ရဲတိုက် ထောင် ၆ နှစ် ကျခြင်း နဲ့ အဆိုတော် ရန်ရန်ချန်းရဲ့အားပေးချက်

Tuesday, April 8, 2014

~




 .


သရုပ်ဆောင်ရဲတိုက် မူးယစ်ဆေးမှုနဲ့ ထောင် ၆ နှစ် ချခံရကြောာင်းသတင်းကို ဒီကနေ့ထုတ် သတင်းစာ အများအပြားမှာ တွေ့ရပါတယ်။

အွန်လိုင်းမှာ ၂ ရက် ဆက်တိုက် လူပြောများနေတဲ့အကြောင်းအရာတွေထဲမှာလည်း ဒီသတင်းက ထိပ်ဆုံးနားမှာ ရှိနေတာပါ။
 အခုလေးတင် အဆိုတော် ရန်ရန်ချန်းက သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာကြောင်းတကြောင်း ချရေးလိုက်ပါတယ် - ရဲတိုက် ပြန် ထွက် လာ ရင် အရင် လို ပဲ အားပေးမယ် . . . သ ဘော တူ လားps:ဘာကြောင်းပြချက် မှမရှိဘူး ကိုယ် ချင်းစာ လို့  ဆိုပြီး ရေးထားတာပါ။
သူ့ရေးသားချက်ကို တနာရီဝန်းကျင်အတွင်း Like လုပ်သူ တထောင် ကျော်သွားတာ တွေ့ရပါတယ်။

ဖေ့စ်ဘုတ်သုံးသူ ရုပ်ရှင် ဂီတ အထင်ကရ တချို့က ရဲတိုက်ရဲ့ ဖြစ်ရပ်ကို စာနာကြောင်း၊ ၆ နှစ် ချလိုက်တာကို အံ့သြကြောင်း၊ သဘောမတူကြောင်း စတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ မှတ်ချက်တွေ ပေးနေတာ တွေ့ရပါတယ်။
ဒါကတော့
အဆိုတော် ရန်ရန်ချန်း ဖေ့စ်ဘုတ်စာမျက်နှာမြင်ကွင်း တစိတ် တဒေသ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved