ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် ပထမနေ့

Monday, January 6, 2014

~



ချင်းပြည်နယ် ခရီးစဉ်ထွက်နေတဲ့ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက်လာရာမှာ ရာထောင်ချီတဲ့ဒေသခံတွေက ကြိုဆိုနေပါတယ်။
 


ဒီကနေ့ ကလေးမြို့မှာ ဒေသခံတွေကို မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဇာနည်မာန် / ဧရာဝတီ)

မြန်မာပြည်ရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသလို့ဆိုနိုင်တဲ့ ချင်းပြည်နယ်ကို ယခင်ကလည်း ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့ပါတယ်။
ဒီတကြိမ်ကတော့ ဆယ်နှစ်အတွင်း သူ့ရဲ့ ချင်းပြည်နယ် ပထမဆုံးခရီးစဉ်ပါပဲ။
ခရီးစဉ် ရည်ရွယ်ချက်က ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုသဘောထား ရယူရေးဖြစ်ပါတယ်။

ကလေးမြို့ တည်းခိုတဲ့နေရာ အပေါ်ထပ် ၀ရံတာကနေ ဒေသခံတွေကို စကားပြောခဲ့ပါတယ်။
ပြည်သူတွေကို ဘာလုပ် ဘာလုပ်ဆိုပြီး ဖိအားမပေးချင်ဘူး၊ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဘာကြောင့် လိုအပ်တယ် ဆိုတာကို ပြည်သူတွေ နားလည်ဖို့ အင်မတန် အရေးကြီးပါတယ်၊
ကျမ ဒီကို ရောက်လာခြင်းကလည်း ဒီကိစ္စအတွက်ပါပဲ လို့ သူက ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအစဉ်က... စာသင်ကျောင်းတခုမှာ ဘာသာရေးဆိုင်ရာ အခမ်းအနားတခု တက်ဖို့၊ ဒေသခံ NLD တွေနဲ့ တွေ့ဆုံဖို့ပါပဲ။
ပြီးရင် ချင်းတောင်ကို တက်ပါမယ်။

ခရီးစဉ်အတွင်း တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့တွေမှာ ဒေသခံတို့နဲ့ တွေ့ပါလိမ့်မယ်။

ဒါကတော့ ဧရာဝတီ ပင်မ စာမျက်နှာ http://www.irrawaddy.org/burma/thousands-welcome-suu-kyis-chin-state-visit.html မှာ အခုလေးတင် ဖော်ပြလိုက်တဲ့ သတင်းပါ။
Thousands Welcome Suu Kyi’s Chin State Visit ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်။

နောက်ခံအချက်အလက်တချို့အကြောင်း နည်းနည်း ပြောရရင်... ၂၀၁၃ ချင်းပြည်နယ်ကအပြန် ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ အတိုက်ခိုက်ခံရပါတယ်။
အဲဒီတိုက်ခိုက်မှုက ဒီပဲယင်းလုပ်ကြံမှုလို့ ထင်ရှားပါတယ်။
အာဏာပိုင်တို့ကတော့ အဲဒီတိုက်ခိုက်မှုဟာ သူ့ကို မလိုလားတဲ့ဒေသခံတွေနဲ့ဖြစ်တဲ့ ပဋိပက္ခပါလို့ ဆိုခဲ့ပါတယ်။

http://www.irrawaddy.org/burma/thousands-welcome-suu-kyis-chin-state-visit.html


ဇန်န၀ါရီ ၇ ပြင်ဆင်ချက် -
အောက်ဆုံးပိုဒ်က ၂၀၁၃ ချင်းပြည်နယ်ကအပြန် ဆိုတာကို ၂ဝဝ၃ လို့ ပြင်ဆင်ဖတ်ရှုပေးပါရန်။



.

7 comments :

  1. Anonymous said... :

    မကြည်ညိုလိုက်တာ။ အရေးကြီးချိန် ကချင်မသွား ရခိုင်မသွားပဲ ဖွဲ့စည်းပုံပြင်ချင်ချိန် မဲဆွယ်ချိန်ပဲ သွားမှာလား။ ကျွန်တော်တို့ ရခိုင်တွေ သဘောထား လာမေးပါလား။

  1. Anonymous said... :

    It is not 2013 and it should be 2003.

  1. Anonymous said... :

    ရခိုင်သဘောထားမေးရင် အဖြေက အမေစုမှ အမေစု။ ငါတို့ တိုင်းရင်းသားအားလုံး အမေစုကိုသာ ချစ်တယ်။ ရိုးရှင်းတယ်။ ပြတ်သားတယ်။ တိကျတယ်။ အမေစု မေးရိုးက ကရင်တိုင်းရင်းသားတွေရဲ့ မေးရိုး။ အမေစုရဲ့ စိတ်ဓါတ်က တစ်တိုင်းပြည်လုံး အပေါ် မခွဲမခြား ရှိတာမို့  တိုင်းရင်းသားညီအကိုတွေ အားလုံး ချစ်တဲ့ အမေစုပါ။ အမေစု နှင့် တိုင်းရင်းသား တစ်သားတည်းရှိတယ်။ အမေစုနဲ့ တို့ ပြည်သူ တစ်သွေးတည်း ရှိတယ်။ စစ်တပ်ကသာ မနာလို သွေးခွဲထားချင်တာ အထင်အရှား ရှိပါတယ်။

  1. Anonymous said... :

    တိုင်းရင်းသားတွေနဲ့ အောင်ဆန်းစုကြည့် ရင်းနှီးမှာကို စစ်သားတွေ အရမ်းကြောက်နေပါတယ်။ ဒီကနေ့  တိုက်ပွဲတွေ ဖြစ်နေတာ စစ်တပ်ကသာ စစ်ပြင်နေတာပါ။ ဗိုလ်ချူပ်အောင်ဆန်း သမီးကို တိုင်းရင်းသားတွေ အစဉ်ထာဝ ချစ်နေမြဲပါ။ စစ်တပ်က အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားတွေကို သွေးဘယ်လိုခွဲခွဲ ခွဲလို မရပါ။

  1. Anonymous said... :

    တစ်ယူသန်ပဲဆိုဆို ငါတို့ရခိုင်ပဲ ငါတို့ေ၇ွးမယ်။ ငါတို့ကို အမေစု ဘာမှမလုပ်ပေးဘူး. မတရားခံနေရတာကို ကြားနေတာဟာ မတရားလုပ်တဲ့သူဘက်က ပါတာနဲ့တူတူပဲ။ ရခိုင်အစစ်ရဲ့ ရခိုင်စကားပဲ၊

  1. Anonymous said... :

    တစည လူကြီးက သာကျော်။ ရခိုင် အတွက် ဘာမှ ကောင်းအောင် မလုပ်ပေးနိုင်ခဲ့ဘူး။ ရခိုင်ပြည်ကို ဘင်္ဂလီ ကုလားတွေ ဝင်လာအောင် နိုင်ငံသားလက်မှတ်ထုတ်ရောင်းတာ ကြံ့ဖွတ်။ ရခိုင်က ပညာတက်တွေ အားလုံးက လူထုခေါင်းဆောင် တိုင်းရင်းသား ခေါင်းဆောင် အောင်ဆန်းသမီးကိုသာ အားကိုးတယ်။ ယုံကြည်တယ်။ ရခိုင်သွေး မှန်ရင် အမေစုကိုသာ လက်ခံတယ်။

  1. Anonymous said... :

    အန်တီစုက ဘာလုပ်ပေးလို.ရမှာလဲ။ သူကအစိုးရမှမဟုတ်သေးတာ။ သူကအတိုက်အခံပါတီခေါင်းဆောင်ပဲ။ သူသမတဖြစ်တဲ့အခါစောင့်ကြည့်ပေါ.။ ဘယ်သူ.ဘက်ကရှိမလဲဆိုတာ။ ခုချိန်ခါမှာ သူဘာမှမပြောပေမဲ့ ပြသနာကဘာဆိုတာသူသိပြီးသားပါ။ ဒါကြောင့်အန်တီစုကို ဘာမှမပြောကြပါနဲ.။ ရခိုင်အားလုံး အန်တီစုကိုမကျေနပ်တာမဟုတ်ပါဘူး။ အန်တီစုကိုနားလည်ပေးကြပါ။ အပြောမစောကြပါနဲ.။ အန်တီစုလောက်တော်တဲ့ ၊ သမတဖြစ်သင့်တဲ့သူ တခြားမရှိပါဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved