စင်္ကာပူအခြေစိုက်ကုမ္ပဏီ နဲ့ မြန်မာပြည်လျှပ်စစ်မီး

Wednesday, February 19, 2014

~


မြန်မာပြည် လျှပ်စစ်မီး ပိုမို ရရှိရေး အစီအစဉ်တခု ရှိနေပါတယ်။ အဲဒီအစီအစဉ်မှာ စင်္ကာပူအခြေစိုက်ကုမ္ပဏီတခုဖြစ်တဲ့ Navigat ပါဝင်နေကြောင်း သတင်းတပုဒ်မှာ ရေးထားပါတယ်။
 -


ရန်ကုန်မှာ ၂ဝ၁၂ မေလက တွေ့ရတဲ့ လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြမှု (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မူရင်းသတင်း Singapore’s Navigat Creates Blueprint for Future Burma Power Deals  ကိုတော့ ဧရာဝတီပင်မစာမျက်နှာ
http://www.irrawaddy.org/business/singapores-navigat-creates-blueprint-future-burma-power-deals.html မှာ တွေ့ရပါမယ်၊ ဒါဟာ အစိုးရနဲ့ ကာလကြာရှည် အကျိုးတူ လက်တွဲပြီး ရင်းနှီးမြှုပ်နှံမယ့် ပထမဆုံးသော နိုင်ငံခြားကုမ္ပဏီ  ဖြစ်လာမှာပါ လို့ အဲဒီမှာ ရေးထားပါတယ်။ 
ရန်ကုန်မှာ မီဂါဝပ် ၅ဝ ထွက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံဆောက်မယ်၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံဖြစ်တယ်၊ ဒေါ်လာ သန်းသုံးဆယ် သုံးမယ်လို့ ဆိုပါတယ်။

ကြုံကြိုက်လို့ ညွှန်းလိုတာတခု ရှိပါတယ် - ပြည်ပရင်းနှီးမြှုပ်နှံမှု လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းအကြောင်း ဧရာဝတီဘလော့ စာဖတ်သူပေးစာတစောင်မှာ ကြည့်ပါ - ခေါင်းစဉ်က မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်လို့ ပေးစာ   - လင့်က http://blog.irrawaddy.org/2012/12/blog-post_2720.html ဖြစ်ပါတယ်။
စွမ်းအင်က မြန်မာပြည်အတွက် အရေးပါတယ်၊ အုပ်ချုပ်ရေးပိုင်းမှာလည်း အစိမ်းရောင် သမ်းတယ် ဆိုတော့ အဲဒီပေးစာ ဖတ်ကြည့်သင့်ပါတယ်။

သတင်းကို ဆက်ရရင်... ဒီအစီအစဉ်ကို အစပြုဖို့ အစိုးရနဲ့ သဘောတူညီချက်ရခဲ့တာ ၂ နှစ် ရှိပြီလို့ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ Arno Hendriks ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် အစီရင်ခံစာ တစောင်မှာတော့ - မြန်မာပြည်စီးပွားရေးဖွံ့ဖြိုးမှု ဆိုတာက လျှပ်စစ်စွမ်းအားအပေါ် အဓိက မူတည်နေတယ်လို့ ရေးထားတာပါ။
 
မြန်မာပြည်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတွေ ဆောက်နေတယ်၊ လောလောဆယ်ဆယ်တော့ အများသုံးဖို့ရော စက်မှုလုပ်ငန်းတွေ သုံးဖို့ပါ ဓာတ်အား အသည်းအသန် လိုနေတယ်လို့
Arno Hendriks က ပြောပါတယ်။ အဲဒီစက်ရုံကြီးတွေဆီက ဓာတ်အားထွက်လာဖို့ ဆိုတာက အနည်းဆုံး ငါးနှစ် စောင့်ရမယ်၊ သူတို့ကုမ္ပဏီက
ဓာတ်အားပေးစက်ရုံပိစိတွေကို ၆ လ အတွင်း အပြီးသတ် ဆောက်နိုင်ပါလိမ့်မယ် တဲ့။
သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေကို ပြောတာပါ။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရတော့ မြန်မာပြည်မှာ ဓာတ်အားပေးစက်ရုံ အကြီးစား ၁၇ ခု တည်ဆောက်နေပါတယ်။
ဒါက ၂၀၁၃ နဲ့ ၂၀၁၆ ကြား ဆောက်မယ့်ဟာပါ။
အဲဒီထဲ ရေအားနဲ့မောင်းမှာက ၇ ခု၊ ကျန်တာကတော့ ဓာတ်ငွေ့နဲ့ မောင်းပါလိမ့်မယ်။

ဆက်စပ် ဖတ်သင့်တာကတော့
လျှပ်စစ် စွမ်းအင်အတွက် ကမ္ဘာ့ဘဏ် ဒေါ်လာ သန်း ၁၄၀ ချေးမည်
http://burma.irrawaddy.org/%E1%81%80_world-bank/2013/09/26/48612.html ဆိုတဲ့ သတင်း ဖြစ်ပါတယ်။
အဲဒီမှာ မြန်မာပြည် လျှပ်စစ်စွမ်းအင်ဆိုင်ရာ အချက်အလက်များ ရှိပါတယ်။

မူရင်းသတင်းကတော့  
Singapore’s Navigat Creates Blueprint for Future Burma Power Deals  
http://www.irrawaddy.org/business/singapores-navigat-creates-blueprint-future-burma-power-deals.html ဖြစ်ပါတယ်။  




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved