မော်တော်ယာဉ်မောင်း လိုင်စင်ကို နယ်လှည့်ပြီး လိုင်စင်သက်တမ်းတိုးပေးတဲ့ကိစ္စကို ရထားပို့ဆောင်ရေးနဲ့ ကုန်းလမ်းပို့ဆောင်ရေး ဝန်ကြီးဌာနက လုပ်ဆောင်ပေးမှာပါတဲ့။
ရထား ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာနမှ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်း အောက်ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်း လိုင်စင် သက်တမ်းတိုးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ပါ၍ ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် အသိပေး ကြေညာအပ်ပါသည်။
စဉ် တိုင်းဒေသကြီး/ ပြည်နယ် မြို့နယ်
၁ နေပြည်တော် - တပ်ကုန်း
၂ ရန်ကုန်တိုင်းဒေသကြီး- လှည်းကူး၊ သုံးခွ
၃ မန္တလေးတိုင်းဒေသကြီး- မတ္တရာ၊ သာစည်၊ ညောင်ဦး၊ တံတားဦး
၎ ရှမ်းပြည်နယ်- ပင်းတယ၊ မိုင်းရှူး၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းဖြတ်၊ မိုင်းယောင်း
၅ ကချင်ပြည်နယ်- ပူတာအို၊ ဝိုင်းမော်၊ ရွှေကူ၊ ဟိုပင်
၆ ကရင်ပြည်နယ်- လှိုင်းဘွဲ
၇ စစ်ကိုင်းတိုင်းဒေသကြီး- အရာတော်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ကူး၊ ရေဦး၊ တန့်ဆည်၊ တမူး
၈ ပဲခူးတိုင်းဒေသကြီး- ညောင်လေးပင်၊ ပန်းတောင်း၊ ကြို့ပင်ကောက်
၉ မကွေးတိုင်းဒေသကြီး- ချောက်၊ ဂန့်ဂေါ၊ ထီးလင်း၊ မင်းတပ်၊ စေတုတ္တရာ၊ အောင်လံ
၁၀ မွန်ပြည်နယ်- ချောင်းဆုံ၊ ပေါင်
၁၁ ရခိုင်ပြည်နယ်- ဘူးသီးတောင်၊ မောင်တော
၁၂ ဧရာဝတီတိုင်းဒေသကြီး- မြောင်းမြ၊ မော်ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ မြန်အောင်၊ ကြံခင်း

0 comments :
Post a Comment