နိုင်/ကျဉ်း လွှတ်မယ့် သမ္မတ ဦးသိန်းစိန် ကတိတည်ခဲ့ရဲ့လား ( ရုပ်/သံ)

Friday, January 31, 2014


ဒီတပတ် ဒိတ်လိုင်း ဧရာဝတီ အပတ်စဉ် ဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန် မှာ 
နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိစေရဘူးလို့ ပြောခဲ့တဲ့ ကတိ တည်ပါရဲ့လားဆိုတာ အဓိက ဆွေးနွေး ထားပါတယ်။ 



သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ နှစ်ကုန်တဲ့အခါ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ တယောက်တလေမှ ရှိတော့မှာ မဟုတ်ဘူးလို့ လူသိရှင်ကြား ကတိပေးခဲ့ပေမယ့် အခုချိန်ထိ အကျဉ်း
ထောင်တွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဆက်ရှိနေသေးတယ်ဆိုတာ နိုင်ငံရေးအကျဉ်းသား ကူညီ 
စောင့်ရှောက်ရေးအသင်း AAPP က ပြောဆိုထားပါတယ်။ 

တခါ ပြန်လည် လွတ်မြောက်လာ တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်လို စိတ်ပိုင်း၊ ရုပ်ပိုင်း ပံ့ပိုး ကူညီမှုတွေ လုပ်မလဲဆိုတာကိုလည်း ဆွေးနွေး တင်ပြထားပါတယ်။ 

ဒီတပတ် ဒိတ်လိုင်း ဧရာဝတီ အစီအစဉ်မှာ ဧရာဝတီ ( အင်္ဂလိပ်ပိုင်း) အယ်ဒီတာ ကိုကျော်စွာမိုးနဲ့ အတူ ဦးဘိုကြည် ( AAPP)၊ နိုင်/ကျဉ်းဟောင်း ပြန်လည်ပြုစုပျိုးထောင်ရေးဆိုင်ရာ တာဝန်ယူလှုပ်ရှားနေတဲ့ ကိုကျော်စိုးဝင်းတို့က ပါဝင်ဆွေးနွေးထားပါတယ်။

  









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved