အမေရိကန်ပိတ်ဆို့မှု လျှော့ချခြင်း နဲ့ မြန်မာလူထုအပေါ် သက်ရောက်မှု

Thursday, November 6, 2014

-
 



  
စီးပွားရေးပိတ်ဆို့မှုတွေကို အမေရိကန်က လျှော့ချထားပါပြီ။

လျှော့ချလိုက်တဲ့အတွက် အသက်ရှူချောင်သွားသူတွေ အများအပြား ရှိပါတယ်။
အစိုးရအတွက်လည်း အဆင်ပြေပါတယ်။

ပြည်သူအများစုအတွက်ရော အဆင်ပြေသွားပါသလား။
ဘယ်လို ကောင်းကျိုး ဆိုးကျိုးတွေ ရှိပါသလဲ။

ဒီအကြောင်းကို  အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု လျှော့ချခြင်းကြောင့် မြန်မာပြည်သူလူထုအပေါ် သက်ရောက်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ဟောပြောပွဲတခုကို ရန်ကုန်မြို့မှာ တွေ့ရကြုံရပါတော့မယ်။

စိတ်ဝင်စားသူများ သွားရောက် လေ့လာနိုင်ဖို့၊ ဝင်ရောက် ဆွေးနွေးနိုင်ဖို့ လက်တို့လိုက်ပါတယ်။

အဓိက ဆွေးနွေးမယ့်သူ ၃ ဦး

စာနယ်ဇင်း ဆောင်းပါးရှင် သန်းစိုးနိုင်
ပြည်သူ့အရေးဂျာနယ် အယ်ဒီတာ မော်လင်း
NLD စီးပွားရေးအကြံပေး ဒေါက်တာမြင့်ဆန်း

အချိန် - လာမယ့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၉ ရက်နေ့) နေ့လယ် ၂းဝဝ မှ ၅းဝဝ
နေရာ - တော်ဝင်နှင်းဆီ၊ ရွှေဂုံတိုင်မီးပွိုင့်အနီး၊ ဗဟန်းမြို့နယ်

(အပေါ်ပုံကတော့ ယခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ပထမ ခရီးစဉ် ကာလမှာ ရေးဆွဲထားတဲ့ ကာတွန်းဟန်လေးရဲ့လက်ရာ ဖြစ်ပါတယ်)
  • ဆက်စပ်ဖတ်ရှုရန်

 အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား
http://burma.irrawaddy.org/usa/2012/09/20/20880.html
မြန်မာအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ထပ်မံဖြေလျှော့မည်
http://burma.irrawaddy.org/usa/2013/09/26/48656.html

ဦးအောင်သောင်း စီးပွားရေး ဒဏ်ခတ်မှု သတင်း UAB ဘဏ်ကို ရိုက်ခတ်
http://burma.irrawaddy.org/business/2014/11/04/66736.html
ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ပိတ်ဆို့ ဒဏ်ခတ်
http://burma.irrawaddy.org/short-news/2013/07/03/43533.html


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved