ဒီနှစ် သင်္ကြန်စာနဲ့ ငြိမ်းချမ်းရေး အလားအလာ

Tuesday, April 8, 2014

မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလကို ရောက်လာတိုင်း သင်္ကြန်စာဆိုတာ ရှေးယခင်ကတည်း က မြန်မာနိုင်ငံသားတွေအပေါ် တစုံတရာ လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ 

 ယခုနှစ် ၁၃၇၆ ခုနှစ် သင်္ကြန်စာ၊ ဓာတ်ပုံ- ဧရာဝတီ

သင်္ကြန်စာက သိကြားမင်းလူ့ပြည် ဘယ်လို ဆင်းသက်လာသလဲ၊ ဒီအပြင် သင်္ကြန်စာရဲ့ ဟောပြောမှုတွေ အပေါ် ကြည့်ပြီး တိုင်းရေး ပြည်ရေး၊ စားဝတ်နေရေး ကိစ္စတွေကို ခန့်မှန်းကြတာဖြစ်ပါတယ်။ 

ဒါကြောင့် လယ်သမားတွေ၊ ကုန်သည်တွေ စတဲ့ နယ်ပယ်စုံက မြန်မာနိုင်ငံသားတွေဟာ လာမယ့် နှစ် အတွက် ရှောင်ရန်၊ ဆောင်ရန် တွေကို ချင့်ချိန်ပြီး လုပ်ကိုင်ဆောင်ရွက်ကြလေ့ ရှိပါတယ်။ 

အခု ဒီနှစ်သင်္ကြန်စာအရ ဘာတွေ ထူးသလဲ။ 

မြန်မာသက္ကရာဇတ် ၁၃၇၆ ခုနှစ် မဟာသင်္ကြန်စာမှာ သိကြားမင်း ရဲ့ လက်တဘက်က အဲမောင်း ကိုင် ထားပြီး နောက်လက်တဖက်က ချွန်းကို ကိုင်ပြီး လူ့ပြည်ဆင်းလာတယ်လို့ ရေးသား ထားပါတယ်။ 

မြန်မာပြည်သူတရပ်လုံး အလွန်လိုလား တောင့်တနေတဲ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲကြီးဟာ အခုနှစ် သင်္ကြန်စာအရ ၂ဝ၁၄ ခုနှစ် သြဂုတ်လ အတိုင်မီ ရေးထိုးနိုင်မယ်လို့ ဆိုထားပါတယ်။ 

ဒါဆို ဒီနှစ်သင်္ကြန်စာက ဘာတွေ ဘယ်လို ဆိုထားသလဲ ဆိုတာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာ မှာ ဧရာဝတီ သတင်းထောက် မေစစ်ပိုင် ရေးသား ထားတဲ့ သင်္ကြန်စာ အလိုအရ သြဂုတ်လ အတိုင်ခင် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနိုင်မည်ဟုဆို အမည်ရတဲ့သတင်းမှာ စိတ်ဝင်စားဖွယ် ဖတ်စရာတွေ ပါဝင်ပါတယ်။ 

မတ်လ ၈ ရက်နေ့ စတုတ္တနေ့အဖြစ် ကျင်းပတဲ့ အစိုးရ၊ စစ်တပ်ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အခြေခံ မူကြမ်းကိုလည်း အပြီးသတ် သဘောတူ ရေးဆွဲခဲ့ပြီလည်း ဖြစ်ပါတယ်။ 

အခုလို အခြေခံ မူကြမ်း အပြီးသတ် သဘောတူခဲ့တာကြောင့် သင်္ကြန်စာ အလိုအရ စာရွက်ပေါ်က ငြိမ်းချမ်းရေးကတော့ အဆင်ပြေမယ့် လက္ခဏာတွေ ရှိနေပြီလို့ ဆိုရတော့မှာပါ။ 


အိမ့်သံစဉ် ~ 


 






 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved