ပါတီငယ် ၉ ခု စုပေါင်းပြီး မဟာမိတ်ဖွဲ့မယ်

Friday, December 20, 2013

လက်ရှိတရားဝင် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီ ၉ ခု ပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ကို လာမယ့် ဇန်နဝါရီလဆန်းမှာ ဖွဲ့စည်းပါတော့မယ်။ 

၉ ပါတီ မဟာမိတ်အဖွဲ့မှာ ပါတဲ့ NDF ပါတီ ခေါင်းဆောင်တချို့

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ရန်ကုန်မြို့မှာ အခုလို စုစည်းဖွဲ့စည်းဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး FDA မဟာမိတ် အဖွဲ့မှာတော့ နိုင်ငံရေးပါတီ ၉ ခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ NDF၊ ဒီမိုကရက်တစ်ပါတီ ( မြန်မာပြည်)၊ ပြည်ထောင်စု ဒီမို ကရေစီပါတီ၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေး ပါတီ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွှတ်သော ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ ပါတီ၊ ချင်း တိုးတက်ရေးပါတီ ဆိုတဲ့ ပါဝင်တယ်လို့ သိရပါတယ်။ 

အခုလို FDA ဆိုတဲ့ မဟာမိတ်ပါတီအစုအဖွဲ့ကြီးဖြစ်လာတာကတော့ ပါတီငယ်တွေအနေနဲ့ အနာဂတ်မှာ စုစုစည်းစည်းနဲ့ ဒီမိုကရေစီ မဟာမိတ်အင်အားစုကြီး တပ်ပေါင်းစုကြီးပုံစံ ပေါ်ပေါက်ဖို့ အခြေပြု စတင်တာ လို့ ဆိုတဲ့အကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။ 

အခု စုစည်းလိုက်တဲ့ ပါတီငယ် ၉ ခုထဲမှာ တချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ခွဲထွက် လာသူတွေလည်း ပါဝင်ပါတယ်။ 


အိမ့်သံစဉ် ~ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved