လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့လိုက်ပြီ

Wednesday, February 26, 2014

သမ္မတ ဦးသိန်းစိန်အစိုးရက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် တရပ်ကို မနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တပ်မတော်စစ်အရာရှိကြီး တဦးကို ဦးဆောင်စေကာ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။

 ဓာတ်ပုံ- Economist.com

 အမိန့် အပြည့်အစုံကို ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဆိုက်ကနေ မူရင်းအတိုင်း ပြန်လည် ကူးယူဖော်ပြ လိုက်ပါတယ်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ် ၊၆ /၂၀၁၄
၁၃၇၅ ခုနှစ်၊တပို့တွဲလပြည့်ကျော် ၁၁ ရက်
(၂၀၁၄ ခုနှစ် ၊ဖေဖော်ဝါရီလ ၂၅ ရက်)

လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးကော်မရှင် ဖွဲ့စည်းခြင်း


အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇ နှင့် ပုဒ်မ ၉ ၊ ပုဒ်မ ၁၀ တို့ပါ ပြဌာန်းချက်များ အရ 
အောက်ပါ ပုဂ္ဂိုလ်များကို ယှဉ်တွဲပါ ရာထူးနေရာများတွင် ခန့်အပ်၍ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး 
ကော်မရှင်အား ဖွဲ့စည်း တာဝန်ပေး လိုက်သည်-

(၁)
ဦးမြဝင်း
 စစ်မှုထမ်း(အငြိမ်းစား)
ဥက္ကဋ္ဌ
(၂)
ဦးကျော်ကျော်
ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန)
အဖွဲ့ဝင်
(၃)
ဦးစိုးတင့်
ညွှန်ကြားရေးမှူး (အငြိမ်းစား၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)
အဖွဲ့ဝင်
(၄)
ဦးသန်းအောင်
ညွှန်ကြားရေးမှူး(အငြိမ်းစား၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)        
အဖွဲ့ဝင်
(၅)
ဦးမောင်ရှိန်
စစ်မှုထမ်း(အငြိမ်းစား)  
အဖွဲ့ဝင်
(၆)
ဒေါက်တာတိုက်စံ
ပါမောက္ခ(အငြိမ်းစား၊ တပ်မတော်နည်းပညာတက္ကသိုလ်)        
အဖွဲ့ဝင်
(၇)
ဦးနေဝင်း
သံအမတ်ကြီး(အငြိမ်းစား)       
အဖွဲ့ဝင်
(၈)
ဒေါ်မြတ်မြတ်စိုး
ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန)
အဖွဲ့ဝင်
(၉)
ဦးသင်းမောင်
ညွှန်ကြားရေးမှူး (အငြိမ်းစား၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန)
အဖွဲ့ဝင်
(၁၀)
ဦးဆွန်ဒုတ်ကျင့်
ဒုတိယ ညွှန်ကြားရေးမှူး(အငြိမ်းစား၊ ပြည်ထောင်စု ရှေ့နေ ချုပ်ရုံး)
အဖွဲ့ဝင်
(၁၁)      
ဒေါက်တာညီညီထွန်း
 တိရစ္ဆာန်ဆေးကု ဆရာဝန်(အငြိမ်းစား၊ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန)
အဖွဲ့ဝင်
(၁၂)
ဦးကျော်မြင့်
စစ်မှုထမ်း(အငြိမ်းစား)
အဖွဲ့ဝင်
(၁၃)
ဒေါ်သန်းသန်းရီ
ညွှန်ကြားရေးမှူး (အငြိမ်းစား၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)
အဖွဲ့ဝင်

(၁၄)
ဦးအောင်လှိုင်စိုး
ညွှန်ကြားရေးမှူး(အငြိမ်းစား၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)        
အဖွဲ့ဝင်

(၁၅)      
ဦးတင်ဦး
သံအမတ်ကြီး(အငြိမ်းစား)
အတွင်းရေးမှူး
        
        

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်




အခုလို လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်တရပ်ဖွဲ့စည်းတာဝန်ပေးလိုက်မှုအပေါ် အဂတိ လိုက်စားမှု ကြီးမားတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး တိုက်ဖျက်သွားမယ်ဆိုတာ အများက စိတ်ဝင်စားနေ
ကြပြီး မေးခွန်းထုတ်နေမှုတွေလည်း များပါတယ်။ 

ကော်မရှင်ကို ဦးဆောင်သူဖြစ်တဲ့ DSA အပတ်စဉ် ၁၆ ဆင်း စစ်အရာရှိဟောင်းတဦးဖြစ်တဲ့ ဦးမြဝင်းဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံက မြန်မာစစ်တပ်နဲ့ စစ်တပ်အသိုင်းအဝိုင်းအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတဲ့စာရင်းတွေ လျှော့ပေါ့ပေးပြီးနောက်ပိုင်း ဒဏ်ခတ်မှုစာရင်းမှာ ဆက်လက် ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။ 

အခုလို လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ပတ်သက်တဲ့ သတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာမှာ သတင်းထောက် ငြိမ်းငြိမ်းရဲ့ Questions Over Would-Be Anticorruption Chief’s Military Past မှာ  လည်း ဖတ်နိုင်ပါတယ်။ 


 အိမ့်သံစဉ် ~




 




 


2 comments :

  1. Nua Nout said... :

    I am surprised by the news of the formation of Anti-Bribery Commission signed by the President U Thein Sein because the members who are corrupt officers but entrusted by the President.
    The members of this Commission who I know are one retired DG and two Ambassadors of the Ministry of Foreign Affairs. They are former Tatmadaw senior officers, and they are dishonest officers. They misappropriated the public funds when they served in Foreign Office and representing Myanmar in Laos, Pakistan, China, Nepal, South Korea and UK.

  1. ye win said... :

    I like to warn the commission that you are under the spot light now. Burma was treated as special case by the world bank which had written off foreign debt and issued the low interest loan of dollars to serve the remaining debts with years of allowance. The Burmese government had to sign the agreement document. One of the clause is to eradicating graft taking in Burma. You are CHECKED.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved