မှတ်ထိုးခဲ့ကြတာပါ။

အဲဒီသဘောတူညီချက်အရ ကုန်တင်လေယာဉ်ခရီးစဉ်ဟာလည်း တပတ် တကြိမ် ပြေးဆွဲဖို့ ရှိတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved