သင်္ကြန်မှာ ဆံပင် အနီရောင်ဆိုးမယ်

Wednesday, April 9, 2014

~


  

ခိုင်မီမီဇော်လွင်၊
အသက် ၂ဝ၊
- A.GTI (Civil) သန်လျင် နည်းပညာတက္ကသိုလ်၊
- သင်္ချာ၊ တတိယနှစ် အဝေးသင်၊ ဒဂုံတက္ကသိုလ်
   .

 .
(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


ညီမ ဝါသနာက သရုပ်ဆောင်ပါ။ သရုပ်ဆောင်တာ အရမ်းဝါသနာ ပါပါတယ်။ ငယ်ငယ်တုန်းက ဖြစ်ချင်တဲ့ အနာဂတ်အိပ်မက်စိတ်ကူးကတော့ အင်ဂျင်နီယာမကြီး ဖြစ်ချင်ခဲ့တာပါ။
အခုကျတော့ အနုပညာဘက်ကို ပိုအားသာသွားတော့ သရုပ်ဆောင် အလုပ်ကို လုပ်ဖို့ ရွေးချယ်လိုက်တာ။ အခု သရုပ်ဆောင်သင်တန်းတွေ တက်နေပါတယ်။

အားတဲ့အချိန်တွေမှာ စာဖတ်တယ်။ ပုံဆွဲတာလည်း ဝါသနာပါတော့ ကာတွန်းပုံလေးတွေ ပုံတူဆွဲဖြစ်တယ်။ ငယ်ငယ်တုန်းကလည်း ပုံဆွဲပြိုင်ပွဲတွေ၊ ပိုစတာပြိုင်ပွဲတွေ မှာ ဝင်ပြိုင်ဖြစ်တယ်။
မှတ်မှတ်ရရတော့ ၇ တန်း လောက်မှာ ညီမ တတိယဆု ရခဲ့ဖူးပါတယ်။

သီချင်းနားထောင်ရတာလည်း အရမ်းဝါသနာပါတယ်။ ညီမကြိုက်တဲ့ ဂီတအမျိုး အစားကတော့ Pop ဂီတ အမျိုးအစားပါ။ Duet Songs တွေလည်း နားထောင်ရတာ ကြိုက်တယ်။

International အဆိုတော်ထဲမှာ Taylor Swift သီချင်းတွေကြိုက်တယ်။ မြန်မာလူငယ် အဆိုတော်တွေထဲမှာတော့ ယောကျာ်းလေး အဆို တော်ထဲမှာ ရဲရင့်အောင် ကြိုက်တယ်။ မိန်းကလေး အဆိုတော်ဆို အိမ့်ချစ်ကိုကြိုက်တယ်။

လတ်တလော နားထောင်ဖြစ်နေတဲ့ သီချင်းတွေကတော့ ရဲရင့်အောင် သီချင်းတွေ အကုန်နားထောင် ဖြစ်တယ်။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဒရာမာကို ပိုကြည့်ဖြစ်တယ်။ ညီမ အများဆုံး ကြည့်ဖြစ်တာတော့ ဒရာမာပါပဲ။ တခါတလေကျတော့လည်း ဟာသကားလေးတွေ ကြည့်ဖြစ်တယ်။ International မှာ ရုပ်ရှင်သရုပ်ဆောင်တွေ အကုန်လုံးကို ကြည့်ဖြစ်တယ်။ အကုန်လုံးလည်း ကြိုက်ပါတယ်။ မြန်မာ ရုပ်ရှင်သရုပ်ဆောင်တွေထဲမှာတော့ မအိန္ဒြာကျော်ဇင်ကို သဘောကျတယ်။

ညီမ Facebook  သုံးရင် News feed က တက်လာတဲ့ Update သတင်းတွေ ဖတ်ဖြစ်တယ်။ အဲဒီကနေ ဗဟုသုတတွေရတယ်။ စာအုပ်ဖတ်ဖြစ်တာတွေကတော့ ရသစာအုပ်တွေ၊ သုတစာအုပ်တွေ အများကြီး ဖတ်ဖြစ်ပါတယ်။ စာရေးဆရာတွေထဲကတော့ ဆရာဖေမြင့်တို့၊ မင်းလူတို့ စာအုပ်တွေ ကြိုက်ပါတယ်။

ညီမက  Accessories တွေ  လက်ကောက်တို့၊ ဆွဲကြိုးတို့၊ နားကပ်တို့၊ လက်စွပ်တို့ အဲလိုဟာလေးတွေ စုရတာ ဝါသနာပါတယ်။ Shopping ကို တပတ်တခါ ထွက်ဖြစ်တယ်။ ဒီရန်ကုန်မှာရှိတဲ့ Shopping Mall တွေပေါ့။ ဝယ်စုဖြစ်ရင်လည်း အဲဒီလို Accessories လေး တွေ ဝယ်စုရတာ သဘောကျလို့ တော်တော်များများ ဝယ်ဖြစ်တယ်။

ဖက်ရှင်ထဲမှာတော့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ ပါးပါးဖြစ်တဲ့ Free Style ကိုပဲ ဝတ်ဖြစ်ပါတယ်။ သပ်ရပ် ပြီးတော့ စမတ်ကျတဲ့  စမတ်ဖြစ်တဲ့ ဒီဇိုင်းမျိုး ဝတ်ရတာလည်း ကြိုက်တယ်။ အဝတ်အစားထဲမှာတော့ ကြိုက်တဲ့ အရောင်ကတော့ Black & White  ပါ။

ဆံပင်ကာလာဆိုးရတာ သဘောကျတယ်။ ကာလာ ကို အဝါရောင်ဘက်ကိုကြိုက်တယ်။ တခါတလေကျတော့လည်း Crazy Color  လေးတွေ ဆိုးချင်ပါတယ်။
ဒီနှစ် သင်္ကြန်မှာတော့  အနီရောင်ဆိုးဖို့  စိတ်ကူးထားတယ်။
  သင်္ကြန် ဘာအစီအစဉ်ရှိလဲ ဆိုတော့ လျှောက်လည်ဖို့ စဉ်းစားထားတယ်။ ရန်ကုန်မြို့တပတ် လျှောက်လည်မယ်။ မဏ္ဍပ်ထိုင်ဖို့တော့ အစီအစဉ် မရှိသေးဘူး။

ညီမ သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ စိတ်ခံစားချက်က အရမ်းပျော်နေပါတယ်။
သင်္ကြန်ရောက်ခါနီးရင် စိတ်က အလိုလိုပျော်လာတယ်။ သင်္ကြန်မှာ ပျော်ဖို့အတွက်လည်း အခုကတည်းက အားခဲထားပါတယ်။

 ဒီနှစ်ထဲမှာ သွားဖြစ်မယ့်ခရီးကတော့ နောက်လထဲမှာ   မိသားစုနဲ့အတူ   ပုဂံ ဘုရားဖူး ထွက်ဖို့ ရှိပါတယ်။

ထူးဆန်းတဲ့ နေရာမျိုးတွေ ခရီးသွားရတာ ကြိုက်တယ်။ 

 
 
သီဟတိုး ရေးသားသည်


 (မတ်လ ၃ဝ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်မှာ ပါဝင်တဲ့ လူငယ်နဲ့ ခေတ်ရေစီးကဏ္ဍကနေ ကူးယူ ဖော်ပြပါတယ်)

    ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွကမှုတွေနဲ့ နောင်တချိန်မှာ လူကြီးဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။

    လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲအတက်အကျတွေ တပါတည်းပါလာတတ်စမြဲ ဖြစ်ပါတယ်။

    ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့ အသံတွေကို The Irrawaddy ဂျာနယ်က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။














 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved