ဒီမိုကရေစီ ရသွားကြသူတွေနဲ့ တရားလက်လွတ်စကားများ

Tuesday, March 4, 2014

လွတ်လပ်ပြီး ပွင့်လင်း လာပြီ ဆိုတဲ့ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အခုလို ကာလကြီးမှာ အရင်ကထက် လူတွေက ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုလာကြတာ အားလုံး အသိပါဘဲ။ 

 “လျှပ်စစ်မီး သက်သာအောင် မီးပိတ်ပြီး ဖယောင်းတိုင် ထွန်းနေကြ” (သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်)

အခု ကာလမှာ သိသိသာသာ လွတ်လွတ် လပ်လပ်ပြောဆိုလာသူတွေကတော့ အစိုးရ ဝန်မင်းများနဲ့ လွှတ်တော် ကိုယ်စားလှယ် တချို့ပါဘဲ။ 

အစိုးရ ဝန်ကြီးတွေ၊ အကြီးအကဲတွေ၊ ကြံ့ခိုင်ရေးပါတီက နာမည်ကြီးတွေရဲ့ ပြောဆိုမှုတွေက အွန်လိုင်းပေါ် မှာ တနေ့တမျိုး မရိုးနိုင်အောင် လူပြောများနေတဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ 

“သူပေါ့၊ ဒီမှာ နေ့ရော၊ ညပါ လျှပ်စစ်မီး မလာလို့ ဆန္ဒပြကြတာကို မီးမလာရင် ဖယောင်းတိုင်ထွန်းနေ ဆိုပြီး ပြောတာ” လို့ ရန်ကုန်မြို့ က ဆန္ဒပြ အမျိုးသမီးတဦးက သမ္မတအကြံပေး ဦးကိုကိုလှိုင်ရဲ့ ဓာတ်ပုံကို လက်ညှိုးထိုးပြီး ပြောလိုက်တာပါ။ 

အဲဒီစကားတခွန်းနဲ့ ပွဲဆူမှုတွေ ရှိခဲ့ဖူးသလို အလားတူ နယ်လှည့်ပါးရိုက်နေ တယ်ဆိုတဲ့ ဝန်ကြီးတယောက် ရဲ့ ပြောစကားက လည်း အွန်လိုင်းပေါ်မှာ ဆူဆူညံညံ ဖြစ်ခဲ့ရတာပါ။ 

တချိန်တည်းမှာ တချိန်က ဒီမိုကရေစီကို တောင်းဆိုနေကြသူတွေကတော့ အခုချိန်မှာ ဒီမိုကရေစီရဲ့ အနှစ် သာရ လွတ်လပ် စွာ ပြောဆိုမှု၊ ဖော်ပြမှုတွေအပေါ် သတိကြီးကြီးထားပြောဆိုလာချိန်မှာ ဝန်မင်းများ၊ ကြီးကြီး မာစတာများကတော့ ဒီမိုကရေ စီဆိုတာကြီးကို လွဲလွဲမှားမှား ရရှိနေချိန်လို့လည်း ပြောလို့ရ မလား ပါဘဲ။ 

လွဲလွဲမှားမှား ဒီမိုကရေစီ ရနေကြသူ အစိုးရ ဝန်ကြီးတွေ၊ ကြီးကြီးမာစတာတွေရဲ့ တရားလက်လွတ်ပြောတဲ့ စကားတွေနဲ့ ပတ်သက်တဲ့ အကြောင်း ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ သတင်းထောက် ခင်ဦးသာ ရေးသားတင်ပြထားတဲ့ တရားလက် လွတ် စကားများနဲ့ ကြံ့ခိုင်ရေး ပါတီရဲ့ ၂၀၁၅ အလားအလာ (http://burma.irrawaddy.org/opinion/viewpoint/2014/03/03/55697.html) ဆိုတဲ့ သူ့အတွေး သူ့အမြင်စာစုကနေ အတွေး တခု ကို ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 



 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved