ဘုရင်မွေးနေ့မတိုင်မီ ဘန်ကောက်ဆန္ဒပြမှု အရှိန်လျှော့ချ

Wednesday, December 4, 2013

~


ဘန်ကောက်မှာ အကြီးအကျယ် ဆန္ဒပြနေကြသူတွေက သူတို့ရဲ့လှုပ်ရှားမှုကို အရှိန်သတ်နေပါပြီ။
ဘာကြောင့်လဲလို့ဆိုတော့ ထိုင်းနိုင်ငံ ဘုရင်ရဲ့ မွေးနေ့ပွဲ အခါသမယ ရောက်လာလို့ပါပဲ။



ဘန်ကောက်ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေကို ရင်ဆိုင်နေတဲ့ အမျိုးသမီးတဦး (Photo: Steve Tickner / The Irrawaddy)မနေ့ကလည်း အစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က ရဲတပ်ဖွဲ့ နောက်ဆုတ်လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။
နောက်ဆက်တွဲရလဒ်ကတော့ အစိုးရရုံး၊ ရဲတပ်ဖွဲ့ဌာနချုပ်တို့ကို  ဆန္ဒပြသူတွေက ၀င်ရောက် နေရာယူလိုက်ကြခြင်းပါ။

ဆန္ဒပြသူတွေမှာ လက်နက်တွေလည်းရှိနေပါတယ် တဲ့။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်မှုတွေရှိတဲ့အတွက် ၄ ဦးသေ၊ ၂၅၀ ထက် မနည်း ဒဏ်ရာရပြီးပါပြီ။

ဆိုခဲ့သလိုပဲ ထိုင်းဘုရင်မွေးနေ့ကာလဖြစ်တဲ့အတွက် နှစ်ဘက်စလုံး ကိုယ်ရှိန်သတ်နေတာပါ။
ထိုင်းတနိုင်ငံလုံး အလေးအမြတ်ထားကြတဲ့ ဘုရင်ကြီးရဲ့ မွေးနေ့က မနက်ဖြန် ဒီဇင်ဘာ ၅ ရက်နေ့ ကြာသပတေးနေ့ ဖြစ်ပါတယ်။

မူရင်းသတင်း Thai Violence Eases Ahead of King’s Birthday ကို ဧရာဝတီစာမျက်နှာ http://www.irrawaddy.org/asia/thai-violence-eases-ahead-kings-birthday.html  မှာ ဖတ်နိုင်ပါတယ်။

ဝန်ကြီးချုပ်ဆင်းပေးဖို့ ဆန္ဒပြသူတွေက ဘန်ကောက်မှာ ရက်အတန်ကြာကတည်းက အပြင်းအထန် တောင်းဆိုနေကြတာပါ။
ဝန်ကြီးချုပ်ကတော့ ဆန္ဒပြသူတို့ရဲ့ဆန္ဒကို ငြင်းပယ်ထားပါတယ်။

ဆက်စပ် -

အစိုးရရုံးများ သိမ်းပိုက်လိုက်သည့် ထိုင်းဆန္ဒပြသူများ အနိုင်ရသည်အထိ ကြိုးစားမည်  http://burma.irrawaddy.org/news/2013/12/03/51692.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved