ဇယာအိုပေမယ့် ပညာ မအိုသေးသူ

Friday, April 18, 2014

အသက် ၈၀ အရွယ် Paddy ဆိုတဲ့ အဖွားအိုတဦးဟာ နီကိုဆိုတဲ့ လူငယ်တဦးနဲ့ တွဲဖက်ပြီး Britain's Got Talent ဆိုတဲ့ အစီအစဉ်မှာ ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။ ပရိသတ်ကိုလည်း အထူး အံ့သြသွားစေတဲ့ အဖွား ပက်ဒီရဲ့ အရွယ်နဲ့ မလိုက်ဖက်အောင် ကပြ ဖျော်ဖြေမှုဟာ အလွန်ထူးခြားတဲ့ အခြေအနေ လို့ 
ပြောနိုင်ပါတယ်။ 


ကနဦး ကပြဖျော်ဖြေမှုမှာ သမားရိုးကျ ကပြမှု ဖြစ်တယ်လို့ ယူဆပြီး အကဲဖြတ် ဒိုင်လူကြီးတဦးက ကန့်ကွက် မီးနီ ခလုပ် နှိပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ မှားသွားတယ်။ အဖွား ပက်ဒီရဲ့ ဖျော်ဖြေတင်ဆက်မှု ပါရမီရှိရှိ သွက်လက် မြန်ဆန်မှုတွေကြောင့် သူဟာ ပရိသတ်ရှေ့မှာဘဲ သူ့အမှား ကို ရိုးသားစွာ တောင်းပန် စကားဆိုလိုက်ပါတယ်။ လေးစားစရာ ကောင်းတဲ့ သူတို့ ဆီက လူ့ယာဉ်ကျေးမှု တခုပါ။ 

အကယှဉ်ပြိုင် ဖျော်ဖြေမှုကို အခု ဧပြီလ ၁၂ ရက်နေ့က ယူကျုပေါ် တင်ခဲ့တာမှာ အခုဆို ကြည့်ရှုကြိမ်ပေါင်း ၁၁ သန်း ကျော်ရှိနေပါပြီး ဇယာအိုပေမယ့် ပညာနုပျိုနေတယ်ဆိုတာ အဖွား ပက်ဒီက သက်သေပြသွားခဲ့ပါ တယ်။

  


အိမ့်သံစဉ် ~









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved