ပျောက်ဆုံး မလေးရှားလေယာဉ် အက်ဒမန်ကျွန်းစုနားမှာ တွေ့ရလေမလား

Saturday, March 15, 2014

မလေးရှားလေယာဉ်ပျောက်နဲ့ပတ်သက်ပြီး အခုနောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းတွေမှာ လေယာဉ် အင်ဂျင် က ထုတ် လွှတ်တဲ့ လှိုင်းတွေအရ နောက်ဆုံး အက်ဒမန် ကျွန်းစုတွေဆီက အလိုအလျှောက် လှိုင်း ထုတ် လွှတ်မှုတွေကို ဂြိုလ်တု က သိရှိခဲ့တယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုလာပါတယ်။ 


အက်ဒမန်ကျွန်းစုဆိုတာ အိန္ဒိယသမုဒ္ဒရာထဲက ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိပြီး အနောက်ဖက်မှာ အိန္ဒိယ၊ မြောက်ဘက်မှာ မြန်မာနိုင်ငံတို့ တည်ရှိပါတယ်။ 

အမေရိကန်စုံစမ်းရေးသမားတွေကတော့ မလေးရှားလေယာဉ်ဟာ ကာလာလမ်ပူကနေ အရှေ့မြောက် အရပ်က ပီကင်းကို ဦးတည်ပြီး ပျံသန်း ခဲ့ပေမယ့် လေယာဉ်လမ်းကြောင်းဟာ အနောက်ဖက်ကို ပြန်လှည့် သွား တယ်လို့ လေယာဉ်ပျောက် စုံစမ်း ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောတယ်လို့ သတင်းကပြော ထား ပါတယ်။


 

ဒါဟာ လေယာဉ်မှူးကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ပျံသန်းသွားခဲ့တာလား၊ ဒါမှ မဟုတ် တစုံတယောက်က လမ်းကြောင်း ကို သိသိကြီးနဲ့ တမင်လွဲမှား ပျံသန်းသွားသလားဆိုတာ သေချာမသိရပါဘူး။ အဲဒီအပေါ် သံသယတွေ ပွားပြီး အကြမ်းဖက်မှုဖြစ်လေမလားဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်နေတာပါ။ 

အမေရိကန်သတင်းတွေမှာဆို မလေးရှားလေယာဉ်ဟာ ပြန်ပေးဆွဲသမားတွေရဲ့လက်ထဲရောက်သွားပြီး ပါကစ္စတန်မှာ ဆင်းသက်သွားနိုင်.. စတဲ့သတင်းမျိုးတွေထိ ရေးသားတာတွေ ရှိတယ်လို့ The Nation သတင်း တပုဒ် ( စိတ်ဝင်စားရင် ကလစ်ပြီးသွားကြည့်နိုင် )  က ဖော်ပြထားပါတယ်။

သတင်းရင်းမြစ် ၂ ခုရဲ့ အပြောအရ အခုနောက် ဆုံးသိရတဲ့အချက်ကတော့ စစ်သုံး ရေဒါကလည်း မလေးရှား ရဲ့ အနောက် မြောက် ဘက်ကမ်းမှာပဲ လေယာဉ်လမ်းကြောင်းကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်လည်း လေယာဉ်ပျောက်ကို ရှာဖွေဖို့ အမေရိကန်ကတော့ အိန္ဒိယသမုဒ္ဒရာကိုပဲ အဓိက ထား ရှာဖွေမယ်လို့ ထုတ် ပြောလာခဲ့တာဖြစ်ပြီး မြန်မာရေပိုင်နက်မှာလည်း လေယာဉ်ပျောက်ရှာဖို့ ခွင့်တောင်း ထားမှုကို မတ်လ ၁၁ ရက်နေ့ကတည်း က မြန်မာအာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံ ရေပိုင်နက်ထဲကို ရှာဖွေမှုတွေစလုပ်ဖို့တော့ ဆက်သွယ်လာမှု  မရှိသေးဘူးလို့ မြန်မာ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောထားပါတယ်။ 


အိမ့်သံစဉ် ~ 








1 comments :

  1. hongsarnai1116.blog.postncom said... :

    ပျောက်ဆုံး မလေးရှားလေယာဉ် အက်ဒမန်ကျွန်းစုနားမှာ တွေ့ရလေမလား

    မလေးရှားလေယာဉ်ပျောက်နဲ့ပတ်သက်ပြီး အခုနောက်ဆုံး ထွက်ပေါ်လာတဲ့သတင်းတွေမှာ လေယာဉ် အင်ဂျင် က ထုတ် လွှတ်တဲ့ လှိုင်းတွေအရ နောက်ဆုံး အက်ဒမန် ကျွန်းစုတွေဆီက အလိုအလျှောက် လှိုင်း ထုတ် လွှတ်မှုတွေကို ဂြိုလ်တု က သိရှိခဲ့တယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုလာပါတယ်။ အက်ဒမန်ကျွန်းစုဆိုတာ အိန္ဒိယသမုဒ္ဒရာထဲက ဘင်္ဂလားပင်လယ်အော်မှာ တည်ရှိပြီး အနောက်ဖက်မှာ အိန္ဒိယ၊ မြောက်ဘက်မှာ မြန်မာနိုင်ငံတို့ တည်ရှိပါတယ်။ အမေရိကန်စုံစမ်းရေးသမားတွေကတော့ မလေးရှားလေယာဉ်ဟာ ကာလာလမ်ပူကနေ အရှေ့မြောက် အရပ်က ပီကင်းကို ဦးတည်ပြီး ပျံသန်း ခဲ့ပေမယ့် လေယာဉ်လမ်းကြောင်းဟာ အနောက်ဖက်ကို ပြန်လှည့် သွား တယ်လို့ လေယာဉ်ပျောက် စုံစမ်း ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောတယ်လို့ သတင်းကပြော ထား ပါတယ်။ ဒါဟာ လေယာဉ်မှူးကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ ပျံသန်းသွားခဲ့တာလား၊ ဒါမှ မဟုတ် တစုံတယောက်က လမ်းကြောင်း ကို သိသိကြီးနဲ့ တမင်လွဲမှား ပျံသန်းသွားသလားဆိုတာ သေချာမသိရပါဘူး။ အဲဒီအပေါ် သံသယတွေ ပွားပြီး အကြမ်းဖက်မှုဖြစ်လေမလားဆိုတဲ့ စဉ်းစားချက်တွေ ဖြစ်နေတာပါ။ အမေရိကန်သတင်းတွေမှာဆို မလေးရှားလေယာဉ်ဟာ ပြန်ပေးဆွဲသမားတွေရဲ့လက်ထဲရောက်သွားပြီး ပါကစ္စတန်မှာ ဆင်းသက်သွားနိုင်.. စတဲ့သတင်းမျိုးတွေထိ ရေးသားတာတွေ ရှိတယ်လို့ The Nation သတင်း တပုဒ် ( စိတ်ဝင်စားရင် ကလစ်ပြီးသွားကြည့်နိုင် )  က ဖော်ပြထားပါတယ်။ သတင်းရင်းမြစ် ၂ ခုရဲ့ အပြောအရ အခုနောက် ဆုံးသိရတဲ့အချက်ကတော့ စစ်သုံး ရေဒါကလည်း မလေးရှား ရဲ့ အနောက် မြောက် ဘက်ကမ်းမှာပဲ လေယာဉ်လမ်းကြောင်းကို ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း လေယာဉ်ပျောက်ကို ရှာဖွေဖို့ အမေရိကန်ကတော့ အိန္ဒိယသမုဒ္ဒရာကိုပဲ အဓိက ထား ရှာဖွေမယ်လို့ ထုတ် ပြောလာခဲ့တာဖြစ်ပြီးမြန်မာရေပိုင်နက်မှာလည်း လေယာဉ်ပျောက်ရှာဖို့ ခွင့်တောင်း ထားမှုကို မတ်လ ၁၁ ရက်နေ့ကတည်း က မြန်မာအာဏာပိုင်တွေက ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ ရေပိုင်နက်ထဲကိုရှာဖွေမှုတွေစလုပ်ဖို့တော့ ဆက်သွယ်လာမှု  မရှိသေးဘူးလို့ မြန်မာ တာဝန်ရှိသူ တဦးက ဧရာဝတီ ကို ပြောထားပါတယ်။ အိမ့်သံစဉ် ~ 

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved