ကမ္ဘာတဝန်း ပတ်စ်ပို့ပျောက်ဆုံးမှု သန်း ၄ဝ ကျော် ရှိ

Tuesday, March 11, 2014


ကမ္ဘာတဝန်း နိုင်ငံကူးလက်မှတ် ပျောက်ဆုံးမှုပေါင်း သန်း ၄ဝ ကျော် ရှိတယ်လို့ နိုင်ငံတကာ ပူးပေါင်း စစ်ဆင်ရေး ရဲတပ်ဖွဲ့ အင်တာပိုလ် (Interpol) က ပြောလိုက်ပါတယ်။ 


 နိုင်ငံတကာပတ်စ်ပို့များ၊ ဓာတ်ပုံ- Upwithpeople.com

၂ဝဝ၂ ခုနှစ်က စပြီး အင်တာပိုလ်ရဲ့ အချက်အလက်စုဆောင်းမှုဌာနမှာ ပျောက်ဆုံး ပတ်စ်ပို့တွေနဲ့ Traval Document တွေ စုစုပေါင်း သန်း ၄ဝ ကျော် ရှိတယ်လို့ The Seattle Times သတင်းတပုဒ်က ဆိုထားပါ တယ်။ 

ဒီအပြင် မနှစ်ကထိ တရားဝင်မှတ်ပုံတင်ထားမှုကို ဆန့်ကျင်ပြီး လေယာဉ်တွေဟာ ခရီးသွား အထောက် အထား၊ ပတ်စ်ပို့ မပါဘဲ ခရီးသည် ၁ ဘီလျံထက် မနည်းကို တင်ဆောင်ခဲ့တယ်လို့လည်း အင်တာပိုလ် မှတ်တမ်းအရ အဲဒီ သတင်းက ဆိုပါတယ်။ 

မလေးရှားလေယာဉ်ပျောက်ဆုံးမှုနဲ့ ဆက်စပ်ပြီး ခိုးယူနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ခရီးသည် ၂ ဦးကို ဘယ်သူဆို တာ သိဖို့ ရှာဖွေမှုနောက်ဆက်တွဲအနေနဲ့ အင်တာပိုလ်က ဆိုလာတဲ့ စိတ်ဝင်စားဖွယ် သတင်းတပုဒ်ပါ။ 

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကာလ ၉/၁၁ အကြမ်းဖက်ဖြစ်ရပ်ကြီးပြီးကတည်းက ကမ္ဘာတလွှား ခရီးသွားလာမှု လုံခြုံရေးတွေကို တိုးမြှင့် ဆောင်ရွက်ခဲ့တာကြောင့် အခုလို အချက်အလက်တွေ ပိုသိလာရတာလို့ အင်တာပိုလ်က ဆိုပါတယ်။ 

ပတ်စ်ပို့ အခိုးခံရတာ၊ ပျောက်ဆုံးမှုဖြစ်တာအများဆုံး နိုင်ငံတခုကတော့ ထိုင်းနိုင်ငံပါဘဲလို့ အင်တာပိုလ်က ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ပတ်စ်ပို့ ပျောက်ဆုံး၊ အခိုးခံရတဲအထိ နိုင်ငံ ဆယ်ခုက ထိပ်ဆုံး စာရင်းမှာ ရှိနေပြီး အထူး သဖြင့် ရုရှား၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံတွေ ပါဝင်တယ်လို့ ဆိုတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာ ပတ်စ်ပို့အရောင်း အဝယ်လုပ်တဲ့ ရာဇဝတ်မှုတွေ လည်း အတော်များပါတယ်တဲ့။ 

မလေးရှားလေယာဉ်ပေါ်က ခိုးယူနိုင်ငံကူးလက်မှတ် ၂ ခုဖြစ်တဲ့ သြစတြီးယားနဲ့အီတလီ ပတ်စ်ပို့တွေဟာ လည်း ထိုင်းနိုင်ငံ မှာ ပဲ အခိုးခံခဲ့ရတာ၊ ပျောက်ဆုံးခဲ့တာတွေ ဖြစ်ခဲ့တာပါ။ 

အင်တာပိုလ်ကတော့ ခိုးယူပတ်စ်ပို့တွေသုံးပြီး အကြမ်းဖက်သမားတွေက လေယာဉ်တွေ စီးမှာကို သတိ ထားစောင့်ကြည့်ခဲ့ တယ်လို့ ဆိုပြီး လေကြောင်းလိုင်းတွေနဲ့ လေယာဉ်တွေကလည်း သူတို့နဲ့ ပူးပေါင်းလုပ်
ဆောင်မှုတွေ ရှိတယ်ဆိုပေမယ့် လစ်ဟင်းမှုတွေ ရှိတယ်လို့ ပြောထားပါတယ်။ 



အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved