၂ဝ၁၄ ခုနှစ်မှာ ခရီးသွားဖို့ ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံမှာ မြန်မာပါဝင်

Wednesday, January 8, 2014



မြန်မာနိုင်ငံဟာ ၂ဝ၁၄ ခုနှစ်မှာ ခရီးသွားဖို့အတွက် ကမ္ဘာ့ထိပ်တန်း ၅ နိုင်ငံစာရင်းမှာ ပါဝင်တယ်လို့ International Business Times ရဲ့ စစ်တမ်း တခုက ဖော်ပြထားပါတယ်။ 



 ကမ္ဘာလှည့်ခရီးသွား အများဆုံး စိတ်ဝင်စားတဲ့ မြန်မာပြည်က ပုဂံဒေသက မြင်ကွင်းတခု၊ ဓာတ်ပုံ- Zay Gyi

Lonely Planet ဆိုတဲ့ ကမ္ဘာလှည့်ခရီးသွား လမ်းညွှန်အပါအဝင် ကမ္ဘာကျော် ခရီးသွား လမ်းညွှန်ပေါင်း ၂ဝ လောက်နဲ့ နာ မည်ကြီး မဂ္ဂဇင်းတွေ၊ သတင်းဌာနတွေနဲ့ နာမည်ကြီး မီဒီယာလုပ်ငန်းကြီးတွေရဲ့ ခန့်မှန်းချက်တွေအရ ၂ဝ၁၄ ခုနှစ်အတွင်း ထိပ်တန်း ခရီးသွားနိုင်ငံတွေဟာ ဘယ်နိုင်ငံတွေ ဖြစ်လာမလဲဆို တာ IBT့  စစ်တမ်း တခုအနေနဲ့ ဖော်ပြထားတာပါ။ 

အဲဒီ့ စစ်တမ်းအရ ၂ဝ၁၄ ခုနှစ်မှာ ထိပ်တန်း ခရီးသွားနိုင်ငံတွေကတော့ အမှတ်စဉ်အလိုက် အဆင့် ၁၊ ဘရာဇီး၊ ၂- စကော့တလန်၊ ၃- မြန်မာ၊ အဆင့် ၄ အိုက်စ်လန်နဲ့ ပနားမားတို့ ဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီ ထိပ်တန်း ၅ နိုင်ငံ ပြီးရင် ဘယ်လ်ဂျီယံ၊ ရဝမ်ဒါ၊ ဥရုဂွေးနဲ့ ဇမ်ဘီးယားနိုင်ငံ တို့က ကပ်လိုက်နေပါ တယ်။ 

IBT အဆိုအရ  မနှစ်ကတော့ သိရီလင်္ကာ၊ ခရိုအေးရှားနဲ့ မြန်မာနိုင်ငံတွေက ကမ္ဘာလှည့် ခရီးသွားတွေ အများဆုံး စိတ် ဝင်တစား သွားရောက်ခဲ့ကြတဲ့နေရာတွေပါ။ 

ကမ္ဘာ့ မြို့ကြီးတွေထဲမှာဆို ဘရွတ်ကလင်း၊ ကွီတို နဲ့ ဆိုးလ်မြို့တို့ဟာ ကမ္ဘာ လှည့် ခရီးသွားတွေ အများဆုံး သွားခဲ့ကြတယ်။ 

အခု ၂ဝ၁၄ ခုနှစ်ထဲမှာ ကမ္ဘာ့ ထိပ်တန်း ခရီးသွားအများဆုံး ဖြစ်မယ့် မြို့ကြီးတွေကိုတော့ အဆင့် ၁ အနေ နဲ့ စကော့တ လန် နိုင်ငံက ဂလပ်စ်ဂိုးနဲ့ လဗ်ဗီးယားနိုင်ငံက ရီဂါတို့ဖြစ်ပြီး အဆင့် ၃ အနေနဲ့ တောင် အာဖရိကနိုင်ငံ က ကိတ်ပ်တောင်း၊ အဆင့် ၄ က တရုတ်နိုင်ငံက ချန်ဂျူး၊ ဘရာဇီးနိုင်ငံက ရီယို ဒီ ဇန်နေရိုးနဲ့ ဘောစနီးယား ဟာဇီဂိုဗီးနားနိုင်ငံက ဆာရာဂျေဗို မြို့တို့က ထိပ်တန်းခရီးသွားမြို့ကြီးတွေ ဖြစ် မယ် လို့ သုံးသပ်ဖော်ပြထားပါတယ်။ 

အဲဒီမြို့ကြီးတွေပြီးရင် နောက်က ကပ်လိုက်နေတာတော့ အမေရိကန်ပြည်ထောင်စုက ချီကာဂို၊ ဒက်ထရွိုက်၊ အော်စတင်၊ ဂျာမဏီနိုင်ငံက ဘာလင်မြို့၊ ရုရှားနိုင်ငံက ဆိုချီး၊ ဆွီဒင်နိုင်ငံက အူမီယားတို့ဖြစ် တယ်လို့ ဆိုပါတယ်။ 

၂ဝ၁၄ ခုနှစ်အတွင်း ထိပ်တန်း ခရီးသွား ဒေသတွေကတော့ နံပတ် ၁ က အရှေ့အာဖရိကဖြစ်ပြီး နံပတ် ၂ တွေကတော့ အန္တာတိက၊ ဟာဝိုင်ယီ၊ အင်ဒိုနီးရှားနိုင်ငံ လွန်ဘုခ်(Lombok )၊ ယိုဆေမိတဲ အမျိုးသား ဥယျာဉ် (Yosemite National Park)တို့ကို ဖော်ပြထားပါတယ်။ 

အာရှပစ္စိဖိတ်ဒေသမှာ အခု ၂ဝ၁၄ ခုနှစ်မှာ အတော် ရေပန်းစားနေတဲ့ နိုင်ငံကတော့ မြန်မာနိုင်ငံဖြစ်လို့ ဒါကို တခြားနိုင်ငံတွေက ကျော်လွှားဖို့ ခက်နေပါလိမ့်မယ်တဲ့။ 

မြန်မာနိုင်ငံဟာ အခုလို ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အရှိဆုံးဖြစ်ရတာကတော့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပါဘဲ။ 

ဆယ်စုနှစ်များစွာ ကြာအောင် မြန်မာနိုင်ငံဟာ ပြင်ပကမ္ဘာ့နိုင်ငံတွေနဲ့ မဝင်ဆန့်ပဲ အထီးကျန်ဖြစ်ခဲ့ရာက ၂ဝ၁ဝ ခုနှစ်မှာ စစ်အစိုးရတဖြစ်လဲ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်
ပြောင်းလဲမှုတွေနဲ့ ကမ္ဘာ့နိုင်ငံတွေ နဲ့ တခါးဖွင့် ဆက်ဆံလာတာကြောင့် နိုင်ငံတကာအလယ်မှာ ပျိုတိုင်း ကြိုက်တဲ့ နှင်းဆီလို ဖြစ်လာရာက အခုလို ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေ တာ ပါဘဲ။ 

လက်ရှိ ဒီလို အဆင့်အခြေအနေတွေနဲ့ ကမ္ဘာက စိတ်ဝင်စားမှုတွေ လျော့ကျမသွားအောင် ဘယ်လို ဆက် လက် ထိန်းသိမ်း ကြမလဲ ဆိုတာတော့ အစိုးရ အပါအဝင် လက်ရှိ မြန်မာ့ဇာတ်ခုံပေါ်က သူတွေရဲ့ တာဝန် သာဖြစ်တယ်လို့ ပြောရမှာပါဘဲ။ 


အိမ့်သံစဉ် ~

  


.


4 comments :

  1. Anonymous said... :

    ဒီသတင်းကိုသာ NLD ပါတီဝင်တွေနဲ.သူတိုခေါင်းဆောင် ဒေါ်စုကြည် ဖတ်လိုက်ရင် တော်တော် ၀မ်းနည်းပက်လက်ဖြစ်နေကြမှာသေချာတယ် ။ သူတို.က တောကြောင်တွေဆိုတော. တောမီးလောင်နေမှ သူတို.အတွက်အဆင်ပြေမှာလေ ။ ခင်ဗျားတို.ရဲ. နိင်ငံဖျက်ဆီးရေးစီမံကိန်းကြီး ကိုစွန်.လွတ်သင်.ပါပြီ။

  1. Anonymous said... :

    နိုင်ငံကို ဖျက်ဆီးနေတာ စစ်တပ်။ သဘာဝ တောတောင် ရေမြေကို ဖျက်ဆီးရောင်စားနေတာ စစ်တပ်နှင့် ခရိုနီ။ ဘယ်နေရာမှာ မဆို စစ်ဘောင်ဘီဝတ်တွေ နေရာယူထားခဲ့လို့  တိုင်ပြည် မှာ အဘက်ဘက်က ချွတ်ခြုံကျနေတာ။

  1. Anonymous said... :

    လွတ်တော်မှာ စစ်တပ်၊ ရွေးကောက်ပွဲကော်မရှင်မှာ စစ်တပ်၊ ဌာနဆိုင်ရာတွေကိုလက်ဝါးကြီးအုပ်ထားတာ စစ်တပ်၊ ပြောရရင် ဘဏ်ဓါပြတိုက်တာ စစ်တပ်။ နေ့ ခင်းကြောင်တောင် ရွာသူကို ဖျက်ဆီးတာ စစ်တပ်။ သတင်းစာ လောကကို ဖျက်ဆီးတာ စစ်တပ်။ မြန်မာ့လူ့ အခွင့်အရေး ကော်မရှင်ကို စစ်တပ်က ဦးဆောင်နေတယ်။

  1. Anonymous said... :

    တောကြောင်လည် စစ်တပ်၊ အိမ်ကြောင်လည် စစ်တပ် စစ်ဘောင်ဘီချွတ်။ သူရဲဘောကြောင်တာလည်း စစ်တပ်သာ ဖြစ်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved