နယ်စည်းမထားဆရာဝန်များ ပြည်နယ်တိုင်း ၁၃ ခုမှာ ဆက်လုပ်ခွင့်ရ

Saturday, March 1, 2014

~



 -
နယ်စည်းမထားဆရာဝန်များအဖွဲ့ -
MSF Holland ( Medicins Sans Frontieres – Holland) (AZG) ရဲ့ လုပ်ငန်းတွေကို ရခိုင်ပြည်နယ်မှာ ရပ်ထားမယ်လို့ ကျန်းမာရေးဌာနက ကြေညာပါတယ်။    ပြည်နယ်တိုင်း ၁၃ ခုမှာ ဆက်လုပ်ခွင့်ရမယ်ဆိုတဲ့သဘောပါ။ မဖတ်ရသေးသူများ လေ့လာနိုင်ဖို့ ကြေညာချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကျန်းမာရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ၍ ပြည်သူများ ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland ( Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများအား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန်သိရှိစေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MSF Holland ( AZG) အဖွဲ့၏ တာဝန်ရှိ သူများ ၂၈.၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။
ထိုဆွေးနွေးပွဲ၏ သဘောတူညီချက် အရ MSF Holland ( AZG) အဖွဲ့၏ ရခိုင်ပြည်န်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များးတွင် ဆောင်ရွက်လျက်ရှိသော MSF Holland ( AZG) လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထု၏ လက်ခံမှု၊ တိုင်းရင်းသား အဖွဲ့အစည်းများ၏ အားပေး ထောက်ခံမှု တို့ကြောင့် ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက် ခွင့်ပြုသွားမည် ဖြစ်ပါသည်။

နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) ကို လည်း နှစ်အပိုင်းအခြားလိုက် ဆက်လက်ညှိနှိုင်းရေးထိုးမည်ဖြစ်ပြီး ရခိုင်ပြည် နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ MSF Holland (AZG) အဖွဲ့၏ အခြား တိုင်း ဒေသကြီးနှင့်ပြည်နယ်များအတွင်း စွမ်းဆောင် ချက်များကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြား တစ်ခုအတွင်း ရခိုင်ပြည် နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် ဆောင်ရွက် နိုင်ရေး စဉ်းစားဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန



.

2 comments :

  1. minsoe said... :

    တစ်ကယ်တော့ဒီအဖွဲ့အစည်းဟာစေတနာသန့်သန့်နဲ့လူမျိုးဘာသာမရွေးကျန်းမာရေးစောင့်ရှောက်မူ့ပေးနေတဲ့အဖွဲ့အစည်းပါ။မြန်မာပြည်ရဲ့ကျန်းမာရေးစောင့်ရှာက်မူ့၊ဖွံ့ဖြိုးမူ့အားနဲတဲ့ဒေသတွေ၊အထူးသဖြင့်နယ်တွေကဒီအဖွဲ့ရဲ့အကူအညီလိုပါတယ်ဒါပေမဲ့ရခိုင်မှာသူ့ရဲ့မူလပေါ်လစီကိုသွေဖယ်ပြီးတစ်ကယ်ဘဲဘက်လိုက်ခဲ့သလားမိမိအတိအကျမသိရ်ျမဝေဖန်လိုပါ။ဒါပေမဲ့ထိုဒေသကပဋိပကွဖြစ်နေသောလူမျိုးအဖွဲ့အစည်း၂ခုလုံး၏ဂျာနယ်၊သတင်းစာစသည်ဖြင့်မီဒီယာများတွင်ပြောစကား၏တစ်ဝက်စီသာမိမိယုံကြည်မူ့ရှိပါသည်။အပိုချဲ့ကား၊အငြိုး၊အမုန်းတစ်ရား၊ကျဉ်းမြောင်းသောဘာသာရေး၊လူမျိုးရေးအမြင်ဖြင့်ချဲ့ကားပြောသောမဟုတ်မမှန်စကားကတစ်ဝက်လောက်ပါသည်။အမှန်ကတစ်ဝက်သာဖြစ်သည်။

  1. Anonymous said... :

    It is too late in fact to halt biased medical support activities in Rakhine where humanitarian assistance was directed on race, color and nationalization rather than disease and helping the sick not only the Bengalis but including native Rakhines !!!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved