ဆီးဂိမ်းဖွင့်ပွဲ ဝေဖန်နေသူတွေအပေါ် ဦးရဲထွဋ် တုံ့ပြန်ပြောကြား
Friday, December 13, 2013
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကြီးကို ထည်ထည်ဝါ၀ါ လုပ်နိုင်တာဟာ တရုတ်နိုင်ငံက နည်းပညာတွေ အကူအညီယူတဲ့အပေါ် ဝေဖန်နေကြတာကို သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က အခုလို တုံ့ပြန်ထားပါတယ်။ 
 နေပြည်တော် ဆီးဂိမ်း ဖွင့်ပွဲ၊ ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ
၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ အသံ၊ မီး နဲ့ မီးရှုး မီးပန်း များနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံမှ နည်းပညာကို အသုံးပြုတဲ့အပေါ် ဝေဖန်နေတာ တွေ့ရ ပါတယ်။ 
မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဟာ အစိုးရ က လုပ်တာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေက အိမ်ရှင်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ အစိုးရက ဒီတာဝန်ကို အောင်မြင်အောင် ဆောင်ရွက်ပေးတာပါ။ 
ဒါ့ကြောင့် ဒီပွဲကြီးအောင်မြင်စွာကျင်းပနိုင်ခြင်းဟာ မြန်မာပြည်သူများရဲ့အောင်ပွဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားများ ခမ်းနားစွာဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်တဲ့နည်းပညာမှန်သမျှ အသုံးပြုမှာပဲဖြစ်ပါတယ်။ 
အသံ၊မီး၊နဲ့ မီးရှုးမီးပန်းများနဲ့ပတ်သက်ရင် တရုတ်နိုင်ငံက နည်းပညာ ကို အသုံးပြုခဲ့သလို ရုပ်သံ ရိုက်ကူး ထုတ်လွှင့်ရေးနဲ့ပတ်သက်ရင် အမေရိကန်နိုင်ငံက Grass Valley ကုမ္ဗဏီက ပစ္စည်းများနဲ့ နည်းပညာကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ 
ဒီလိုပါပဲ ရိုက်ကူးရေးဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ အတွက် ပြင်သစ် CFI အဖွဲ့အစည်းနဲ့ ဗြိတိန်နိုင်ငံက BBC Media Action တို့က အကူအညီပေးခဲ့ပါတယ်။ 
ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကို အသိအမှတ်မပြုနိုင်ပဲ ဘယ်သူလုပ်တာဆိုတာကိုပဲ ကြည့်ပြီး ပြောနေသူ များ လန်ဒန်အိုလံပစ်မှာလည်း တရုတ်နည်းပညာများသုံးခဲ့ကြောင်း အောက်ပါ လင့်ခ် များမှာ လေ့လာ ကြည့်စေလိုပါတယ်။ 
China-made fireworks light up London Olympics |Industries |chinadaily.com.cn
http://www.chinadaily.com.cn/business/2012-07/28/content_15625669.htm
London Olympic Games made in China Anne McClain
http://www.ministryoftofu.com/2012/08/london-olympic-games-made-in-china/
China-made fireworks to light up London Olympics
http://www.thaindian.com/newsportal/sports/china-made-fireworks-to-light-up-london-olympics_100633895.html
မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ 
.
15 comments :
  1. Unknown said... :
    အခမ်းအနား အပြင်​အဆင်​​တွေအားလုံးဟာ တကယ့်​ကို ကြီး ကျယ်​ ခ မ်းနား လွန်းပါတယ်​။
    လုပ်​တဲ့ပွဲ အမျိုးအစား ၊ နိုင်​ငံအ​နေအထားနဲ့ ယှဉ်​ရင်​​တော့ လိုတာထက်​ကိုပို​နေပါတယ်​။
    $ ၃၆သန်း တန်​အကူအညီ အတွက်​ ဘာ​တွေများ​ပြန်​​တောင်းဆိုအုံးမှာလည်းလို့ ​တွေးရင်းရင်ပူမိပါတယ်​။
  1. Anonymous said... :
    ဦးရဲထွဋ်ပြောသွားတာသဘာဝကျပါတယ်..
    လူဆိုတာမျိုးကလည်းမနာလိုတတ်ကြတာအများသား..
    အစိုးရဘာလုပ်လုပ်ပြောပစ်လိုက်မဟဲ့ဆိုတဲ့အဆိုးမြင်ဝါဒီတွေကတော့ရှိမှာဘဲ...
    အချိန်တန်ရင်အပေါက်တွေပိတ်ကုန်ပါလိမ့်မယ်..
    တစ်သက်လုံးကတရုတ်ပစ္စည်းတွေသုံးလာခဲ့ကြတာ..
    အခုမှသူများထက်ထူးနှဖူးအတက်ထွက်မနေကြစမ်းဘာနဲ့ ဗျာ..
  1. ZORRO said... :
    eaint phyu sein lay နိုင်ငံခြားမရောက်ဖူးသေးဘူးကို။ မင်းယောင်္ကျားတော့ရမယ်၊ ရင်တွေဘာတွေပူတတ်တာကို။အဲ ဒါပေမဲ့ ယောင်္ကျားကောင်းမရနိုင်ဘူး။ အတွေးအခေါ် ညံ့လွန်းပြီး၊ အဆိုးမြင်ဝါဒရှိလိုပဲ။မင်းကဗမာအစစ်၊ မပြီးခင်ထဲက မြင်လို့။ :p . တောင်းမှာအကွတ်၊ လူမှာအ၀တ်ဆိုတာတော့ ကြားဖူးမှာပေါ့နော်။ နောက်ပြီး ဟိုက ကမ္ဘာ့ စူပါပါဝါ လို နိုင်ငံ ကြီး တောင် ဂ၇ုတစ်စိုက် စောင့်ကြည့်နေရတဲ့ နိုးကြားနေတဲ့ နဂါးကြီး၊ ဒီကလည်း ခဲမှန်ထား ဘုူးတဲ့ စာသူငယ်လို့ သတိထားပျံသန်းနေတဲ့ ရင်ကျက်မှုတွေနဲ့ မြန်မာအစိုးရ၊ ပြည်သူနဲ့ ထိပ်တိုက် တွေ့မဲ့ ကိစွလုပ်မလားဟဲ့။ ဒီစကားလေးကို မှတ်ထားနော်။ " You r clever and I'm not stupid. "
  1. Anonymous said... :
    ညီမလေးလိုအမြင်မျိုးအပြည့်အဝမဟုတ်ရင်တောင်၁%လောက်ဦးရဲထွဋ်တို့မှာရှိရင်တိုင်းပြည်တိုးတက်မယ်
  1. Anonymous said... :
    အကြွေးနဲ့အကုန်အကျခံပြီးလုပ်ပြနေကြပေမဲ့အခုဒီပွဲကိုလာတဲ့အာဆီယံနိုင်ငံအများစုမှာသန်းနဲ့ချီတဲ့မြန်မာတွေကျွှန်ခံနေကြ၇တယ်ဆိုတာကမ္ဘာကသိပြီးသားပါ။ဒီကုန်ကျမဲ့ငွေတွေကိုဆင်း၇ဲမွဲတေမူ့လျှော့ချေ၇းလုပ်ငန်းစဉ်တွေမှာပဲအသုံးပြုသင့်ပါတယ်။
  1. Unknown said... :
    ဧရာဝတီ သတင်းဌာနဟာ တစ်ခါတစ်ရံမှာ အတော်လေးဗလောင်းဗလဲဆန်တာကိုတွေ့ရပါတယ်။
    ဆီးဂိမ်းဖွင့်ပွဲနေ့က သတင်းတစ်ပုဒ်မှာ တရုတ်အကူအညီကိုယူလို့ တရုတ်သြဇာအတော်လွှမ်းမိုးတာ တွေ့ရတယ်ဆိုပြီး ရေးထားတာတွေ့ပါတယ်။ တကယ်တော့ ဦးရဲထွဋ်ပြောတဲ့ "မသိတဲ့လူတွေပြောတာ နားလည်ပေးနိုင်ပေမယ့် စာဖတ်ပြီး သိအောင်လုပ်ရမယ့် နိုင်ငံရေးလောက က ပုဂ္ဂိုလ်များက ပြောတာကိုတော့ သူတို့ ၀မ်းစာ မပြည့်မှု အတွက် စိတ်မကောင်းဖြစ်ရပါတယ်" ဆိုတဲ့အထဲမှာ ပြည်သူကိုအမှန်အတိုင်းသိမြင်အောင် လုပ်ရမယ့် သတင်းဌာနဖြစ်တဲ့ ဧရာဝတီလဲပါပါလိမ့်မယ်။ သတင်းတွေကိုဖော်ပြတဲ့နေရာမှာ ရှေးရိုးစွဲနေတဲ့ အစိုးရမကောင်းကြောင်းပဲရွေးပြောမှ ပြည်သူကြိုက်တာမဟုတ်ပါဘူး။ ဘက်လိုက်ပြီးမပြောပါ။ အခြေအမြစ်ရှိရှိ ဆိုရင်ရေးပါ။ ပြောပါ။ ဧရာဝတီကို အမြဲတမ်းအားပေးလာတဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်တာမို့ နိုင်ငံတကာအဆင့်တန်းရှိတဲ့ ဂုဏ်သိက္ခာနဲ့ရပ်တည်ပြီး ပြည်သူတွေအားကိုလောက်တဲ့ သတင်းဌာနတစ်ခုဖြစ်စေချင်ပါတယ်။
  1. Unknown said... :
    အနှစ် ( ၄၄ )နှစ်ကြာမှကျင်းပရတဲ့ပွဲကို ဒီလောက်ထိ ခမ်းခမ်းနားနားကျင်ပပြီး၊ကမ္ဘာမှာ မြန်မာနိုင်ငံဆိုတဲ့ အသံကိုသိအောင်လုပ်ပြသွားတာ အရမ်းကျေးဇူးတင်ပါတယ်။ဝေဖန်နေတဲ့အကောင်းတွေ မီဒီယာတွေက ကိုယ့်မြန်မာနိုင်ငံဂုဏ်ငယ်အောင်လုပ်နေတဲ့အကောင်တွေကရော ယခုအချိန်ထိ မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးနေလဲ။
  1. Unknown said... :
    အခုလို ကြီးကျယ်ခမ်းနားတဲ့ အခင်းအကျင်းတွေကို ပြုလုပ်နိုင်ဖို့ကို ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်ဆိုတာ .. ကိုယ်တိုင် လုပ်ရတဲ့သူတွေပဲသိပါတယ် .. ဘေးကနေဘာမှမလုပ် ထိုင်နေပြီး .. ဟိုဟာက ဘာဖြစ်တယ် ဒီဟာက ဘာဖြစ်တယ်ဆိုပြီး ဝေဖန်ကဲ့ရဲ့ မကောင်းပြောနေမယ့်အစား .. အရည်အချင်းတကယ်ရှိရင် သူများကိုပြောမနေနဲ့ ကိုယ်တိုင်သာတက်လုပ် ... ကိုယ်က ဘာမှမလုပ်နိုင်ရင် ဘာမှဝင်မပြောပါနဲ့ ကိုယ်တကယ်လုပ်နိုင်တဲ့အရာဆိုရင် ငါလုပ်နိုင်တယ်ကွ ဆိုပြီး လုပ်ပစ်လိုက် .. ကျွန်တော်တို့မြန်မာတွေရဲ့ အကျင့်ဆိုးတွေကို ပြုပြင်သင့်နေပြီလို့ထင်ပါတယ်ဗျာ ..
  1. Anonymous said... :
    အမှန်ကန်ဆုံးစကားပဲသယ်ရင်းဒီလောက်များတဲ့ငွေကြေးပမာဏကိုသဲထဲရေသွန်သလိုအပျော်အပျက်ကိစ္စနဲ့တဒင်္ဂအချိန်တိုလေးအတွင်းမှာအလကားဖြုန်းတီးပစ်မယ့်အစားအကျိုးရှိရှိအသုံးချသင့်တယ်အခုလိုမဆင်မချင်မမြော်မြင်ကျလို့လည်းတိုင်းပြည်ဆင်းရဲတွင်းနက်နေတာပေါ့ဒီငွေတွေနဲ့မရဏအမြန်လမ်းမကြီးကိုရသရွေ့ကတ္တရာခင်းသွားရင်တောင်အကျိုးရှိပါသေးတယ်ဟိုအပေါ်ကZORROဆိုတဲ့နိုင်ငံခြားမှာကျွန်ခံဘူးတဲ့ချာတိတ်လည်းအသိအမြင်ကြွယ်ဝပြီးအမှန်ကိုမြင်နိုင်အောင်ကြိုးစားအုံးပေါ့
  1. အနှစ် ( ၄၄ )နှစ်ကြာမှကျင်းပရတဲ့ပွဲကို ဒီလောက်ထိ ခမ်းခမ်းနားနားကျင်ပပြီး၊ကမ္ဘာမှာ မြန်မာနိုင်ငံဆိုတဲ့ အသံကိုသိအောင်လုပ်ပြသွားတာ အရမ်းကျေးဇူးတင်ပါတယ်။ဝေဖန်နေတဲ့အကောင်တွေ မီဒီယာတွေက ကိုယ့်မြန်မာနိုင်ငံဂုဏ်ငယ်အောင်လုပ်နေတဲ့အကောင်တွေကရော ယခုအချိန်ထိ မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးနေလဲ။
    အခုလို ကြီးကျယ်ခမ်းနားတဲ့ အခင်းအကျင်းတွေကို ပြုလုပ်နိုင်ဖို့ကို ဘယ်လောက်တောင်ကြိုးစားခဲ့ရတယ်ဆိုတာ .. ကိုယ်တိုင် လုပ်ရတဲ့သူတွေပဲသိပါတယ် .. ဘေးကနေဘာမှမလုပ် ထိုင်နေပြီး .. ဟိုဟာက ဘာဖြစ်တယ် ဒီဟာက ဘာဖြစ်တယ်ဆိုပြီး ဝေဖန်ကဲ့ရဲ့ မကောင်းပြောနေမယ့်အစား .. အရည်အချင်းတကယ်ရှိရင် သူများကိုပြောမနေနဲ့ ကိုယ်တိုင်သာတက်လုပ် ... ကိုယ်က ဘာမှမလုပ်နိုင်ရင် ဘာမှဝင်မပြောပါနဲ့ ကိုယ်တကယ်လုပ်နိုင်တဲ့အရာဆိုရင် ငါလုပ်နိုင်တယ်ကွ ဆိုပြီး လုပ်ပစ်လိုက် .. ကျွန်တော်တို့မြန်မာတွေရဲ့ သောက်အကျင့်ဆိုးတွေကို ပြုပြင်သင့်နေပြီလို့ထင်ပါတယ်ဗျာ ..
  1. Anonymous said... :
    မင်းတို. ထမင်းစားတာလား ချီးစားတာလား ၊ သူများမြှောက်ပေးတိုင်း ကိုယ်နိင်ငံကိုပြစ်တင်ဝေဖန်ရှုံ့ချနေတာလား ၊ မိုးဟိန်းအဖွဲ.ကလား ၊ မိုးဇေညိမ်း အဖွဲ.ကလား ၊ ဒါမှမဟုတ်ရင်သေချာတယ် ၊ NLD ပါတီဝင်တွေပဲ ဒီလို လုပ်နေတာ ၊
  1. davidwin said... :
    မလုပ်နိုင်ဘဲနဲ့ ဘေးကနေ မနာလိုစိတ်နဲ့ မကောင်းကြောင်းမဝေဖန်ကြပါနဲ့
  1. Anonymous said... :
    အဝေးကြီးတွေစဉ်းစားနေတယ်၊၊ တရုတ်ပစ္စည်းကပေါတယ်၊၊ အကြွေးရတယ်၊၊ အဲတော့သုံးတယ်၊၊ဘယ်တော့မှလဲပြန်ဆပ်နိုင်မှာမဟုတ်ဘူး၊၊ သူအလို့သူခံပဲ၊၊ America လဲဒီလိုပဲမျတ်နှာပြောင်တိုက်တရုတ်အကြွးတွေယူတာပဲ၊၊
  1. Anonymous said... :
    @ eaint phyu sin lay သေသေချာချာလေ့လာစေချင်ပါတယ်...။ လန်ဒန် အိုလန်ပစ်ကို ရောင်းတဲ့ တရုတ်နိုင်ငံ Ye company ရဲ့ Fireworks ရောင်းဈေးက $316,456 ရှိတာကို သွားတွေ့ရပါတယ်။လန်ဒန်မှာ အသုံးပြုခဲ့တဲ့ မီးရှုးတွေကတော့ တရုတ်ပြည်ထွက် ၃ပုံ၎ပုံပါပါတယ် Fireworks တစ်ခုတည်းနှင့် သန်းချီပြီး ဈေးမပေါက်လောက်ပါဘူး...။ ကွန်မန့်ကို ပေးတာမှန်ကန်မှ လူတွေအမှန်ကိုသိနိုင်မှာပါ။ အမှားကို ဖောက်ခွင်း အမှန်ကို သိနိုင်ပါစေ။
  1. Anonymous said... :
    ကမ္ဘာ့အလည်မှာ မျက်နှာသာရဖို့ဆိုတာ ပြည်သူလူထုရဲ့နေထိုင်မှုအဆင့်အတန်းကနေ အခြေခံပြီးဖြစ်လာတာပါ။ ဂုဏ်ယူစရာတော့ ကောင်းတယ် ...အစွမ်းအစကိုပြနိုင်ခဲ့တာပဲလေ .. ပြင်ဆင်တဲ့ အခမ်းအနားဟာ မျှော်လင့်တာထက်တောင် အဆမတန်ပိုပြီးကြီးကျယ်ခမ်းနားလွန်းပါတယ်။ ဖွင့်ပွဲ အခမ်းအနားက မြန်မာ့အစွမ်းကို လှပအောင်ပြသနိုင်ပေမယ့် ... ပြိုင်ပွဲ မခမ်းအနားမှာ မြန်မာပရိတ်သတ်ရဲ့ မရင့်ကျက်သေးတဲ့ အားစကားစိတ်ဓာတ်တွေက မြန်မာကိုလှပအောင်မဖန်တီးနိုင်တော့ မှာကိုတော့ စိုးရိမ်မိတယ်.....
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved