မဒီဆိုင်ကလုံး မုန်တိုင်း အားနည်းသွားနိုင်

Tuesday, December 10, 2013


မဒီ မုန်တိုင်းနဲ့ပတ်သက်ပြီး ဒီကနေ့ည ၈ နာရီ မိနစ် ၅၀ မှာ မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အခုလို အသိပေးထုတ်ပြန်ထားပါတယ်။

 ဓာတ်ပုံ- ဒေါက်တာ ထွန်းလွင်

Cyclone News Update 10-12-2013 8:50 pm 

(၁) “မဒီ”မုန်တိုင်းဟာ သိသိသာသာ အားလျော့ကျလာနေပါတယ်။ (၁၀-၁၂-၂၀၁၃)ရက် ညသန်းကောင် မှာ အနောက်တောင်ဖက်(နောက်ကြောင်းပြန်)ကို စတင်ရွေ့သွားတော့မှာဖြစ်ပါတယ်။ မူလခန့်မှန်းထား တာထက် စောပြီး အားလျော့သွားနှိုင်ပါတယ်။


(၂) တိမ်ဖုံးနေတဲ့ဒေသတွေ မြေလတ်ပိုင်း နဲ့အလယ်ပိုင်း၊မြစ်ဝကျွန်းပေါ်ဒေသများ။ ရခိုင်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်း၊ ကယား၊ ပဲခူး၊ ဧရာဝတီမြောက်ပိုင်း၊ ရန်ကုန်မြောက်ပိုင်း။ ဒေသတွေမှာ မိုးအနည်းငယ် ရွာနှိုင်ပါတယ်။

 ဒေါက်တာထွန်းလွင်


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved