ညီမလေး သဘောပေါက်နိုင်မှာပါ..
Saturday, March 29, 2014
~
ကျွန်တော်အရမ်းခင်တဲ့ ညီမလေးတစ်ယောက်ကပြောပါတယ်. အရင်က အမေစုကို အကုန်လုပ်ပေးနိုင်မယ်လို့ ထင်ခဲ့တယ်. အမေစုမှ အမေစု..တဲ့
.
 .
အခုကျတော့ အမေစု ကဘာမှမလုပ်နိုင်မှန်း သိသွားပြီတဲ.. သူက..ကုလားတွေဘက်ကလိုက်တယ်.လို့ကြားတယ်..တဲ့ အဲဒါဘယ်လိုလုပ်မလဲ.....တဲ့..
__________________
ညီမလေးကို..ကျွန်တော် ဒီပိုစ့်ထဲကနေပဲ.. စိတ်ရှည်လက်ရှည်ဖြေကြားပေးလိုက်ပါ့မယ်....၊
ဒီမေးခွန်းကြောင့်......ကျွန်တော် သဘောပေါက်မိတာက. သာမန် ကိုယ့်အလုပ်ကိုပဲလုပ်ပြီး နိုင်ငံရေးစိတ်မ၀င်စားတဲ့သူအချို့ဟာ..မီဒီယာအချို့နဲ့ Social မီဒီယာတွေကတက်လာတဲ့ ၀ါဒဖြန့်မှုတွေနောက်ကို မျောပါနိုင်တဲ့အလားအလာရှိတယ်ဆိုတာ သဘောပေါက်လာပါတယ်၊
ဝါဒဖြန့်သူတွေနဲ့အာဏာရှင်တွေဟာ... လူထုခေါင်းဆောင်ရဲ့ ထင်ရှားမှုနဲ့ လူအများက
အာရုံစူးစိုက်မှုတွေကို အသုံးချပြီး အာဏာရှင်အုပ်စုဘက်ကို.. ပြည်သူတွေက မြားဦးမလှည့်အောင်
ပါးနပ်စွာ လှည့်ပတ်ကစားသွားကြပါတယ်..၊
အဲဒီလိုပဲ နိုင်ငံတကာလူ့အခွင့်အရေးအိုင်ကွန်တစ်ခုဖြစ်တဲ့ ဒေါ်စုကို ပြည်သူအချို့ စိတ်နာစေဖို့အတွက်..
"လူ့အခွင့်အရေး Vs ဘာသာရေး "စစ်မျက်နှာကို မြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်ခဲ့ကြပါတယ်...
လူ့အခွင့်အရေး ညံ့ဖျင်းခဲ့လို့ သူတို့ကိုကမ္ဘာကအဖက်မတန်သလိုထားခဲ့တာကို
အခုထက်ထိ အညှိုးထားနေကြဟန် တူပါတယ်..၊
အဲဒီစစ်မျက်နှာမှာ ပွဲဆူစေဖို့ကတော့. ပြည်သူတွေစိတ်ထဲမှာ ဘာသာခြားတွေကို မုန်းတီးသွားစေမဲ့
အရေးအခင်းတွေကို ပက်ပက်စက်စက် ဖန်တီးခဲ့ကြတာပါပဲ။
ဘာသာရေးမုန်းတီးဓာတ်ခံရှိသူတွေပေါများလာရာမှ.. အဲဒီသူတွေထဲကို..စနစ်ကျနတဲ့ စကားတွေပဲပြောတတ်တဲ့.. ဒေါ်စုပါတီရဲ့...အာဘော်တစ်ခုကို ထည့်သွင်းပြီး လူတွေရဲ့မျှားဦးကို ဒေါ်စုဘက် လှည့်စေခဲ့ပါတယ်..
အဲဒီအတွက် အာဏာရှင်တွေထွက်ပေါက်ချောင်သွားသလို.. ဘင်္ဂံလီတွေကို ၀ှိုက်ကဒ်ပေးတာတွေ ၊ လွှတ်တော်ထဲကို နယ်စပ်ဒေသဖွား ဘင်္ဂံလီတွေထည့်သွင်းတာတွေစတဲ့ သမိုင်းတရားခံဖြစ်နိုင်တဲ့ အနေအထားတွေကိုပါ..
ပြည်သူက အာရုံမစိုက်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်...၊
------------------------
နောက်တစ်ခုကတော့ ဒေါ်စုကလွှတ်တော်ထဲရောက်ပေမဲ့.. အာဏာရှိတာမဟုတ်သလို လုပ်ပိုင်ခွင့်ဆိုတာလဲ. သူရရှိထားတဲ့ လွှတ်တော်အမတ်အဆင့်နဲ့ တရာဥပဒေကော်မတီ
ဥက္ကဌ ရာထူးပဲရှိပါတယ်..၊ အစိုးရ၀န်ကြီးအဆင့် နဲ့တောင်မှ..လုပ်ပိုင်ခွင့် ၊အဆောင်အယောင်နဲ့
ရာထူးအဆင့်ခြင်းယှဉ်ရင်...ဆီနဲ့ရေ လိုကွာခြားသေးတာပါ..
အစိုးရကပေးတဲ့ ...အိမ်တစ်လုံးကားတစ်စီးတောင်မရှိလို့ နေပြည်တော်မှာ အိမ်ငှားနေရတာပဲကြည့်ပါလေ..
မြို့နယ်အုပ်ချုပ်ရေးမှုးအဆင့်တောင် အစိုးရဆီကရတဲ့ သင့်တော်တဲ့အဆောင်အယောင် ရှိပါသေးတယ်...
အစိုးရဌာနဆိုင်ရာအကြီးအကဲဖြစ်မှပဲ...သူလုပ်လို့ရနိုင်မှာတွေ အများကြီးပါ...
အဲဒါကြောင့်လဲ သမ္မတဖြစ်ချင်တယ်လို့ ပွင့်လင်းစွာပြောခဲ့တာပါပဲ.. သူပြောတာဒီ့ထက်ရှင်းတာမရှိပါဘူး..
အမေရိကန်စတဲ့ ဒီမိုကရေစီနိုင်ငံကြီးတွေမှာလဲ.. သမ္မတလောင်းတိုင်းက ..ဒီလိုပဲပြောပါတယ်..
နိုင်ငံရေးပါတီထောင်အရွေးခံမှတော့..သမ္မတဖြစ်ချင်လို့ပေါ့ဗျာ...
"တိုင်းပြည်ကိုမလွဲမရှောင်သာအုပ်ချုပ်လိုက်ရပါတယ်"...ဆိုတဲ့ စကားမျိုးတွင်တွင်သုံးပြီး..နှစ် ၃၀ လောက် ဖိနှိပ်အုပ်ချုပ်လို့ အကုန်ရောင်းစားသွားတဲ့ သူမျိုးတွေကို ကြိတ်လေးစားနေတဲ့ အတန်းအစားတွေသာ...ဒေါ်စုရဲ့ပွင့်လင်းမှုကို ဝေဘန်ကြတာပါ..၊
အဲဒီတော့ အစိုးရအဖွဲ့ဝင်တွေကိုသာ... ယူထားတဲ့ရာထူးတွေ..ယူထားတဲ့အဆောင်အယောင်တွေနဲ့ တန်အောင် လုပ်ရမဲ့သူတွေမလုပ်သေးတာကို..အရင်ထောက်ပြသင့်ပါတယ်။
------------------------
ဒေါ်စုမှာရှိတာကတော့..သူ့အရည်အချင်းတွေပါပဲ.. နိုင်ငံတကာလေးစားမှု ၊ပညာတတ်ဆန်မှု ၊ဇွဲ..၊
အမြင်ကျယ်မှုနဲ့ ...ဆင်ခြင်တုံတရားဖြစ်ပါတယ်... မည်သည့်နိုင်ငံကိုမဆို ပွဲလယ်တင့်ပါတယ်..
သူပြောတဲ့စကားမှာ မှတ်သားစရာတွေရှိပါတယ်.. နာမည်ကြီး ကမ္ဘာ့တက္ကသိုလ်ကြီးတွေကကျောင်းသားတွေကအစ အလေးအနက်ထား သုံးသပ်ကြပါတယ်..
စင်ကာပူလိုစီးပွားရေးနိုင်ငံကြီးတစ်ခုကို သူမှတ်ချက်လေး
တစ်ခုချလိုက်တာနဲပဲ အဲဒါကိုသွက်သွက်ခါအောင်သုံးသပ်နေကြပါပြီ.၊
အဲဒီလိုသွားတဲ့နိုင်ငံတကာခရီးစဉ်တိုင်းမှာ.. နိုင်ငံတကာက သွားဖိတ်ကြားစီစဉ်လို့သွားရတာချည်းပါပဲ.. အစိုးရစရိတ်နဲ့ ပြည်သူ့ဘဏ္ဍာကို ဖြုန်းနေတယ်ထင်ပါသလား...၊
ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေ အထင်ကြီးအားကျပြီး စားဝတ်နေရေးပြေလည်အောင်သွားရောက်အလုပ်လုပ်ကိုင်တဲ့.နိုင်ငံတွေရယ်..
အာဏာရှင်တွေကိုယ်တိုင် ကျမ်းမာရေး ၊ပညာရေးကအစ၊ နေရေးထိုင်ရေးအထိ အမေကျော်ဒွေးတော်လွမ်းကာ သွားရောက်ခဲ့တဲ့..့  နိုင်ငံကြီးတွေကတောင်သူ့ကိုလေးစားမှတော့..
ကျွန်တော်တို့ ဟာ...နွားခြေရာခွက်ထဲကနေရုန်းထွက်သင့်ပါပြီ..
-----------------------------
ဒီလောက် ထက်မြက်နေတာကို ဘာလို့အစိုးရထဲမရောက်တာလဲ လို့မေးရင်တော့..
လွှတ်တော်ထဲမှာတောင် ၀ှိုက်ကဒ်ကိစ္စ အရေးယူဖို့စတဲ့အဆိုတွေတောင် ၀ိုင်းကန့်ကွက်ခံရတာ... တစ်ယောက်ကိုတစ်မဲသာပေးခွင့်ရှိတဲ့ဒေါ်စုပါတီရဲ့  အင်အားအနည်းငယ်က သူနိုင်စွမ်းရှိတာလေးတွေကိုပဲလုပ်လို့ရနိုင်မှာဆိုတာ သဘောပေါက်သင့်ပါတယ်..
အာဏာရှင်တွေဟာ...ဒေါ်စုကို သမ္မတဖြစ်စေချင်ဖို့နေနေသာသာ.. ၀န်ကြီးအဆင့်တောင်ဖြစ်စေချင်ကြမှာမဟုတ်ဘူးလို့ မြင်ပါတယ်..  ထက်မြက်တဲ့ဒေါ်စုသာဝန်ကြီးဖြစ်လို့ရှိရင်..၊ အတွင်းစည်းထဲရောက်သလိုဖြစ်ပြီး...
ဝန်ကြီးဌာနတွေမှာ ကြိတ်ရှင်းနေရတဲ့အာဏာရှင်ရဲ့အရှုပ်ထုတ်တွေကို မြေလှန်မှာကို အမှန်တကယ်ကြောက်ရွံ့နေကြမှာပါ...
ဥပမာ ၁၁ ဘီလျံကိစ္စသာတကယ်ရှိခဲ့ပါက.. ဒေါ်စု ဘဏ္ဍာရေးဝန်ကြီးဖြစ်ရင်ဘယ်လိုရှင်းမလဲ..
မြစ်ဆုံကိစ္စ.. .ဒေါ်စုသာ လျှပ်စစ်ဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..
သစ်တွေပြောင်နေတဲ့ကိစ္စ..ဒေါ်စုသာ သစ်တောဝန်ကြီးဖြစ်ရင်ဘယ်လိုဖြစ်သွားမလဲ..
ဂက်စ်ပိုက်လိုင်းတွေ၊ဂက်စ်ရောင်းရငွေတွေကိစ္စ. .ဒေါ်စု စွမ်းအင်ဝန်ကြီးဖြစ်ရင် ဘယ်လိုဖေါ်ထုတ်မလဲ..
တစ်ဒေါ်လာခြောက်ကျပ်ပ်နဲ့ ဖြတ်ပြီး နှစ်ပေါင်းများစွာ အိတ်ထဲထည့်နေတဲ့ ကိစ္စတွေကို..
ဒေါ်စုသာ စီပွားရေးဝန်ကြီးဖြစ်ရင်ဘယ်လိုအထုတ်ဖြေမလဲ..
ကြေးနီတောင်တွေသယံဇာတသိုက်တွေ၊ရတနာသိုက်တူးတာတွေကိစ္စ.. ဒေါ်စုသာ... သတ္တုတွင်းဝန်ကြီးဖြစ်ရင်..ဘယ်လိုမြေလှန်မလဲ..
ဦးပိုင်ကိစ္စတွေ၊ အောက်ခြေစစ်သားတွေဆင်းရဲတာတွေကို.. ဒေါ်စုသာစီးပွားရေးဝန်ကြီးဖြစ်ရင်၊
ကာကွယ်ရေးဝန်ကြီးဖြစ်ရင်..၊ ဘယ်လိုရှင်းထုတ်မလဲ...
အဲဒီ အခြေအနေတွေကို...၊
ဒေါ်စုပြောပြောနေတဲ့..တရားဥပဒေစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး နဲ့ လူ့အခွင့်အရေးစတဲ့ ပေတံတွေနဲ့တိုင်းတာနဲ့ကို...အကုန်..ခါဆင်းသွားမှာပါ..၊
အဲဒီလိုအနေအထားတွေကို.. ဘယ်သူကမတွေးပဲ...မကြောက်ပဲနေမှာလဲဗျာ..၊ တွေးလေ ကြောက်လေ..တွေးလေ လန့်လေပေါ့...
အဲဒီတော့ ဒေါ်စုဟာ..ဘယ်လောက်တော်တော်.. အာဏာရှင်တွေဟာ...ဒေါ်စုကို...
သမ္မတလို နိုင်ငံ့ဦးသျှောင်အဖြစ်ထားဖို့နေနေသာသာ.. ဘယ်သူက...၀န်ကြီးအဆင့်တောင်ဖြစ်စေချင်မှာလဲနော်..
----------------------
နောက်တစ်ခုကတော့...
တရုတ်ပြည်ရဲ့အိပ်မက်ပါ...
တရုတ်ပြည်ဟာအန္ဒိယသမုဒ္ဒရာဘက်ကိုထွက်တဲ့ထွက်ပေါက်ကို အိမ်မက်မက်နေခဲ့တာကြာပေါ့ဗျာ...၊
မြန်မာပြည်ရဲ့သယံဇာတကိုလဲ အလကားနီးပါးရသေးတယ်.. မြန်မာပြည်မြေကိုနင်းပြီး...ဒေသတွင်းမှာ သူ့သြဇာချဲ့ထွင်လို့လဲ ရသေးတယ်ဆိုတာ..ဘယ်လောက်တောင်.ရခဲ့တဲ့အခွင့်ရေးပါလဲ..၊
ကိုယ့်ခြံထဲက ရွေအိုးတွေကိုလဲ တူးသွားသေးတယ်..၊ ကိုယ့်ကိုလဲ...မုန့်ပဲသားရေစာလောက်ပဲပေးသေးတယ်..
ကိုယ့်အိမ်ဦးခန်းမှာလဲ..ထိုင်သေးတယ်.. ကိုယ့်ခြံကိုခြေကုတ်ယူပြီး..ပတ်ဝန်းကျင်ကိုလဲရန်ရှာလို့ရတယ်.. ဆိုတော့ကာ...မြန်မာပြည်ဟာ..တရုတ်ရဲ့ အလကားရတဲ့ အဖိုးတန်ဆုတစ်ဆုပါပဲ..၊
မြန်မာအစိုးရက...ညံ့ဖျင်းစွာနဲ့..သာမန်ဆိပ်ကမ်းတစ်ခုလို့ပဲမြင်ပေခဲ့မဲ့.. တရုတ်တွေရဲ့.စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖြစ်တဲ့....အနာဂတ်မှာ အိန္ဒိယသမုဒ္ဒရာကို..ခြိမ်းခြောက်နိုင်တဲ့. ရခိုင်ပြည်နယ်..၊ ကျောက်ဖြူဒေသကြီးကို ဈေးပေါပေါနဲ့ရပြီးတဲ့အချိန်မှာ.. အဲဒီ စိတ်ကူးယာဉ်အိပ်မက်ကြီး ရေရှည်တည်တံ့ရေးအတွက်. ကာကွယ်ဖို့လိုလာပါတယ်...
အဲဒါကတော့.နိုင်ငံတကာမှာဝင်ဆံ့တဲ့.ဒေါ်စုသာသမ္မတဖြစ်ရင်.. သူတို့ရဲ့အိပ်မက်တွေ ပျောက်သွားနိုင်မလား..ဆိုတဲ့ စိုးရိမ်မှုတွေပါပဲ..၊
အဲဒီအတွက်..ရခိုင်ဒေသနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ.. တရုတ်ရဲ့..စိတ်ကူးယာဉ်အိပ်မက်တွေကိုခြိမ်းခြောက်နိုင်ခြေရှိနေတဲ့.. ထက်မြက်တဲ့အမြင်ရှိတဲ့...ဒေါ်စုကို...လက်မခံပဲ မုန်းတီးနေမှ.. ဖြစ်မှာပါ...၊
အဲဒါကြောင့်..ဒေါ်စုနဲ့ NLD ကို စိတ်ဓာတ်ပြင်းထန်တဲ့ ဒေသခံတွေက.မုန်းတီးစေရေးအတွက်နည်းမျိုးစုံနဲ့
လုပ်ကြဦးမှာပါပဲ...၊
အဲဒါကိုနားလည်ကြဖို့လိုပါတယ်...၊
အမြင်ကျယ်ကျယ်နဲ့ သတိထားဖို့လဲလိုပါတယ်..
အနေအထားတွေက နိုင်ငံရေးတွေမဟာဗျူဟာတွေ ကိုယ်ကျိုးစီးပွားတွေ အများကြီးပါနေပါတယ်...၊
ကျွန်တော်တို့ရဲ့ ဒေါ်စုဟာ..
အာရှတိုက်တောင်ပိုင်းမှာရှိတဲ့..တရုတ်ရဲ့ မဟာဗျူဟာ ချိန်ခွင်လျာကို လှုပ်ခါသွားစေနိုင်သူတစ်ဦးဖြစ်မှန်းမသိဖြစ်နေပါတယ်
အဲဒါတွေကိုအမြင်ကျယ်ကျယ်နဲ့ နားလည်ရပါတော့မယ်..
----------------------------
သေချာတာကတော့..
မျက်မှောက်ခေတ်မှာ..မြန်မာနိုင်ငံသားတွေဂုဏ်တက်စေတာ ဒေါ်စုကြောင့်ပဲ ဖြစ်ပါတယ်..
သူမဟာ..နိုင်ငံတကာသွားတိုင်း သူ့ရဲ့အရည်အချင်းသတ်သတ်နဲ့ မြန်မာ့အမျိုးသမီးအ၀တ်အစား တွေကိုဝင်ဆင်တာကြောင့်..
မြန်မာကို ကမ္ဘာက ထူးခြားစွာသိရှိလက်ခံခဲ့သူပါ..
မြန်မာအမျိုးသမီးတွေရဲ့ ၀တ်စားပုံကို ကမ္ဘာက စိတ်ဝင်စားလာတယ်..
မြန်မာအမျိုးသမီးတွေ ကိုယ်တိုင်ကိုက.. မြန်မာရိုးရာ ၀တ်စုံအတွက် ပိုပြီးဂုဏ်ယူတတ်လာပါတယ်..
မြန်မာနိုင်ငံဟာ...အမှန်တကယ်ဆိုရင်.. အာဏာရှင်တွေအုပ်ချုပ်ထားတဲ့အတွက်...
စီးပွားရေးညံ့ဖျင်းပြီး.. မူးယစ်ဆေးဝါးထွက်ရှိမှုအများဆုံးနဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ဒုတိယအဆင့် မှာရှိနေဆဲနိုင်ငံတစ်ခုပါ..
အဲဒီလိုနိုင်ငံတစ်နိုင်ငံကို.. ကမ္ဘာ့ချမ်းသာပြီး..အင်အားကြီးနိုင်ငံအဆင့်မပြောနဲ့
အာဆီယံအဆင့်နိုင်ငံလောက်ကတောင်.. ဆေးဖေါ်ကျောဖက်လုပ် ဖို့ဆိုတာ..
အမှန်အတိုင်းပြောရရင်...(၁၀)နှစ်လောက် သေကောင်ပေါင်းလဲ လုပ်ရင်ကို..
မဖြစ်နိုင်သေးတဲ့အခြေအနေပါ..
အဲဒီအနေအထား..အဆင့်အတန်းကို... သူမ အကျယ်ချုပ်ကလွှတ်ပြီး တစ်နှစ်အတွင်းမှာ..
ဒေါ်စုက ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်..။တကမ္ဘာလုံးက လေးစားမှုနဲ့ သူမကိုနေရာပေးမှုက
အရမ်းကို အံ့သြစရာကောင်းလောက်အောင်ဖြစ်ခဲ့ပါတယ်။
သူမကိုနိုင်ငံတကာက လေးစားမှုတွေရဲ့နောက်မှာ.. မြန်မာလူမျိုး..ဆိုတာ ကပ်ပြီး ပါလာတာကို..
နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေ လက်တွေ့ကျေနပ်စွာနဲ့ လှိုက်လှိုက်လှဲ လှဲ ခံစားခဲ့ကြရမှာပါ..
-----------------------------
ပြီးရင်..သူမဟာ..ကမ္ဘာမှာ နာမည်တစ်လုံးနဲ့နေပါတယ်..၊ ပြောဆိုသုံးသပ်မှု မှန်ကန်ပါတယ်..၊
ပညာနဲ့ဆင်မြင်မှုရှိပါတယ်...၊ မျက်တောင်တဆုံးမက ကြည့်တတ်ပါတယ်။
ပြီးရင်..မြန်မာနိုင်ငံရဲ့ မျက်မှောက်ခေတ် နှစ် ၅၀ အတွင်းမှာ. အရည်အချင်းပြည့်တဲ့ခေါင်းဆောင် အုပ်ချုပ်တာ..
အထူးသဖြင့်...ပညာတတ်ခေါင်းဆောင်အုပ်ချုပ်တာကို
မြန်မာပြည်သူတွေ မခံစားခဲ့ကြပါဘူး....
သူသာလုပ်ပိုင်ခွင့်ရှိရင်..ကျွန်တော်တို့လက်လှမ်းမမီနိုင်တဲ့ အုပ်ချုပ်မှု ယန္တယားကိုင်တွယ်ပုံတွေကို မြင်ရမှာဖြစ်ပါတယ်..၊
ကမ္ဘာ့တိုးတက်တဲ့ မိတ်ဆွေ နိုင်ငံတွေက..သူ့ဆီလာမှာဖြစ်ပါတယ်..
အဲဒီအချိန်မှာ..သူ့အရည်အချင်း သူ့သိက္ခာကြီးနဲ့..
ဘာမှဟုတ်တဲ့.ကုလားဦးစားပေးတာတို့ဘာတို့..ဆိုတာကြီးကို..
အလကားနေ..ဘယ်သူက လုပ်နေမှာလဲဗျာ..
သူတို့င်းပြည်အတွက် သူ့အလုပဲသူလုပ်မှာပေါ့..
လုပ်ချင်ရာလုပ်ပြီး..ထင်ရာစိုင်းခဲ့တဲ့..
နာမည်ပျက်တွေပွထနေတဲ့..
ကမ္ဘာက ၀ိုင်းပယ်ခံရတဲ့...၊
လူမိုက်အာဏာရှင်မှ
မဟုတ်ပေပဲ...နော်
-------------------------
ညီမလေးလဲ သဘောပေါက်မယ်လို့ထင်ပါတယ်ဗျာ..
(ပုရစ်)
..................
လွပ်လပ်စွာရှဲနိုင်ပါသည်
.
12 comments :
  1. Anonymous said... :
    အရမ်းကြိုက်ပါသည်။
  1. Anonymous said... :
    Your article is so true & absolutely right.
    Totally opposite way of understanding from their GANG vs. Daw Aung San Suu Kyi & our people on "Being a president/Ruler of the our country"
    [1]They thought (actually they had already proven & they are still proving) ,they have rights to loot/steal our country wealth & to abuse the power on our people.
    [2]Daw Aung San Suu Kyi & our people understand ,this is a opportunity to serve the country.
  1. အရမ်းသ​ဘောကျပါတယ်​ :)
  1. Aye Mya Chan Thar said... :
    I like this news very much because l also beleve that.
  1. Anonymous said... :
  1. Anonymous said... :
    agree with above comment totally. In truth fed up of the postings like this from opposition side.
    remark: some time people usually do not react to this type of letters not because we agree but because of great disappointment. results, young generation is leaving politicians and so called self-claimed democrats.
  1. Anonymous said... :
    ပညာမာန်တက်နေတယ်ဟုတ်လား ဟုတ်တယ်ဘဲထားပါဦး တက်စရာရှိလို့တက်တာ နင်တို့ စစ်သား အရပ်ဝတ်လဲတွေလို အင်္ဂလိပ်စာကို လက်တန်းပြောဖို့နေနေသာသာ ဖတ်ပြီးတောင်မပြောရဲတဲ့သူတွေနဲ့တော့ ဆီနဲ့ရေပေါ့ ဦးကျော်သူနဲ့လဲယှဉ်စရာမလိုဘူး ပရဟိတလုပ်ဖို့ကတော့ အာဏာလိုချင်မှလိုမယ် တိုင်းပြည်တစ်ခုလုံးရဲ့ အရေးကတော့ အာဏာရှိမှ လုပ်နိုင်မယ် အာဏာမရှိဘဲ အန်တီစုကို ဟိုလိုလုပ်စေချင် ဒီလိုလုပ်စေချင်ဖြစ်နေကြတာလဲ နင်တို့လို လူပြိန်းတွေဘဲမလား
  1. angel kyaw said... :
    သိပ်ကောင်းပါသည်။ကြိုက်ပါသည်။မှန်ပါသည်။သူမရဲ့နိုင်ငံတကာခရီးစဉ်ကြောင့်
    ကျွန်မလိုမြန်မာအမျိုးသမီးများ လက်တွေ့မျက်နှာရနေပါသည်။
    အနိမ့်ဆုံးအနေနဲ့မြန်မာလူမျိုးတွေအင်္ဂလိပ်စာကျွမ်းကျင်သူတွေရှိတယ်ဆိုတာလက်ခံလာ
    ကြတာပါ။စစ်ဗိုလ်ချုပ်တွေရဲ့ပညာအရည်အချင်းကြောင့်ကျွန်မတို့မှာမျက်နှာငယ်ခဲ့ရတာပါ။
    ဘာဖြစ်လို့လဲဆိုတော့လူညံ့တွေအုပ်ချုပ်တာခံတဲ့လူတွေကသူတို့ထက်ပိုညံ့လို့ လို့တိုင်းတစ်
    ပါးသားတွေကခံယူထားလို့ပါဘဲ။
  1. Absolutely true of this article!
  1. Absolutely true of this article and i accept that!
  1. Thant Sin said... :
    If she is really qualify to be a national leader, president position is nothing. All myanmar want her to be good national leader. If she can perform well national leader position will be only for her.If she can not perform well, forget about her n try by other way for national development. Key point is not daw su. Key point is development of myanmar.I don't like military government n also daw su. I think they sre not working well. They need to produce adequate performance n result for country.
  1. Anonymous said... :
    ဦနှောက် ရှိတဲ့လူသာ အမှန်တရားကို နာလည်
    နိုင်တာပါ မတွေး မတောတက်တဲ့ လူတွေ
    မြန်မာပြည် မှာ အများကြီး ရှိမှာ စိုရိမ်ပါတယ်
    အကို ရှင်းပြတာ အရမ်းကောင်း ပါတယ်
    ကျွန်တော် နဲ့ တထပ်ထဲ ပါဘဲ အကို
    အကိုလိုလူ မျိုး မြန်မာပြည်မှာ များများရှိ
    ပါစေ ဗျား. အမှန် မမြင် နိုင် လို တိုင်းပြည်
    ဒီလောက် မွဲ နေတာပါ. ကို့ လူမျိုး ကျွန် နိုင်ငံ
    တကာကျွနါ ဖြစ် နေ ကျတာပါ.
    ထက်မမြင်ရင် ထက် ဖြစ်မှာပါ.
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved