သူတို့ အကယ်ဒမီတွေ ရသွားကြတယ်

Monday, December 30, 2013


၂ဝ၁၂ ခုနှစ်အတွက် ရုပ်ရှင် အကယ်ဒမီဆုပေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းကြီးမှာ ပြုလုပ်သွားရာမှာ အကယ်ဒမီဆု ၉ ဆုကို အနုပညာရှင်တွေက အသီးသီး ဆွတ်ခူးရရှိသွားကြပါတယ်။ 


 အကယ်ဒမီ ဆုရှင်မှာ အမှတ်တရ ၊ ဓာတ်ပုံ- ပြန်ကြားရေး စာမျက်နှာ

အကယ်ဒမီ ဆုတွေကို အသီးသီး ရရှိသွားကြသူတွေကတော့ ပရိတ်သတ် မျှော်လင့်ထားသူတွေ ပါဝင်သလို မမျှော်လင့်ထားသူတွေလည်း ပါဝင်နိုင်ပါတယ်။ 

အကယ်ဒမီ ဆုပေးပွဲနဲ့ပတ်သက်ပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တိုက်ရိုက်လွှင့်ထုတ်ပြသသွားခဲ့တာပါ။ 

၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဆု ရရှိသူတွေကတော့

၁။ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး)                         ဥ    ဇာတ်ကား

၂။ မင်းသား ပြေတီဦး                                         လက်ပံ  ဇာတ်ကား

၃။ မင်းသမီး ဖွေးဖွေး                                          လက်ပံ  ဇာတ်ကား

၎။ အမျိုးသမီးဇာတ်ပို့ ချောရတနာ                          ဥ  ဇာတ်ကား

၅။ ကလေးသရုပ်ဆောင် ယွန်းယွန်း                         တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ  ဇာတ်ကား

၆။ ရုပ်ရှင်ဓာတ်ပုံဆု အောင်ကိုလတ်                         ကယန်းအလှ  ဇာတ်ကား

၇။ ရုပ်ရှင်တည်းဖြတ်ဆု ဇော်မင်း (ဟံသာမြေ)             ဥ ဇာတ်ကား

၈။ ရုပ်ရှင်တေးဂီတဆု ၀င်းကို                                 အမွေခံထိုက်သူဖြစ်ပါစေ ဇာတ်ကား

၉။ အသံပိုင်းဆိုင်ရာဆု တိုနီလင်း ကယန်းအလှ တို့က အသီးသီး အကယ်ဒမီဆုတွေ ဆွတ်ခူးရသွားခဲ့တာကို ပြန်ကြားရေး စာမျက်နှာက ဖော်ပြထားပါတယ်။ 

 
မြန်မာ့ရုပ်ရှင်အဆင့် အတန်းမြင့်မားရေးအတွက် ၁၉၅၂ ခုနှစ်မှ စတင်ပြီး မြန်မာရုပ်ရှင် အဆင့်အတန်းမြင့်မားရေးအကဲဖြတ်အဖွဲ့သည် နှစ်စဉ်လိုလို မြန်မာ့ရုပ်ရှင်လောကမှ ထူးချွန်ထက်မြက်သည့် အနုပညာရှင်၊ အတတ်ပညာ ရှင်များကို ရွေးချယ်ပြီး ထူးချွန်ဆုများ ချီးမြှင့်လာခဲ့တာလို့ ပြန်ကြားရေး စာမျက်နှာကတော့ အကယ်ဒမီ သတင်းကို တင်ပြသွားပါတယ်။

ယခုနှစ်ဆုပေးပွဲတွင် ၂၀၁၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၇ ကား အနက်မှ အကောင်းဆုံး အနုပညာစွမ်းဆောင်ချက်များအပေါ် စိစစ်၍ ထူးချွန်ဆုများ ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။

အကယ်ဒမီ ဆုပေးပွဲ ဖွင့်ပွဲအခမ်းအနားမစတင်မီ ညနေ ၃ နာရီမှ စတင်၍ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) အတွင်း၌ The Trees တေးဂီတအဖွဲ့နှင့်အတူ ရုပ်ရှင်အနုပညာရှင်များနှင့် တေးသံရှင်များက တေး သီချင်းများဖြင့် သီဆို ဖျော်ဖြေကြပြီး အခမ်းအနားမှူးအဖြစ် မောင်ဆန်းထွဋ် နှင့် မတင်မိုးလွင်တို့က ဆောင်ရွက်ကြပါတယ်။  


  
လက်ပံ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရွှေစင်ဆုရရှိတဲ့ အကယ်ဒမီ ပြေတီဦး ကျေးဇူးတင်စကား
ပြောကြား ရာတွင်

"ပိုပြီးတော့ ရင်ခုန်ပါတယ်။ ဖေဖေ မေမေ ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူး တင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ လက်ပံအဖွဲ့သား အားလုံးကို ကျေးဇူးတင်ပါတယ်။ မဖြူနှင်းဖွေး ကို ကျေးဇူး တင် ပါတယ်။ ဦးဝင်းကြည် ကိုဝိုင်း အားလုံးပါ ပါတယ်။ စက်အဖွဲ့ ဆက်တင် အားလုံး ပါပါတယ်။ အူဝဲ ပါရမီဖြည့်ဖက်ကို ကျေးဇူးအများကြီးတင်ပါတယ်။ အရမ်း မမျှော်လင့်ခဲ့ပါဘူး။ အငြိမ်ဇာတ်ရုပ်နဲ့ ရခဲ့ တာပါ။ ပရိတ်သတ်တွေကို အထူးကျေးဇူးတင်ပါတယ်။ ပထမဆုတုန်းက အလှုပ်ဇာတ်ရုပ်နဲ့ ရခဲ့တာပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်"
  ( ပြေတီဦး ) 


အိမ့်သံစဉ် ~ 







1 comments :

  1. Anonymous said... :

    လိင်မင်းသမီးရဲ့ဒဏ္ဍာရီရိုက်ထားတဲ့မင်းသမီးအကယ်ဒမီမရပါလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved