NLD ဦးဝင်းတင်ကို ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသ

Saturday, March 29, 2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ဟာ ဒီကနေ့ မနက်ပိုင်းက ဝိတိုရိယဆေးရုံးကြီးကနေ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင် ( ICU ) သို့ ရွှေ့ပြောင်း ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ 

 ဒီကနေ့ မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ ဆေးကုသခံယူလာတဲ့ ဦးဝင်းတင်၊ ဓာတ်ပုံ- Ko Ko Gyi ( 88 ) 's facebook



ဦးဝင်းတင်သည် အသက်ရှုလမ်းကြောင်းရောဂါ တခုကြောင့် အသက်ရှုခက်ခဲနေပြီး အောက်စီဂျင်ပေးထား ရတယ်လို့လည်း သိရပါတယ်။ 

ဦးဝင်းတင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ အဆိုအရ စင်ကာပူ  ဒါမှ မဟုတ် ထိုင်း နိုင်ငံကို ထွက် ကာ ဆေးကုသမှုခံယူဖို့ ပြင်ဆင်မှုတွေလုပ်ဆောင်နေပြီး  နိုင်ငံကူးလက်မှတ် အမြန်ရရေး အားလုံးက ဝိုင်းဝန်း ကြိုးစားနေတယ်လို့ သိရပါတယ်။ 



 အိမ့်သံစဉ် ~

 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved