၂ဝ၁၄ ခုနှစ် မြန်မာပြည်အတွက် စံ-ဇာဏီဘိုဟောကိန်း

Thursday, January 2, 2014

~




၂၀၁၄ နှစ်သစ် အစပြုပါပြီ။
ဒီနှစ်မှာ မြန်မာပြည်ရဲ့ အခြေအနေ ဘယ်လိုရှိနိုင်ပါသလဲ။
ဒီအကြောင်း နက္ခဗေဒပညာရှင် စံ-ဇာဏီဘိုနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာဗျူးခဲ့ပါတယ်။
မေးမြန်းသူက  သတင်းထောက် သီဟတိုး ဖြစ်ပါတယ်။
 



မေး။    ။   ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ ဆရာ  ဟောခဲ့တာ
ရှိတယ်။ ဆရာ့ဟောချက်ကို ပြန်ပြင်ဖို့ အစီအစဉ်ရှိ၊ မရှိ သိချင်ပါတယ်။

ဖြေ။    ။  ပထမဆုံး အချက်ကတော့ ... ဂြိုဟ်တွေ၊ နက္ခတ်တွေကိုကြည့်ပြီးပြောခဲ့တာ ဖြစ်တယ်။
 ဂြိုဟ်တွေ၊ နက္ခတ်တွေ ပြောင်းလဲမှုအပေါ်မှာ အခြေတည်ပြီး အဖြစ်ပေါ်မှာ တင်ပြထားတာဖြစ်တယ်။
ဒီ ဂြိုဟ်တွေ၊ နက္ခတ်တွေက ပိုမိုပြီးတော့ ဒီဘက်နီးလာလေ ပိုသေချာလေဖြစ်တဲ့အတွက် ဒီဟောကိန်းက ပိုပြီးတနေ့ထက်တနေ့ သေချာတဲ့ အကြောင်းအရာ၊ ပိုပြီးတော့ ထင်ရှားတဲ့ အကြောင်းအရာတခု ဖြစ်လာလိမ့်မယ်။

မေး။    ။ ဒါဆို ဆရာ့ဟောကိန်းကို ထပ်ပြင်ဖို့ မရှိဘူးပေါ့။ဖြေ။    ။ ဟုတ်ကဲ့၊ လုံးဝ မပြင်ပါဘူး။

မေး ။   ။  ၂၀၁၄ မှာ မြန်မာပြည် နိုင်ငံရေးမှာ ဘယ်လို အခြေအနေတွေ၊ အပြောင်းအလဲတွေဖြစ်လာနိုင်ပါသလဲ။ဖြေ။    ။ နိုင်ငံရေးမှာ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲပေါ့။
နိုင်ငံရေး အုပ်ချုပ်သူတွေရဲ့ အနေအထားမှာ လွှတ်တော်မှာတော့ Executive Power ကတော့ နဂိုမူလ အနေအထားတိုင်းပဲ ရှိမှာမဟုတ်ဘူးလေ။
 Legislative Power အနေနဲ့ပဲရှိမယ်။ နိုင်ငံရေးမှာတော့ amendment တွေ အများကြီးဖြစ်လာမယ်။
အပြောင်းအလဲတွေ ရှိလာမယ်။ ဥပဒေသနဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲတွေဖြစ်မယ်။
နောက်ပြီးတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်တဲ့ Legislative ရော၊ Executive ရော Power နှစ်ခုစလုံးကိုကိုယ်စားပြုတဲ့ အဖွဲ့တခု၊ အခုလက်ရှိ ရှိတဲ့ အစိုးရနဲ့ နောက်လာမယ့် အစိုးရကြားမှာ တခုရှိနေတယ်။
အေနဲ့ဘီ နှစ်ခုကြားမှာ နောက်အကြောင်းအရာ တခုရှိနေတယ်။ အဲ့ဒီအကြောင်းအရာလေးတခုလည်း ဖော်ထုတ်တွေ့ရှိတာကို ကျနော်တင်ပြအပ်ပါတယ်။

အဲ့ဒီတော့ နိုင်ငံရေးအနေအထားရဲ့ အစိုးရရဲ့ အကြီးအကဲတယောက် သေဆုံးတာမျိုးတော့ မဟုတ်ပါဘူး။ ဒီဘက်နှစ်ထဲမှာ အနုပညာလောကက ဖြစ်စေ၊ စာပေလောကက ဖြစ်စေ နှမြောတသဖွယ် ဆုံးရှူံးနိုင်ဖွယ် ရှိတယ်။
နိုင်ငံရေး လောကထဲကတော့ နှမြောတသဖွယ် ဆုံးရှုံးနိုင်တဲ့သူ တဦးတယောက်မှ မရှိဘူး။ သူ့အသက်နဲ့သူ ကြွေလွှင့်ခြင်းတော့ ရှိကောင်းရှိမယ်။ နှမြောတသ ဆုံးရှူံးမှု မရှိဘူး။
ဒါပေမယ့် နိုင်ငံရေးအကြီးအကဲထဲက အုပ်ချုပ်သူရဲ့ Legislative နဲ့ Executive Power နှစ်ခုလုံးကို ကိုယ်တွယ်နိုင်မယ့် Group တခု၊ ဒါမှမဟုတ်  လက်ရှိအစိုးရ အဖွဲ့အစည်း တခုလုံးကလည်း ရပ်တန့်သွားမယ်။ အဖွဲ့အစည်းတခုဖြစ်လာမယ်။
အဲဒီတော့ ဒီအဖွဲ့အစည်းတခုမှာ အားလုံးပေါင်းစည်းထားတဲ့ အကြောင်းအရာလေးတခုကို ကျနော်တွေ့တယ်။

မေး။    ။ ဆရာပြောတဲ့ အထဲမှာလေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမယ်ဆိုတာ….ဖြေ။    ။ ဒေါ်စု သမ္မတဖြစ်မယ် ဆိုတာကို ထပ်ပြီး အတည်ပြုပါတယ်။ အသံနဲ့ သေချာမှတ်တမ်းတင်ပါ။ ဒေါ်စုလို့ ပြောတာ မဟုတ်ဘူး။ 
NLD ရဲ့ ဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရဲ့ ၂၀၁၅ခုနှစ်မှာ ရွေးကောက်တင်သွင်းတဲ့ အနိုင်ရရှိနေရာတခုကို ရပြီးတဲ့အခါမှာ အဲ့ဒီကနေတဆင့် ရွေးကောက်တဲ့ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ်ကို ရရှိမယ်။

ဒါကြောင့် ဒီဖွဲ့စည်းမှု အသစ်နဲ့ စတင်ခဲ့တဲ့၊ ဥပဒေနဲ့ စတင်ခဲ့တဲ့ အနေအထားမှာဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်မှာ ပထမဦးဆုံးသော အမျိုးသမီးသမ္မတအဖြစ်ကို ရရှိမယ့်သူ ဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ မတိုင်ခင်အတောအတွင်းမှာ မြန်မာပြည်ရဲ့ သမ္မတအဖြစ်ကို ကျမ်းကျိန်ပြီးတော့ သမ္မတရာထူး၊ ဒုတိယမဟုတ်ဘူး၊ သမ္မတရာထူး  ဆိုတဲ့ အဆင့်ကို ရရှိမယ်။
She can be the first woman president of Myanmar. I mean for Daw Aung San Suu Kyi.
ဒါကို ပြောခြင်းဖြစ်တယ်။ ပီသအောင် ထပ်ပြောပေးတာ။ ရှင်းတယ်နော်။
ဝါးတားတား လုံးဝ မပြောဘူး။  နဂိုကလည်း ကျနော်ပြောပြီး ဖြစ်တယ်။
ဒီအကြောင်းအရာကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်လို့ ပြောခဲ့တဲ့စကားသည် ဧရာဝတီမဂ္ဂဇင်းမှာ၊ ဗမာပြည်မှာ စပြီး ကျနော် ပြောတယ်။
ဒိအရင် ပြောခဲ့တဲ့လူလည်း မရှိဘူး။
ဒေါ်အောင်ဆန်းစုကြည်တောင် သူ့ကိုယ်သူ သမ္မတလုပ်မယ်လို့ မပြောခင်ကပဲ ကျနော်ပြောခဲ့ခြင်း ဖြစ်ပါတယ်။ 

http://www.irrawaddy.org/z_education/suu-kyi-president-in-2014-just-ask-the-stars.html
 -
http://burma.irrawaddy.org/%E1%81%80_interview/2012/12/31/29413.html

 ဒါကလည်း ကျနော် ဧရာဝတီမို့လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
ဒီ့အပြင် ဘယ်သူမှ မရှိပါဘူး။ ရှင်းပြီနော်။ ဒီမဂ္ဂဇင်းက စပြီး ဖော်ပြတာပါ။
အဲ့အတွက် ကျနော်လည်း ဧရာဝတီကို ထပ်ဆင့် တွေ့ရတဲ့အတွက် ၀မ်းသာတယ်။
ထပ်ပြီးတော့လည်း အတည်ပြုပါတယ်။ ဒေါ်စုသမ္မတဖြစ်ကိုဖြစ်ပါမယ်။

မေး။    ။၂၀၁၄ အတွင်းမှာပဋိပက္ခတွေ၊ လက်နက်ကိုင် ငြိမ်းချမ်းရေးကိစ္စတွေကော…
ဖြေ။    ။ ပြည်တွင်းအပစ်အခတ် ရပ်စဲရေး လုံးဝပြီးမယ်။  ဒါပေမယ့် Peace Talk ကတော့ ၂၀၂၀ အထိသွားရလိမ့်မယ်။ ဖယ်ဒရယ် အတွက်ကိုတော့ စပြီးတော့ ခြေချဖို့ လမ်းကြောင်းကို စနိုင်လိမ့်မယ်။
ဒါပေမယ့်    မြန်မာပြည်မှာ မြေကြီးလက်ခတ်မလွဲ ငြိမ်းချမ်းရေး ရကိုရမယ်။ နောက် နံပါတ်နှစ် မိုင်း၊ မြေမြှုပ်မိုင်းတွေ အကုန်လုံး ဖယ်ရှားနိုင်တာလည်း ဗမာပြည်မှာ ရှိမယ်။
မိုင်းမဲ့ဇုန်တခုအဖြစ် ဗမာပြည်မှာ ရရှိနိုင်မယ့် အခွင့်အရေးပေါ်ပေါက်မယ့် ၂၀၁၄ ဖြစ်တယ်။ ရှင်းပြီနော်။

မေး ။   ။ ဒီ ၂၀၁၄ အတွင်းမှာဗမာပြည်မှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွေ….
ဖြေ။    ။ လုံးဝ ဗမာပြည်မှာ မဟုတ်ဘူး။ တကမ္ဘာလုံးမှာ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြှုပ်နှံမှု ခက်ခဲမယ်။ တကမ္ဘာလုံးလည်း ခက်မယ်။

မေး။    ။ မြန်မာနိုင်ငံသားတွေရဲ့ ကျန်းမာရေး….
ဖြေ။    ။ ကျန်းမာရေးအနေအထား ဂရုစိုက်ရမယ်။ ရောဂါများနိုင်တဲ့ နှစ်တခုကိုရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်တာ ပညာရေးနဲ့ ပတ်သက်တာ ဒီနှစ်ခုကတော့ အင်မတန်စိုးရိမ်စရာ အကြောင်းထဲမှာရှိနေတယ်။

တိုင်းပြည်ရဲ့ ပညာရေး ဖွံ့ဖြိုးမှုဆိုင်ရာ ဖြစ်ရပ်တွေ၊ ကျန်းမာရေးဆိုင်ရာနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်လျာထားမှု၊ ရရှိမှုနဲ့ ဆောင်ရွက်နိုင်စွမ်း အခွင့်အလမ်းတို့ဟာ နိုင်ငံတခုခြားစီနဲ့ ဗမာပြည်ရဲ့ ရှိသင့်တဲ့ အခွင့်အရေးအောက်ကို လျော့နည်းနေတာကိုတော့ ဗေဒင်မှာ တွေ့ရတယ်။

မေး။    ။ ပညာရေးမှာကော တိုးတက်ပြောင်းလဲမှုတွေ ကြုံလာနိုင်ပါသလားဆရာဖြေ။    ။ လျော့နည်းတယ်လို့ ခုနကပြောခဲ့ခြင်းဖြစ်တယ်။
တိုးတက်တာသူ့ဘာသာကြိုးစားပြီးတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ တိုးတက်မယ်။
နိုင်ငံတော်ရဲ့အားပေးမှု၊ နိုင်ငံတော်ရဲ့ အနေအထားကတော့ လျော့နည်းနေတာကို တွေ့ရတယ်။

မေး။    ။ စီးပွားရေးမှာကောဆရာ။
ဖြေ။    ။ စီးပွားရေးမှာ လုံးဝသုံးစွဲမှုစွမ်းအား မြင့်မားလာမယ်လို့ ပြောထားတာလည်း ပါထားတယ်။ Financial ပေါ်မှာ ယုံကြည်မှု အားကောင်းလာတာကို တွေ့ရတယ်။ သုံးစွဲနိုင်စွမ်းအား မြင့်လာမယ်။
အထက်တန်းလွှာတွေရဲ့ မြင့်မားမှုကတော့ တဖြည်းဖြည်းတန့်လာပြီးတော့ အလယ်အလတ်လူတန်းစားတို့ကလည်း အနည်းငယ် အားလျော့သွားမယ်။
အောက်ခြေ လူတန်းစားအတွက်က ခက်ခဲလင့်ကစား ခါတိုင်းထက်ပိုပြီးတော့ လုပ်ငန်းခွင်အနေအထားနဲ့ လှုပ်ရှားနိုင်ခြင်း အနေအထားတွေ ရှိလာမယ်။
တပြည်လုံး အတိုင်းအတာနဲ့ အားလုံးသော အပေါ်စီးငွေကြေးသုံးစွဲမှု အနေအထား လျော့သွားလင့်ကစား အခြေခံလူတန်းစားတို့ရဲ့ နေ့စဉ်သုံးစွဲမှုလမ်းကြောင်းစရိတ်ကတော့ ပိုပြီးမြင့်လာမယ်။

မေး။    ။ ဒီ ၂၀၁၄ က တခြားနှစ်တွေထက် ဘာတွေ ထူးထူးခြားခြား ဖြစ်လာနိုင်သလဲဆရာ။ဖြေ။    ။ အများကြီးသော ထူးခြားချက်တွေ ရှိတယ်။ အဲ့ဒီထူးခြားချက်တွေက ဗမာပြည်ရဲ့ လှပတဲ့ အနာဂတ်တခုကို စတင်ဖြစ်ဖို့အတွက် အခြေခံပျိုးခင်းနှစ်လို့ သတ်မှတ်တယ်။

မေး။    ။ အပြောင်းအလဲတွေကော တခြားနှစ်ထက်များနိုင်လား၊ နည်းနိုင်လား။ဖြေ။    ။ မြောက်များစွာသော အပြောင်းအလဲတွေ ကောင်းစွာ ဖြစ်ပေါ်လာမယ့်နှစ်တခုပါ။  ကောင်းသော အပြောင်းအလဲပေါ့။

မေး။    ။ ၂၀၁၄ အတွင်းမှာ သောကြာနေ့တွေနဲ့ ပတ်သက်ပြီး ထူးခြားတာမျိုး ရှိလား။
ဖြေ။    ။ သောကြာဂြိုဟ်က အခုကိုလာမယ့် ၇ ရက်နေ့ကနေစလို့ နောက်ပြန်သွားမှာ။
  သောကြာဂြိုဟ်ဟာ နေနဲ့လည်း အနီးဆုံးနေရာကို ရောက်သွားပြီ။
အဲ့ဒီတော့ သောကြာဟာ ဟိုဘက်နှစ်ကိုတောင် မဟုတ်ဘူး။ ဒီဘက်။ ..  မေးတာက ဗိုလ်ချုပ်သန်းရွှေရဲ့ ကျန်းမာရေးအနေအထားကို မေးချင်တာလား။
ဒဲ့မေးလေ။ ဒဲ့ပြန်မေးပါ။ ဗိုလ်ချုပ်သန်းရွှေရဲ့ ကျန်းမာရေးအနေအထား ဘယ်လိုရှိလဲ။ သူအသက်ကြီးနေပြီ။
ဂြိုဟ်အနေနဲ့ သောကြာနေ့အနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီနှစ် ၁၃၇၄ ခုနှစ်က ဗမာပြည်မှာ အင်္ဂါက အင်္ဂ၊ ဗုဒ္ဓဟူးက ဗုဒိ၊ သောကြာက မရဏမှာရှိတယ်လေ။
အဲ့ဒီတော့ သူ့ကျန်းမာရေးအတွက်က စိုးရိမ်စရာ ရှိတာပေါ့။

အင်္ဂါမျိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုမေးရင် အင်္ဂဖြစ်တဲ့အတွက် ကျန်းမာရေး ချို့တဲ့မယ်၊ ဒီသဘောပေါ့၊  ခွဲတာစိတ်တာတော့ ရှိမယ်၊
ဒီလောက်တော့ ရှိမယ်လေ၊ ဒီလောက်နဲ့ တင်ပြီးသွားမယ်။
သူ့ခြေထောက်အရိုးကို ခွဲစိတ်တဲ့အနေအထားနဲ့ ပြီးသွားပြီ။
ကုသတဲ့လူကိုလည်း ကြည့်တဲ့အခါ အင်္ဂါနာမ်နဲ့စတဲ့ ဒေါက်တာဇော်ဝေစိုး ကုသတယ်။
ဒီ့အတွက်ကြောင့် အင်္ဂါ အင်္ဂအနေနဲ့ ဒီကိစ္စကျိန်းကြေသွားပြီ။ ဒေါ်စုအတွက်တော့ ကျိန်းကြေသွားပြီ။

နောက်  ... သူရဦးရွှေမန်း၊ နာမည်ကသာ ဦးရွှေမန်းပါ၊ ဒါပေမယ့် ကျနော်တို့ နားလည်သလောက် ဗေဒင်အရ သူအင်္ဂါသား ဖြစ်လိမ့်မယ်။ သူ့ကျန်းမာရေး ချူချာမယ်။
ဒါပေမယ့် အန္တရာယ်တော့ မရှိပါဘူး။

နောက်... ဗိုလ်ချုပ်သန်းရွှေကို လူတွေက သောကြာသားလို့ ထင်မှတ်ခဲ့တယ်။ ဟုတ်ခဲ့ရင်တော့ သူ့ကျန်းမာရေး ဂရုစိုက်ရမယ်။
သူ့ရဲ့ မွေးသက္ကရာဇ် အတိအကျကိုတော့ မသိဘူး။   သောကြာသား ဟုတ်ချင်ဟုတ်မယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။

နောက် ဦးသိန်းစိန်ကတော့ သူ့ရဲ့မွေးနေ့ကတော့ နှစ်ခုရှိတဲ့သူ ဖြစ်လိမ့်မယ်။ ကျနော် ချိန်ကြည့်ပြီးပြီ။
နိုင်ငံတော် သူပြောထားတဲ့မွေးနေ့က သူ့ရဲ့ဖြစ်ရက် မွေးနေ့နဲ့ မတူတဲ့အတွက် ဦးသိန်းစိန်ရဲ့မွေးနေ့သည် အစစ်အမှန် မဟုတ်နိုင်ဘူး။

အခုလူတွေ မွေးနေ့ကျင်းပတယ်ဆိုတဲ့ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့အရုပ်တောင် ဆွဲတယ် ဆိုတဲ့ Graffiti ပုံစံ ဆွဲတယ်ဆိုတဲ့ မွေးနေ့တခု ဧပြီလထဲမှာရှိတယ်။
မဖြစ်နိုင်ဘူးထင်တယ်၊    အဲ့ဒီရက်မှာသူမွေးရင် သူ့ရဲ့ အနေအထားက သမ္မတအနေအထား လုံးဝ မဟုတ်ဘူး။
သူ့ရဲ့မွေးနေ့ဟာလည်း စစ်မှန်တဲ့မွေးနေ့ မဟုတ်နိုင်ဘူး။ ဒါကြောင့်မို့ သူဟာလည်း သောကြာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အဲ့ဒါတော့ သေချာ ကျနော် တိတိကျကျ တင်ပြအပ်ပါတယ်။
ဘာလို့လဲဆိုတော့ ကျနော်တို့ ဗေဒင်အရ တွက်ကြည့်ရင်သူ့ရဲ့ဇာတာဟာ သူပြောထားတဲ့ မွေးနေ့ မဟုတ်ဘူး။
ဒါကြောင့် သူသည် မွေးနေ့ အစစ်အမှန်တခု ရှိတယ်။ Official မှာ မွေးနေ့နောက်တခု ပေးထားတဲ့ လူတယောက် ဖြစ်ကိုဖြစ်ရမယ်။

မေး။    ။ မြန်မာနိုင်ငံမှာ နှစ်လေးဆယ်ကြာမှ ကျင်းပခွင့်ရတဲ့ ဆီးဂိမ်းကို ၁၁-၁၂-၂၀၁၃ မှာကျင်းပတယ်။
ဖြေ။    ။၁၁-၁၂-၁၃ နဲ့ သူကသွားတာ။ ဖွင့်တဲ့ရက်က ဒီထက်မက စောပြီးပေးထားတာ။
ဒါကတော့ နိုင်ငံတကာမှာ အမှတ်တရ ဖြစ်တတ်တဲ့ ရက်ကလေးတွေပေါ့။
ဒီလိုရက်တွေ ခေါ်တဲ့အခါမှာ နိုင်ငံအတွက် ခေါ်လို့ကောင်းအောင် ရက်ကလေးတွေကို
အစဉ်လိုက် ခေါ်ကောင်းအောင်၊ အဆင်လည်းပြေသွားအောင်၊ ပြန်ပြီးတော့ စဉ်းစားကြည့်လေ ခင်ဗျား ...
11-12-13 ဆိုတဲ့ဂဏန်းက အင်မတန်လှတယ်။
ဒီအတွက်ကြောင့် ၉ ရက်နေ့လောက်ကတည်းက ကြိုပြီးကျင်းပနေတဲ့ ကစားပွဲတွေကို ခဏထားပြီးတော့ ခဏရပ်ပြီးတော့ အဲ့ဒီပွဲကိုဆက်ပြီးတော့ ကျင်းပတယ်။
11-12-13 ဆိုတာ ဗမာတွေပေးတဲ့ ရက်တော့ မဟုတ်ဘူး။ အိုလံပစ်ကော်မတီကနေ သတ်မှတ်ပြီးတော့ ဒီနေ့ဒီရက်ကို … မဟုတ်ဘူး။
ဒီပွဲကိုဗမာတွေက သတ်မှတ်ပြီး ဗမာ့စိတ်ကြိုက်ကျင်းပပြီး ရက်သတ်မှတ်တယ်လို့ ခင်ဗျားထင်လား။
 အဲ့တာသတ်မှတ်တဲ့နေ့လေ။ The day That day သူတို့ သတ်မှတ်တဲ့နေ့လေ။
နေ့ကောင်းရက်သာအနေနဲ့ ဗေဒင်နဲ့လုံးဝမသတ်မှတ်ဘူးလေ။
ဒါပေမယ့် ဒီရက်ကို ပေးတာ ဆိုးတဲ့နံပါတ်ကို ပေးတာမဟုတ်ဘူး။
ဒီနံပါတ်ကို ဆိုးတယ်လို့ ကျနော်ပြောတာမဟုတ်ဘူး။
ဒါပေမယ့် according to numerology concept မှာ number 11 သည် strength ခြင်္သေ့ကို ပါးစပ်ပိတ်ခံရတယ်။
နှုတ်ပိတ်ခံရတဲ့ ခြင်္သေ့ပုံပြတယ်။ number 12 က လူဇောက်ထိုးချိတ်ခံရတဲ့ နိမိတ်ကိုပြတယ်။ number 13 က dead သေဆုံးခြင်းနံပါတ်ကိုပြတယ်။
ဒါပေမယ့် တားရော့မှာကနံပါတ် 11-12-13 သုံးခုစလုံးနံပါတ်အဆိုး။ ဒါပေမယ့် ဒါဟာ 11 ဆိုတာကလည်းကမ္ဘာမှာ11 number ကိုmaster number လို့လည်းခေါ်ပါတယ်။
ဒါကြောင့် ဒီ 11 ဟာလည်းတဖက်ကကြည့်ရင် ကောင်းတဲ့ နံပါတ်အနေနဲ့ပြန်ယူလို့ရတယ်။ December ဆိုတာ 12 ဆိုတာအခုမှအသိအမှတ်ပြုတာကိုး။
ဒီဇင်ဘာဆိုတာ ရှေးတုန်းကသိတဲ့အတိုင်းကိုယ်စားပြုတာဆိုရင် နံပါတ် 10 ကိုကိုယ်စားပြုတယ်။ Decem ကနေလာတာ။ ရှင်းပြီနော်။
 နောက်ပြီးလူတွေပြောသလိုသူတို့ 13 မဟုတ်ဘူး။ 2013. အတိုကောက်သာ 11-12-13 ဆိုပြီးယူလိုက်တာကိုး။
ကွန်ပျူတာစနစ်နဲ့ကြည့်လိုက်ရင် Digital ပုံစံလေး 11-12-13 ဆိုပြီးထွက်တာလေ။ ဒါပေမယ့် တကယ့်တကယ်ကျတော့ မဟုတ်ဘူး။
11 ဆိုတာ master number တားရော့နံပါတ်နဲ့ လာမပြောနဲ့လေ။ 12 is the number of the magic, number of the dozen လို့ခေါ်တယ်။
အပြည့် complete. Master complete and 2013_ altogether added number is six. Six is the number of black magic _Magical Power.
ဒါ့ကြောင့် အဲ့ရက်မှာ သူတို့သုံးတာက အလှသုံးပေမယ့် ဗမာလူမျိုးတွေအတွက် ဗမာပြည်မှာ ဒါဟာဆိုးလည်းဆိုးသလို ကောင်းလည်းကောင်းတဲ့ အနေအထားရှိတယ်။

မေး။    ။ဟုတ်ကဲ့ဆရာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။



.

1 comments :

  1. Unknown said... :

    I like to ask Sayar, will the Burmese army go back to military barrack, and forget about meddling in the politics? Will the President become accountable to Parliament and people and become a commander in Chief of armed forces, effectively putting the army under the jurisdiction of politician?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved