ဦးတေဇ ပြောတဲ့ အဲပုဂံနဲ့ ထူးကုမ္ပဏီတချို့ကို တရားစွဲခဲ့တဲ့ အမေရိကန် ၂ ဦး

Monday, March 24, 2014

သူဋ္ဌေးကြီး ဦးတေဇက သူ့ရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတွေကို တရားစွဲခဲ့တဲ့ အမေရိကန်နိုင်ငံသား ၂ ဦး Mr. Allan Lokos နဲ့ Ms. Susanna Weiss နဲ့ပတ်သက်ပြီး ထပ်မံ တင်ပြ ပြောဆိုလာချက်တွေပါ။ 

 ဓာတ်ပုံ- ဦးတေဇ ဖေ့စ်ဘုတ်

သူပြောထားတာတွေထဲမှာ “ယခုတရားစွဲဆိုသည့် အဆိုပါ အမေရိကန် နိုင်ငံသား (၂) ဦးကို တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံမှ ဆရာဝန်ကြီးများနှင့် အမြန်ဆုံး ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးပြီးချက်ခြင်းပင် အမေရိကန် သံရုံးမှ တာဝန်ရှိ သူများ ရောက်ရှိလာကာ Bangkok ရှိ ဆေးရုံသို့ ပို့ဆောင်လိုကြောင်း 
ပြောကြားခဲ့ပါတယ်။ ထို့အတွက် မိမိအနေဖြင့် တောင်ကြီးမြို့မှ ဟဲဟိုးမြို့သို့ Helicopter ဖြင့်လည်း
ကောင်း၊ ဟဲဟိုးမှ Bangkok သို့ မိမိ၏ Private Jet ဖြင့် Bangkok ရှိ ဆေးရုံသို့ အထူးအမြန်ဆုံး ပို့
ဆောင်ပေးခဲ့ပါတယ်။ ထိုသို့ ပို့ဆောင်ပေးရာတွင်လည်း Air Bagan မှ လေယာဉ်မှူး ဦးအောင်စည်ဟိန်း
နှင့် ဆရာဝန်ကြီး ဦးမြတ်သင်း တို့မှ ၄င်းတို့ နှစ်ဦးအား အနီးကပ်လိုက်ပါစောင့်ရှောက်ပေးရန် မိမိ 
တောင်ကြီးမြို့မှနေ၍ အကူအညီတောင်းခံခဲ့ပါတယ်” လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

ဆက်လက်ပြီး ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ အောက်ပါအတိုင်း ရေးသား ဖော်ပြထားပါတယ်။ 

Bangkok မှတဆင့် ၄င်းတို့နှစ်ဦး Singapore နိုင်ငံ၊ SGH ဆေးရုံသို့ ပြောင်းရွှေ့ကုသရန်လိုအပ်သည့် အတွက် ထိုဆေးရုံ သို့ ပြောင်းရွှေ့ရာတွင် အစွမ်းကုန် ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုသို့ Singapore တွင် ဆေးဝါးကုသမှုများ ခံယူနေ စဉ် Sigapore နိုင်ငံရှိ ကုမ္ပဏီများ ဖြစ်ကြသော Terrestrial Pte Ltd.၊ Aisa Pioneer IMPEX Pte Ltd.၊ 4G Investment Pte Ltd. မှ ဝန်ထမ်းများအားလုံးမှ ၄င်းတို့ Singapore သို့ရောက်ရှိသည့်နေ့မှ စ၍ မိမိ၏တောင်းဆိုမှုအရ နေ့ည တာဝန် များ ခွဲဝေကာ ပြုစုစောင့်ရှောက်မှု များ ပြုလုပ်ပေးခဲ့ကြပါတယ်။ 

မိမိမှလည်း ၃၊ ၁၊ ၂၀၁၃ ရက်နေ့တွင် ၄င်းဆေးရုံ သို့ သွားရောက် တွေ့ဆုံအားပေးခြင်းများ ပြုလုပ်ခဲ့ပါ တယ်။ ထိုမှ တဆင့် ၈၊ ၁၊ ၂၀၁၃ ရက် နေ့တွင် အမေရိကန်နိုင်ငံ၊ NewYork မြို့သို့ ၄င်းတို့ ကျန်းမာရေး အတွက် အထူး လေယာဉ် Air Ambulance ဖြင့် စင်းလုံးငှား ပို့ဆောင်ပေးခြင်းများကို ကိုယ်ပိုင်ငွေကြေး စိုက်ထုတ် ပေးကာ ကူညီ ခဲ့ပါတယ်။ 

အဆိုပါ လေယာဉ် မတော်တဆမှုဖြစ်စဉ်အတွက် Air Bagan မှ Insurance အတွက် အလုံးစုံ အာမခံထား ရှိသော Pana Harrison (Asia) Pte Ltd. ကုမ္ပဏီအတွက် ဆောင်ရွက်ပေးသော Gates and Partners Pte Ltd အား အဆိုပါ ခရီးစဉ် တွင် နစ်နာခဲ့ရသောသူများအားလုံးကို အာမခံငွေကြေး အမြန်ဆုံးရရှိစေရန် Air Bagan မှ လိုက်ပါ ကူညီ လုပ်ဆောင်စေ ရန် အတွက်လည်း မိမိ မှ တောင်းဆိုခဲ့ပါတယ်။ 

အဆိုပါ အမေရိကန်နိုင်ငံသားနှစ်ဦး ၄င်းတို့ မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် မိမိအား အဆိုပါ 
လေယာဉ် မတော် တဆမှုအတွက် မိမိ ကိုယ်တိုင်အနေဖြင့် လျော်ကြေးပေးရန် ဆက်သွယ်တောင်းဆို လာခဲ့ပါတယ်။ မိမိမှလည်း Air Bagan အနေဖြင့် အပြည့်အဝ အပ်နှံထားသော အာမခံကုမ္ပဏီ Pana Harrison (Asia) Pte Ltd. နှင့် လိုက်ပါဆောင်ရွက်ပေးမည့် Gates and Partners Pte Ltd. သို့ ဆက် သွယ် အကြောင်းကြားစေရန် Air Bagan Co. Ltd ၏ Chairman ဦးထူးသက် ထွေးထံသို့ အကြောင်းကြား
ပေးခဲ့ပါတယ်။ မိမိ အနေဖြင့် Air Bagan Co. Ltd မှ ၂၀၀၈ ခုနှစ်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင် နှုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ 

သို့ဖြစ်၍ အဆိုပါ နစ်နာမှုအတွက် အာမခံကြေးပေးလျော်ရာတွင် ဆောင်ရွက်ပေး မည့် Gates and Partners Pte Ltd. သို့ ဆက်သွယ်ကာ လေယာဉ်မတော်တဆမှုတွင် ပါဝင်ခဲ့ကြသောခရီးသည်များ
နှင့် ပြင်ပမှ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ တို့အတွက် အာမခံငွေကြေး အမြန်ဆုံးရရှိနိုင်စေရန် ကူညီ တိုက်တွန်း ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံသားခရီးသည်များထဲမှ သေဆုံးခဲ့သူ၊ ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစု များကိုလည်း ကိုယ်တိုင် သွား ရောက် တွေ့ဆုံကာ အလှူဒါနကုသိုလ်ပြုပေးခြင်း၊ အားပေး
တွေ့ဆုံခြင်းများလည်း လုပ်ဆောင် ပေးခဲ့ပါတယ်။ ထိုသို့သွားရောက်ရင်းဖြင့် ကွယ်လွန်ခဲ့ရသောသူများ၏ မိသားစုများအတွက် စိတ်မကောင်းဖွယ်ရာ ခံစားရမှုများနှင့် အဆို ပါ မတော်တဆမှုတွင် ကွယ်လွန်ခဲ့ ရသော ဦးပြား၏ လူမမယ်အရွယ်ကလေးငယ်များဖြစ်သည့် မောင်သန်းငြိမ်းမောင် နှင့် ၁ နှစ်သမီးလေး မဝမ်းခေါင်ကို သနားဂရုဏာဖြစ်မိခဲ့ပါတယ်။ အဆိုပါ လူမမယ် ကလေးငယ်များအတွက်လည်း ဘွဲ့ရရှိသည် အထိ တာဝန်ယူရန် မိမိတို့ Htoo Foundation မှ ကတိပြု ဆောင်ရွက်ပေးခဲ့ပါတယ်။ 


ထို့အတူ အဆိုပါ ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ယနေ့ထိတိုင် နေပူသို့ ထွက် ၍ မရပဲ အမာရွတ်များဖြင့် ခံစားနေရသော မောင်ဌေးအောင်ကို အားပေးတွေ့ဆုံ မေးမြန်းခဲ့ပါတယ်။  မတော်တဆ မှုတွင် ပါဝင်ခဲ့သော မြန်မာလူမျိုးများ အတွက်လည်း Pana Harrison (Asia) Pte Ltd. ထံမှ အာမခံနစ် နာ ကြေးများ ထိုက်တန်စွာရရှိစေရန် တိုက်တွန်း ပေးခဲ့ပါတယ်။ အဆိုပါ အာမခံကုမ္ပဏီအနေဖြင့် မတော် တဆမှုတွင် အမေရိကန်နိုင်ငံသား Mr. Allan Lokos ထက် ပိုမိုဆိုးရွားစွာ မီးလောင်ဒဏ်ရာ ပြင်းထန် စွာရ ရှိခဲ့သော မောင်ဌေးအောင် အား အမေရိကန်ဒေါ်လာ တစ်သောင်းသာ ပေးလျော်ရန် ကမ်းလှမ်းလာသည့် အတွက် ယခု အမေရိကန်နိုင်ငံသား ၂ ဦး တောင်းဆိုသော ဒေါ်လာ သန်းပေါင်းများစွာနှင့် ယှဉ်လျှင် များစွာ ကွာခြားနေသည်ကိုလည်း စိတ်မကောင်းဖြစ်မိပြီး သက် ဆိုင်ရာ ရှေ့နေများနှင့် ဆောင်ရွက်နိုင်စေ ရန် ကူညီပေးခဲ့ပါတယ်။ 

ထပ်မံ၍ အဆိုပါ အမေရိကန်နိုင်ငံသား ၂ ဦးအတွက်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ကြီး Mr. Derek J. Mitchell မှတဆင့် နိုင်ငံတော်သမ္မတနှင့် ပြည်သူ့လွှတ်တော်အထိ ရည်ညွှန်းသော စာများဖြင့် မိမိ ကို ဖိအားပေးကာ လျော်ကြေးငွေပေးလျော်စေရန် ဆောင်ရွက်ခဲ့ကြသည်ကိုလည်း Ms. Susanna Weiss မှ မိမိ ထံသို့ ပေးပို့သော ထိုစာ များ ကို ဖတ်ရှုခြင်းဖြင့် သိရှိရပါတယ်။ 

အဆိုပါ လေယာဉ်မတော်တဆမှုခရီးစဉ်တွင် ပါဝင်သောသူများအားလုံးကို လူ သားချင်းစာနာထောက် ထားသောအားဖြင့် မိမိ ကိုယ်တိုင်သာမက အဆိုပါဖြစ်စဉ်တွင် ဝိုင်းဝန်းကူညီသူများစွာတို့မှ မိမိ တတ်အား သရွေ့ ကူညီဆောင်ရွက်ပေးခဲ့ကြသော်လည်း ထိုသို့ ဖိအားပေး လျော်ကြေးတောင်းခံလာခြင်း အတွက် လွန်စွာ မှ ပင် စိတ်မကောင်းဖြစ်မိပါတယ်။ 

အဆိုပါ အမေရိကန် နိုင်ငံသားနှစ်ဦးဖြစ်သော Mr. Allan Lokos နှင့် Ms. Susanna Weiss တို့မှ တရားစွဲ ဆိုလာသော အကြောင်း အရာများကို သုံးသပ်ရ မည် ဆိုလျှင် Air Baganမှ လေယာဉ်မှူးများနှင့်လေယာဉ်
မောင်မယ်များကို စနစ်တကျ လေ့ကျင့်ပေးရန် ပျက်ကွက်ချို့ယွင်းမှု ရှိသည်ဟူ၍လည်းကောင်း၊ လေယာဉ် မှူးနှင့် လေယာဉ်ဝန်ထမ်းများသည် ခရီးသည် များအား အချိန်မီဘေးကင်းရာသို့ ရွှေ့ပြောင်းပေး ရန် ပျက်ကွက် သည်ဟူ၍ လည်းကောင်း တဖက်သတ် စွပ်စွဲချက်များ ပါဝင်နေသည်ကို တွေ့ရှိရပါတယ်။ 

အမှန်တကယ်တွင်မူ Air Bagan သည် ၄င်း ကုမ္ပဏီမှ လေယာဉ်မှူးများနှင့် လေယာဉ်မောင်မယ်များ သာမက လေယာဉ် ပျံသန်းရေးဆိုင်ရာ ဝန်ထမ်းများအားလုံးကို အခြားနိုင်ငံတကာလေကြောင်းလိုင်း များနည်းတူ နှစ်စဉ် နိုင်ငံခြားသို့ သင်တန်း စေလွှတ် တက်ရောက် လေ့ကျင့်ပေးလျက်ရှိ တာကို သိရှိရပါတယ်။ 

အဆိုပါ မတော်တဆမှုဖြစ်စဉ်မှာလည်း Air Bagan မှ လေယာဉ်မှူးများနှင့် လေယာဉ်မောင်မယ်များ ဟာ နိုင်ငံတကာလေကြောင်းဆိုင်ရာ စံညွှန်းများအတိုင်း စက္ကန့် ၉၀ အတွင်း ခရီးသည်များ အားလုံးကို ကယ်ထုတ်ပေးနိုင်ခဲ့တာကိုလည်း အဆိုပါ မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်သော ခရီးသည်များ သာမက 
မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှုဦးစီးဌာန၏ စစ်ဆေးချက်များအရလည်း သိရှိရပါတယ်။ 

အချုပ်အားဖြင့် အဆိုပါ တရားစွဲဆိုသည့် ကိစ္စကို မိမိ အနေဖြင့်သာမက တရားစွဲဆိုခံရသော တိုင်းရင်းသား ကုမ္ပဏီဝန် ထမ်း များအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ်မိပါတယ်။ 

ထိုသို့တရားစွဲဆိုလာခြင်းကို မိမိ အနေဖြင့် ရင်ဆိုင်ရုံမျှမက လေယာဉ် မတော်တဆမှုဖြစ်စဉ်တွင် ပါဝင်
သော ထိ ခိုက်နစ်နာခဲ့ရသူ မြန်မာနိုင်ငံ သား ခရီးသည်များ၊ Tour Guide များနှင့် သေ ဆုံးသွား ရှာသော ရှမ်း ဓနုတိုင်းရင်းသား မနွယ်လင်းရှိန်၊ ရှမ်း-ပအို့ဝ်တိုင်းရင်းသား ဦးပြား၊ မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော မောင်ဌေးအောင် တို့နှင့် ၄င်းတို့ မိသားစုဝင်များ၊ သားငယ်၊ သမီးငယ်များအတွက် လူ့ အခွင့်အရေး အပြည့် အဝ ရရှိပြီး နိုင်ငံတကာစံနှုန်းများနည်းတူ အာမခံငွေကြေးများ ခံစားနိုင်စေရေး အတွက် အလေးထား ဆောင်ရွက်ပေးသွား မှာ ဖြစ်ပြီး မိမိ ဖြစ်စဉ်ကို အခြေခံ၍ အမေရိကန်နိုင်ငံ၏ မိမိနိုင်ငံသားအပေါ် လုပ်ဆောင်ပေးချက်များသာမက မိမိတို့ မြန်မာ နိုင်ငံအတွင်း ဖြစ်စဉ်များတွင် အာမခံ
ငွေကြေးနစ်နာနိုင်မှုများ မည်သို့ရှိသည်ကို ခရီးသွားလုပ်ငန်း လုပ်ဆောင်နေ ကြ သော Tour Operator များ၊ လေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ၊ Hotel လုပ်ငန်းများနှင့် အခြားသော Tourism လုပ်ငန်း လုပ် ကိုင်ဆောင်ရွက် နေကြသောသူများ အားလုံး သိရှိဆင်ခြင်နိုင်စေရန် မှတ်တမ်းဓါတ်ပုံများဖြင့် ရှင်းလင်း
ပြော ပြအပ်ပါတယ်။ 









အထက်မှာ ဖော်ပြခဲ့တာတွေက ဦးတေဇရဲ့ ရှင်းလင်းပြောကြားချက်တွေပါ။ 

ဧရာဝတီက ဦးတေဇရဲ့ အဲပုဂံအပါအဝင် ကုမ္ပဏီတချို့ကို တရားစွဲဆိုထားတဲ့ အမေရိကန် ၂ ဦးနဲ့ပတ်သက် လို့ ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို တရားစွဲတဲ့ အမေရိကန် ၂ ဦး (http://blog.irrawaddy.org/2014/03/blog-post_9205.html) ဆိုတဲ့ ပို့စ်မှာ ဖော်ပြ ထားခဲ့ပါတယ်။ 

ဦးတေဇကို တရားစွဲသူ အမေရိကန် မောင်နှံဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို အဲဒီပို့စ်မှာ အခုလို ဖော်
ပြထားခဲ့ပါတယ်။ 

သူတို့ ၂ ဦးလုံးဟာ ထူးခြားတာက ထေရဝါဒ ဗုဒ္ဓဘာသာကို လေးစားသက်ဝင်ယုံကြည်သူတွေဖြစ်ပြီး Lokos ဆိုရင် တရား ပြ ဆရာတဦးလည်း ဖြစ်ပါတယ်တဲ့။ သူတို့ဟာ မြန်မာနိုင်ငံက တရားစခန်းတော်တော် များ များမှာလည်း ဝိပဿနာ တရား ရှုမှတ်ပွားများ လေ့ကျင့်မှုတော်တော် ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ ၂ ဦး မြန်မာနိုင်ငံမှာ လေယာဉ်ပျက်ကျလို့ ထိခိုက်ဒဏ်ရာတွေ ရတုန်းက ဘုန်းတော်ကြီး ဒလိုင်းလားမားတို့၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ဆုတောင်းမေတ္တာပို့ အားပေး စကားတွေလည်း ပြောခဲ့ကြတယ်လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~

 








 

2 comments :

  1. Anonymous said... :

    we don't need to know in details. This is your businesss.
    You did this business after stealing and corrupting from your own country.
    You should explain these things on your letter to the people who sue you. Don't beat about the bushes.
    The readers of Irrawaddy and your facebook can not do anything for you.
    Don't try to call ' help help ' from the people you stole from. And later .
    you all guys are ' taking favourable value ' from Myanmar people by using the words ' donation ' and ' give away ' of millions of Kyats to community service.

    you all are the one who do ' carrot and stick ' stories. Don't shout for help. Get help from your Than Shwe.

  1. Anonymous said... :

    Good reply. You are right.He took more than what he is giving back now. The capacity that he took was not only money but also many irreplaceable things from people.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved