လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့ နှုတ်ကိုစောင့်စည်းစို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပန်းစကား လို့ အမည်ရတဲ့ လှုပ်ရှားမှုတခုကို မန္တလေးမြို့ မှာ ဒီနေ့ ၁၁ နာရီလောက်က ပြုလုပ်ခဲ့ကြပါတယ်။
လူစည်ကားရာနေရာတွေ ဖြစ်တဲ့ ဒိုင်းမွန်းပလာဇာနဲ့  ဈေးချိုတော်အနီးမှာ လက်ကမ်းစာစောင် တွေဝေငှခဲ့ကြတာဖြစ်ပါတယ်။
"ပြင်းထန် တင်းကြပ်သောကန့်သတ်ပိတ်ဆို့မှုများသာမက... တာဝန်မဲ့သော၊ အမုန်းပွားစေသော၊
အန္တရာယ် ရှိသောပြောဆိုမှုများသည်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အားနှောက်ယှက် ဖျက်ဆီးနေသည့် အရာများဖြစ်သည်ဟုယုံကြည် ပါသည်။ ယုံကြည်မှု တူညီသူများ ပူးပေါင်း ပါဝင်ကြဖို့ မေတ္တာရပ်ခံဖိတ်ခေါ်လိုက်ပါသည်" လို့ အဲဒီ လက်ကမ်း စာရွက်မှာဖော်ပြထားပါတယ်။
တေဇလှိုင် ~

Thank you very much to Tay Za Hlaing for sharing here. You are my heros. I will share it on FB.