သမ္မတပြောခွင့်ရ ဝန်ကြီးဦးရဲထွဋ် ဗြောင်လိမ်တာလား

Wednesday, December 18, 2013

သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ ဒီကနေ့ တင်လိုက်တဲ့ ဓာတ်ပုံနဲ့ ပုံစာအညွှန်းကြောင့် 
ဗြောင် လိမ်သူ ဆိုပြီး အွန်လိုင်းက လူတွေက ပြောကုန်ပါပြီ။ 

ဒီကနေ့ လူပြောများတဲ့  ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်ပေါ်က ပို့စ်တခုပါ

ဦးရဲထွဋ် တကယ်ပဲ ဗြောင်လိမ်တယ်ဆိုတာ ဟုတ်မဟုတ် ဆန်းစစ်ကြည့်မိတယ်။ 

ဦးရဲထွဋ်က “ဒီနေ့မနက် နေပြည်တော်ကို ပြန်ရောက်ပြီး ရုံးကိုအလာ မြို့မဈေးမှာ လေ၀င်ထိုးရင်း ကားပြင် အလုပ်ရုံ တစ်ခုမှာတွေ့ခဲ့ရတဲ့ ဆိုင်းဘုတ်လေးပါ။ ခွင့်တောင်းပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ ဒါပေမယ့် မြန်မာအမျိုးသမီးလက်ရွေးစင် အသင်းကိုဆက်ပြီး အားပေးဖို့ ကိုတော့ ဆိုင်းဘုတ်ကြောင့် မပြောခဲ့ရပါဘူး” လို့ ဓာတ်ပုံစာအညွှန်းရေးထားတယ်။ 

ဒါပေမယ့် ဒီဓာတ်ပုံမှာ ထူးခြားတာက ကိုချိုကားဘော်ဒီရုံဆိုတာကို ဖျက်ထားတာ သတိထားမိတယ်။ ဦးရဲထွဋ်ရဲ့ ဓာတ်ပုံနဲ့ အဲဒီ ပို့စ်အောက်မှာလည်း ဝန်ကြီး ဗြောင်လိမ်တယ်ဆိုပြီး ကွန်မန့်တွေက ထုနဲ့ဒေး 
မြင်မ ကောင်းအောင် ဝေဖန်ထားကြတယ်။ 

ဒီ ဓာတ်ပုံဟာ တကယ်တော့ လွန်ခဲ့တဲ့ နာရီ ၂၀ ကျော်က Car Marcket in Myanmar ဆိုတဲ့ ဖေ့စ်ဘုတ်မှာ ကိုသီဟမောင်မောင် ရိုက်ကူးထားတဲ့ ဓာတ်ပုံလို့ သိရပါတယ်။ မူရင်း ဓာတ်ပုံက တမ္ပဝတီ၊ မန္တလေးက ကိုချို ကားဘော်ဒီ ရုံဖြစ်တယ်လို့ သိရပါတယ်။ 


ဓာတ်ပုံမူရင်းကို ဤနေရာက တဆင့် သွားကြည့်နိုင်ပါတယ်။

ဧရာဝတီ ပရိသတ်ကြီးက ဝေဖန် ဆင်ခြင်တုံ တရား အားကောင်းတော့ ဦးရဲထွဋ် ဗြောင်လိမ်တာလား၊ ဒါမှ မဟုတ် ဦးရဲထွဋ်ကို ဗြောင်လိမ်တယ်လို့ ဝိုင်းရေးနေသူတွေက လိမ်နေတာလားဆိုတာ သဲသဲ ကွဲကွဲ သိနိုင်မယ်လို့ ယုံကြည်ပါတယ်။ 





အိမ့်သံစဉ် ~ 



5 comments :

  1. Anonymous said... :

    ဥပဓိရုပ်နဲ့စကားပြောပုံကိုကြည့်ရင်ဒီလူကြီးမရိုးသားတာသိသာပါတယ်

  1. Anonymous said... :

    ဘော်ဒီရုံ တစ်ခုတည်းကို နှစ်ယောက်ဓာတ်ပုံရိုက်လို့လည်း ရပါတယ်။ ရုံနာမည်တို့ လူနာမျက်နှာတို့ကို ဖျက်ပေးရတာလည်း နိုင်ငံတစ်ကာမှာ လုပ်ရိုးလုပ်စဉ် ကိစ္စတွေပါ။

  1. Anonymous said... :

    အပေါ်က ဓာတ်ပုံ၂ပုံက အတူတူပဲလို့ ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုင်းဘုတ်နောက်မှာ လူတယောက်ရှိပြီး သူရပ်နေပုံအနေအထားဟာ အတူတူပဲ ဖြစ်နေပါတယ်။ ဒီဓာတ်ပုံကို လူ၂ယောက်ကသာ ရိုက်ကူးရိုးမှန်ရင် အဲဒီလောက်ထိ မရည်ရွယ်ဘဲ တူအောင်ရိုက်နိုင်ဖို့ အလွန်တရာ ခဲယဉ်းပါလိမ့်မယ်။

  1. Anonymous said... :

    meiktila က ဘဏ်ဒါးပြ case လဲ ဘာကြောင့် ဖြစ်ရတယ် ????
    လက်ရှိတပ်မတော်မှာ ဘာတွေဖြစ်ပျက်နေတယ် ????
    for show တွေ ကိုဘဲ သာယာနေရင်တော့ ဒုံးရင်း ဒုံးရင်း ဖြစနေမှာပါ
    အရည်အချင်းမပြည့်တဲ့ သူတွေကို အရည်အတွက်များများ ခေါ်ခဲ့တဲ့ အတွက် ခုလို တွေ ဖြစ်နေရတာပါ
    တပ်မတော်ကို ကျစ်ကျစ်လစ်လစ် အရည်အချင်းရှိတဲ့ အဖွဲ့ဖြစ်အောင် လုပ်ပေးကြပါဦးခင်ဗျား
    မဆိုင်တဲ့ နိုင်ငံရေးတွေမလုပ်ဘဲ international တပ်မတော်တွေလို ထူထောင်ကြပါ

  1. Anonymous said... :

    Ye Htut is a lier....I live in Nay Pyi Daw and I have a shop at Myo Ma market. There is no Ko Cho car service (workshop)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved