ဧရာဝတီသတင်းဌာနကထုတ်တဲ့ဂျာနယ် ထွက်ပြီ

Thursday, January 2, 2014

~


 ဧရာဝတီသတင်းဌာနက မြန်မာဘာသာနဲ့ထုတ်ဝေတဲ့ဂျာနယ် ဒီကနေ့ စတင် ထွက်လာပါပြီ။ 
 - 
 
The Irrawaddy ဂျာနယ်ကို ဖတ်ရှုနေတဲ့ ရန်ကုန်က စာဖတ်သူတဦး (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)
 
ဒီမနက် ဆိုင်တွေမှာ တစောင် ၅ဝဝ နှုန်းနဲ့ ရောင်းချနေပါပြီ။ ရန်ကုန်မြို့လယ်က ဆိုင်တချို့မှာတော့ မနက် ၉ နာရီဝန်းကျင်မှာ ဧရာဝတီဂျာနယ် ရောင်းကုန်သွားတာ တွေ့ရပါတယ်။ မျှော်လင့်ထားတာထက် အရောင်းသွက်တဲ့အတွက် အဲဒီဆိုင်တွေက စောင်ရေတိုးပြီးမှာယူဖွယ်ရှိပါတယ်။

ရန်ကုန်ကဆိုင်တွေမှာတော့ တစောင် ကျပ် ၅ဝဝ နဲ့ ရောင်းနေကြတာပါ။

တခြား မြို့ကြီးတွေမှာလည်း ဒီမနက် ရောင်းနေ ဖြန့်နေပြီလို့ သိရပါတယ်။


ဂျာနယ်ကို ကြာသပတေးနေ့တိုင်း အပတ်စဉ်ထုတ်ဝေမှာပါ။


ဒီမနက် ဈေးကွက်ထဲရောက်သွားတဲ့ဧရာဝတီဂျာနယ်မှာ စာမျက်နှာ ၅၆ မျက်နှာ ပါဝင်ပါတယ်။

ဂျာနယ်အမည်ကို The Irrawaddy လို့ ပေးထားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဧရာဝတီဂျာနယ်ဆိုပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရပိုင်းက ထုတ်ဝေခဲ့ပါတယ်။ ဒါကြောင့် ဧရာဝတီဆိုတဲ့ မြန်မာစာလုံးကို ဂျာနယ်အမည်အဖြစ် မှတ်ပုံတင်လို့မရတော့ပါ။

ဈေးကွက်ထဲရှိနေတဲ့ ဂျာနယ်အများအပြားရဲ့အမည်ကလည်း အင်္ဂလိပ်ဘာသာနဲ့ဖြစ်နေတဲ့အတွက်  

The Irrawaddy က စာဖတ်သူများအတွက် အဆင်ပြေပါလိမ့်မယ်။

 ဧရာဝတီသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာ http://burma.irrawaddy.org မှာ ပါဝင်ပြီးတဲ့ သတင်းဆောင်းပါးတွေ 
The Irrawaddy ဂျာနယ်မှာ ဖတ်ရမှာဖြစ်သလို အွန်လိုင်းမတင်ရသေးတာတွေကိုလည်း ဖတ်ရပါလိမ့်မယ်။
 
မြန်မာပြည်မှာ အင်တာနက်သုံးစွဲမှုက အကန့်အသတ်ကြီးနေပါသေးတယ်။

The Irrawaddy ဂျာနယ်ထွက်လာတဲ့အတွက်
အွန်လိုင်းသုံးဖို့အဆင်မပြေ၊ အဆင်သင့်မဖြစ်သေးသူများ ဧရာဝတီရဲ့တင်ဆက်မှုတွေကို အလွယ်တကူ ဖတ်ရှုဖို့အခွင့်အရေးရလာပါပြီ။


ဧရာဝတီသတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ လစဉ် ထုတ်ဝေတဲ့ မဂ္ဂဇင်းလည်း မြန်မာပြည်က စာအုပ်ဆိုင်အများအပြားမှာ တင်ထားပါတယ်။     ။
 


The Irrawaddy ဂျာနယ်တင်ထားတဲ့ ရန်ကုန်က သတင်းစာဂျာနယ်အရောင်းဆိုင်တခုကို ဓာတ်ပုံဆရာဂျေပိုင်က အခုလို မှတ်တမ်းတင်ထားပါတယ်။

 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved