မောင်ကိန်းရွှေဆိုင်ဝင်စီးသူက ကြံ့ခိုင်ရေးအမတ်နဲ့ ဆက်စပ်နေ

Thursday, December 26, 2013

~


  မန္တလေးမြို့ အထင်ကရ ရွှေဆိုင်ကြီးကို အနုကြမ်းဝင်စီးသူဟာကြံ့ခိုင်ရေးပါတီ အမတ်ရဲ့ တူတော်စပ်တယ်လို့ ဒီကနေ့ထုတ် ဂျာနယ်၊ သတင်းစာ အများအပြားမှာ ရေးသားထားကြပါတယ်။

အနုကြမ်းစီးခံရသော မောင်ကိန်း ရွှေဆိုင် (ဓာတ်ပုံ – မင်းထက်ငြိမ်းချမ်း)
လွှတ်တော်ကိုယ်စားလှယ်ရဲ့အမည်က ဦးလျူကွယ်ရှိ ဖြစ်ပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ ကို ကိုယ်စားပြုသူဖြစ်တယ်လို့ ဆိုပါတယ်။

တူဝရီး တော်စပ်တယ်လို့ သတင်းများမှာ ရေးကြသလို၊ တချို့သတင်းတွေမှာတော့ သူတို့က မြေးအဖိုးတော်စပ်တယ်လို့ ရေးကြပါတယ်။

အနုကြမ်းစီးသူက သူ့မှာပါတဲ့သေနတ်နဲ့ ပစ်ခတ်သော်ငြား အနီးဝန်းကျင်မှာရှိနေသူများက ဝင်ဖမ်းခဲ့ပုံကို
http://burma.irrawaddy.org/news/2013/12/25/52668.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အဲဒီသေနတ်က လွှတ်တော်ကိုယ်စားလှယ်ရဲ့ ရှမ်းပြည်နယ် လောက်ကိုင်မြို့ နေအိမ် လုံခြုံရေးဝန်ထမ်းတဦးဆီက ရခဲ့တဲ့သေနတ်လို့ ဆိုပါတယ်။

 သူ့ကို စစ်ဆေးဆဲဖြစ်တာကြောင့် အသေးစိတ် အချက်အလက်တွေ မသိရသေးဘူးလို့ သတင်းတွေမှာ ရေးထားတာ ဖတ်ရပါတယ်။

သူ ဝင်စီးခဲ့တဲ့ရွှေဆိုင်ကတော့ မန္တလေးမြို့လယ်က အထင်ကရ ဧရာမရွှေဆိုင်ကြီး ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved