မနှစ်က ချစ်သူများနေ့မှာ တွေ့ခဲ့ကြတာ

Friday, February 14, 2014

~

 

  • ဆက်ကိုကိုဝေယံသောင်းထိုက်၊
  •  ၁၉ နှစ်၊
  •  ဘူမိဗေဒ  ပထမနှစ်၊
  •  ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့



(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)   -
လူငယ်ဘဝမှာတော့ ဒီလိုပဲ ပေါ့ပေါ့ပါးပါး လျှောက်သွားတယ်။ ကိုယ့်ရည်မှန်းချက်အတိုင်း ခံစားချက်တွေကို သီချင်းရေးတယ်။
သူငယ်ချင်းတွေ ရင်ဖွင့်လာတဲ့ ခံစားချက်တွေကိုလည်း သီချင်းရေးပေးတယ်။ အားတဲ့ အချိန်တွေဆို သီချင်းရေးတယ်၊ ချစ်သူနဲ့ဖုန်းပြောတယ်၊ ဂိမ်းဆော့တယ်။
တခါတလေ ရန်ဖြစ်တယ်။ ပြန်ချော့တယ်ပေါ့။

ကျနော့် အနာဂတ် အိပ်မက်စိတ်ကူးကတော့ အဆိုတော်ပေါ့။ အခုသီချင်းရေးတာ၊ ဆိုတာတွေ လုပ်နေပါတယ်။
 Mix Tape အနေနဲ့ ဒီနှစ်မကုန်ခင်လောက် ထွက်နိုင် အောင်လုပ်မယ်။ ကျနော်သီချင်း ဆိုတဲ့နာမည်က  Ice-I ပါ။
အဖွဲ့အနေနဲ့ကတော့ GST ပါ။

Facebook သုံးတဲ့အခါ အဆိုတော် တော်တော်များများနဲ့ စကားပြောဖြစ်တယ်။ သီချင်းကိစ္စတွေ ဆွေးနွေး ဖြစ်တယ်။
ပုံတွေလည်း တင်ဖြစ်ပါတယ်။ ဒီလောက်ပါပဲ အထွေအထူးတော့ မရှိပါဘူး။

 Valentione’s Day မှာဆိုရင် ချစ်သူစုံတွဲတွေ တည်းခိုခန်းသွားကြတာတွေ ရှိတဲ့အပေါ် ချစ်သူရှိတဲ့ ယောကျာ်းလေးတယောက် အနေနဲ့ ဘယ်လိုမြင်လဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းဘူးပေါ့၊ ဒါမဖြစ်သင့်ပါဘူး။

Valentine’s Day က ပျော်ပွဲရွှင်ပွဲ နေ့ရက်တရက်လိုပဲ သတ်မှတ်ပြီး ဒီလိုနေ့မျိုးမှာ ပျော်ပျော်ရွှင်ရွှင်ပဲနေပြီး ဖြတ်သန်းသင့်ပါတယ်။
ဒီနှစ်က ကျနော့်အတွက် ပထမဆုံး Valentine’s Day ဖြစ်လို့ အရမ်းရင်ခုန်ပြီးတော့ ပျော်နေပါတယ်။
ချစ်သူကို  Surprise လက်ဆောင်ပေးဖို့ အစီအစဉ်က အခုကြိုပြီးတော့ ပြောလိုတော့မရသေးဘူး။
ရှိချင်လည်း ရှိမယ်၊ မရှိချင်လည်း မရှိဘူးပေါ့။  ညဘက် Hip Hop ရှိုးကို ဆင်တူဝတ်စုံဝတ်ပြီး အတူတူ သွားကြည့် ဖြစ်မှာပါ။
ခါတိုင်းနှစ်ကတော့ ဒီလိုပဲ သူငယ်ချင်းတွေနဲ့ ဟေးလားဝါးလားလုပ်ပြီး Valentine’s ကို ဖြတ်သန်း ခဲ့တာပဲ။ ဒီနှစ် ချစ်သူနဲ့ ဖြတ်သန်းတာတော့ ပထမဆုံး Valentine’s ပါပဲ။

 

 -
  • သီရိစန္ဒာထွန်း
  • ၁၉ နှစ်
  • အင်္ဂလိပ်စာအဝေးသင် ဒုတိယနှစ်၊
  • မန္တလေးရတနာပုံတက္ကသိုလ်

ညီမရဲ့ အနာဂတ် အိပ်မက်စိတ်ကူးကတော့ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီး ဖြစ်ချင်တယ်။ ဂီတအမျိုးအစားထဲမှာ ကြိုက်တာကတော့ Hip Hop ပေါ့။
သီချင်းတွေကတော့ Hip Hop သီချင်း အကုန်လုံးနီးပါး နားထောင်ဖြစ်ပါတယ်။

ဖက်ရှင်ကတော့ ဦးထုပ်ခေါင်းစွပ်လေးနဲ့ ဂျင်းဘောင်းဘီ တိုတိုလေးတွေကို Boots အမိုက်စားလေးတွေ တွဲဝတ်ရတာ ကြိုက်ပါတယ်။

ဆံပင်ကာလာဆိုရင်လည်း ရောင်စုံလေးတွေ ဟိုက်လိုက်ဖောက်ထားရတာ ကြိုက်တယ်။

တက်တူးထိုးတာကိုလည်း သဘောကျတယ်။
ချစ်သူနဲ့အတူ လက်မှာငှက်ရုပ်လေးဆင်တူ အမှတ်တရ ထိုးထားတယ်။

အင်တာနက်သုံးရင် အဓိကကတော့ Facebook သုံးဖြစ်တယ်။ Facebook သုံးရင် ဖက်ရှင်ပေ့ခ်ျလေးတွေ ကြည့်ဖြစ်တယ်။
 ပြီးတော့ သူငယ်ချင်းတွေနဲ့ အွန်လိုင်းမှာစကားပြောတယ်။ ကိုယ့်ပုံလေးတွေ တင်တယ်။ သူတို့တင်တဲ့ Post လေးတွေလည်း ကြည့်ဖြစ်ပါတယ်။
Facebook  က မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လည်း မပြတ်ဘူးလေ။

Valentine’s Day အစီအစဉ်တော့ နေ့ခင်းဘက်က လျှောက်လည်မယ်။ ညဘက်ကို ရှိုးပွဲကြည့်မယ်။ ရှိုးပွဲတွေ အမြဲကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်တာလည်း Hip Hop ပွဲတွေပါပဲ။

ဒီနှစ် Valentine’s Day က မှတ်မှတ်ရရ ညီမတို့ချစ်သူသက်တမ်း တနှစ်တိတိပြည့်တဲ့နေ့ပါ။
မနှစ်က ချစ်သူများနေ့မှာ ညီမတို့နှစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ရှိုးပွဲမှာစတွေ့ခဲ့ကြတာ။

Valentine’s Day မှာဆိုရင် ချစ်သူစုံတွဲတွေ တည်းခိုခန်းသွားကြတာတို့၊ အဲဒီနေ့မှာ ကိုယ့်ချစ်သူ ကောင်လေးကို ကိုယ့်အပျိုစင်ဘဝကို လက်ဆောင် ပေးလိုက်တာတို့ အဲဒါမျိုးတွေက အခုခေတ်ကတော့ ပြောလို့မရဘူး ပေါ့နော်။
ရည်းစားဖြစ်ပြီး အဲဒီလိုမျိုး ရှိချင်တဲ့သူလည်း ရှိမှာပေါ့။ ဒါပေမယ့် ဒီလိုနေ့မျိုးမှာ အများဆုံးဖြစ်နေတာ မကောင်းဘူးလို့ ထင်ပါတယ်။
သစ္စာရှိရှိနဲ့ အတည်တကျ လက်ထပ်ယူမယ့်သူဆိုရင် သိပ်ကိစ္စမရှိဘူး။ မိန်းကလေးတယောက်အနေနဲ့တော့ လွယ်လွယ်ကူကူ မပေးသင့်ဘူး။
 အဓိကကတော့ ကိုယ့်ကိုယ်ပိုင် အသိဥာဏ်လေးနဲ့ စဉ်းစားဆုံး ဖြတ်ပြီးတော့ ရှောင်ကြဉ်သင့်ပါတယ်။

 သီဟတိုး



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved