နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြလာတဲ့ နအဖ စစ်ခေါင်းဆောင်ဟောင်းများ

Friday, January 24, 2014



အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး အပါအ၀င် တချိန် က နအဖ ထိပ်တန်းခေါင်းဆောင်ဟောင်းတွေရဲ့ အမည်နာမပါဝင်တဲ့ သတင်း တပုဒ် 
နိုင်ငံပိုင် သတင်းစာတွေမှာ ထည့်သွင်းဖော်ပြလာပါတယ်။ 

 ဇန်နဝါရီလ ၂၂ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ

ရန်ကုန်မြို့ ကမ္ဘာဘေး ကုန်းမြေရှိ မဟာပါသဏ လိုဏ်ဂူတော်ကြီးမှာ ကျင်းပတဲ့ သတ္တမအကြိမ် နိုင်ငံတော် ဗဟို သံ ဃာ့ ၀န်ဆောင်အဖွဲ့ အထူးအစည်းအဝေး ဒုတိယနေ့ကို ဇန်န၀ါရီလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းဖော်ပြချက်မှာ ထိုနေ့က သံဃာတော်များရဲ့ ဆွမ်းအလှူရှင်စာရင်းမှာ ထည့်သွင်းဖော်ပြလာပါ။ 

ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး အပါအ၀င် အဆိုပါ နအဖ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ဇနီးသည်တွေကိုယ်တိုင် အဲဒီနေ့က သံဃာတော်များကို ဆွမ်းကပ် လှူပွဲမှာ တက်ရောက် တယ်၊ မတက်ရောက်ဘူးဆိုတာတော့ သတင်းစာက ဖော်ပြမထားပါဘူး။ 


လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းကတော့ ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ ကျန်းမာရေး မကောင်းဖြစ်
နေ တယ်ဆို တဲ့သတင်းတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် အသေးစိပ်အခြေအနေတွေကိုတော့ မသိရပါဘူး။ 

အခုလို နအဖ စစ်ခေါင်းဆောင်တွေရဲ့ အမည်နာမတွေကို အခုလို နိုင်ငံပိုင်သတင်းစာရဲ့ သတင်းဖော်ပြ ချက်မှာ ပါဝင် လာတာဟာ ဒါက ပထမဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~ 






1 comments :

  1. Unknown said... :

    အဲ့ဒါစစ်တပ်ကသွေးတိုးစမ်းလာတာပေါ့။တုန့်ပြန်မှုဘယ်လောက်ရှိမလဲပေါ်မူတည်ပြီး
    ၂၀၁၅ရွေးကောက်ပွဲနဲ့ အခြေခံဥပဒေပြင်ဖို့ကိုလျှော့ပေးရမလား ။တင်းထားရမလားစစ်တမ်း
    ကောက်တာပါဘဲ။ဒါကဦးသန်းရွှေရဲ့နည်းပညာထဲကတစ်ခုပေါ့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved