ထိုင်းနိုင်ငံ ချင်းမိုင်မှာ ဗုံး ၃ ကြိမ် ဆက်တိုက်ပေါက်ကွဲ ၄ ဦး ဒဏ်ရာရ

Saturday, March 22, 2014

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ မနေ့သောကြာနေ့ည သန်းခေါင်းကျော်က ဗုံး ၃ ကြိမ် ဆက်တိုက်
ပေါက်ကွဲလို့ လူ ၄ ဦး ဒဏ်ရာရသွားကြပါတယ်။ 

 ချင်းမိုင်မြို့ ဓာတ်ဆီဆိုင်တခုမှာ ယမန်နေ့က ဗုံးပေါက်ကွဲအပြီး မြင်ကွင်း၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ချင်းမိုင်မြို့ နောင်ဟွိုင် PTT ဓာတ်ဆီဆိုင်အတွင်းကို မနေ့ည ၈ နာရီ ၃၅ မိနစ်က လက်ပစ်ဗုံး တလုံး ပစ်သွင်းလာတာဖြစ် ပြီး ဓာတ်ဆီဆိုင် ဝန်ထမ်း ၄ ဦးထဲက ၃ ဦး ဒဏ်ရာရှိသွားသလို ဓာတ်ဆီလာဖြည့်တဲ့ ကားတစီးက အမျိုးသမီးတဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောတာကို ဘန်ကောက်ပို့စ်က ကိုးကားဖော်ပြထားပါတယ်။ 

တခါ မနေ့ သောကြာနေ့ည ၉ နာရီ ၃၅ မိနစ်မှာလည်း Sarapee ခရိုင် Yang Nerng အရပ်မှာ ရှိတဲ့ Boon Rawd Brewery Co ရဲ့ ရုံးခန်းတခုထဲကို အပြင်ကနေ လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းခဲ့တာမှာ ၁ လုံး က 
ပေါက် ကွဲပြီး နောက်တလုံးက အပြင်ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဗုံး တိုက်ခိုက်မှု တခုကတော့ ချင်းမိုင်မြို့၊ Pa Dad အရပ်မှာ ရှိတဲ့ ( အန်ဒမန် ပင်လယ်စာ စား သောက်ဆိုင် ( Andaman Seafood Restaurant ) ရဲ့ကားရပ်နားတဲ့ နေရာမှာ မနေ့က ည ၁ဝ နာရီ ၁၅ မိနစ် က ပေါက်ကွဲခဲ့တာမှာ ကား ၂ စီး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ သိရပါတယ်။ 

အဲဒီကိစ္စမှာတော့ ကားအောက် ဘီးမှာ ဗုံး ကို ၀ှက်ပြီး ထားခဲ့တာဖြစ်တယ်လို့ ရဲ့ ကပြောပါတယ်။ 

ရဲစုံစမ်းမှုတွေ ကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းက ဖော်ပြပါတယ်။ 



အိမ့်သံစဉ် ~ 


 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved