အဆိုတော်၊ သရုပ်ဆောင်ဖြစ်ချင်တဲ့ လုပ်ငန်းရှင်

Saturday, April 19, 2014

~


 

ကျနော်က အနုပညာအလုပ်ကို ဝါသနာပါပါတယ်။ အနာဂတ်ရည်မှန်းချက် စိတ်ကူးကတော့ သရုပ်ဆောင် တယောက်၊ အဆိုတော်တယောက် ဖြစ်ချင်ပါတယ်။
 
 -

ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
 -
အခုလက်ရှိမှာ စီးပွားရေးအနေနဲ့ အထည်ချုပ်လုပ်ငန်း လုပ်နေပါတယ်။

အနုပညာအလုပ်ရော ဒီစီးပွားရေး လုပ်ငန်းကော နှစ်ခုလုံးကိုတွဲပြီး လုပ်သွားမှာပါ။

 ကျနော် အခု ဇာတ်ကားတွေ စရိုက်နေပါပြီ။ ထပ်ပြီးလည်း ရိုက်သွားဦးမှာပါ။ ရှေ့နှစ်ထဲမှာလည်း ကျနော့် သီချင်းအယ်လ်ဘမ်ကို ထုတ်နိုင် အောင် ကြိုးစားနေပါတယ်။

ငယ်ငယ်တုန်းကတော့  လုပ်ငန်းရှင် ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့် စီးပွားရေး လုပ်နေရင်းနဲ့ပဲ  ကျနော်က  အနုပညာပိုးပါတော့ အနုပညာရှင်တယောက်ဖြစ်ချင်လို့ ဒီအနုပညာအလုပ်တွေ လုပ်ဖြစ်နေတာပါ။ အခု လက်ရှိကတော့ ဖြည်းဖြည်းချင်း  ကြိုးစားနေဆဲပါပဲ။ အောင်မြင်တဲ့အထိ ကြိုးစားသွားမှာပါ။

အားတဲ့အချိန်မှာ ရေကူးဖြစ်ပါတယ်။ အားကစားထဲမှာ ကျနော်အကြိုက်ဆုံးက ရေကူးခြင်းပေါ့။ စာအုပ် ဖတ်တဲ့အခါ ကျနော် သုတစာပေအမျိုးအစားတွေ ဖတ်ရတာ သဘောကျပါတယ်။ ကျနော်ကြိုက်တဲ့ စာရေး ဆရာတွေကတော့ တော်တော်များတယ်ခင်ဗျ။ စာရေးဆရာ ဒေါက်တာခင်မောင်ညိုတို့၊ ဆရာဖေမြင့်တို့ရဲ့ အရေးအသားတွေကို ကြိုက်ပါတယ်။

ခန့်ညီသစ်
၂၃ နှစ်
Beachelor of Computer Science
ရန်ကုန် ကွန်ပြူတာတက္ကသိုလ်

နားထောင်ဖြစ်တာတော့ R&B တို့ Pop တို့ပေါ့။ ကိုယ်တိုင်ကလည်း အဆိုတော်တယောက် ဖြစ်ချင်တယ်။ သီချင်းဆိုရတာလည်း ဝါသနာပါတဲ့အတွက် ကျနော်အခု  Boy Band တခုလုပ်နေပါတယ်။ International Boy Band ထဲမှာ One Direction အဖွဲ့ကိုကြိုက်ပါတယ်။

အခုလတ်တလော  နားထောင် ဖြစ်တာကလည်း  One Direction အဖွဲ့ရဲ့ သီချင်းတွေပဲပေါ့။ မြန်မာပြည်က အဆိုတော်တွေထဲမှာတော့  ကို L လွန်းဝါတို့၊ Rဇာနည် တို့၊ ကိုရဲလေးတို့ကို ကြိုက်ပါတယ်။

ရုပ်ရှင်ကြည့်တဲ့အခါ ဒရာမာရုပ်ရှင်ဇာတ်ကားမျိုးတွေကို ကြည့်ရတာကြိုက်ပါတယ်။ လတ်တလော ကြည့်ဖြစ် ထားတာကတော့ လီဗြောင်ဟွန်းရဲ့ I saw the devil ဆိုတဲ့ကားကို ကြည့်ထားတယ်။

မြန်မာနိုင်ငံမှာ သဘောကျတဲ့  ရုပ်ရှင်သရုပ်ဆောင်ဆိုရင် ကိုနိုင်ကြီး (ကျော်ရဲအောင်) ကို သဘောကျတယ်။

Facebook သုံးရင် ကျနော် ဓာတ်ပုံတင်တာတော့ ရှားတယ်ခင်ဗျ။ သူများတင်တဲ့ Status တွေတော့ ဖတ်ဖြစ်တယ်။ သတင်းတွေလည်း ဖတ်ဖြစ်တယ်။ ဒီလောက်ပါပဲ။

ဖက်ရှင်ဆိုရင်တော့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး Free Style လေးတွေ ဝတ်ရတာသဘော ကျတယ်။

ဒီနှစ်ထဲမှာ သွားချင်တဲ့ခရီးကတော့ ကျနော်က Mountain တွေ သွားရတာကြိုက်တယ်ဆိုတော့ ကျိုက်ထီးရိုးကို သွားချင်ပါတယ်။  ကျနော်က Beach ထက် စာရင် Mountain ကို ပိုကြိုက်တယ်။

လူငယ်ဘဝကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် ကျနော့်အမြင်ကတော့ လူငယ်ဘဝဆိုတာက လူကြီးဖြစ်ဖို့ အရှိန်ယူ နေတာပါ။ အဲဒီတော့ လူငယ်ဘဝမှာ ဘာကိုပဲလုပ်လုပ် ကိုယ်လုပ်နိုင်သမျှ အစွမ်းကုန်လုပ်ပါ။ အစွမ်းကုန် ကြိုးစားပါလို့ပဲ ပြောချင်ပါတယ်။

ကျနော် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ကတော့  “ကျွန်တော် အမြဲတမ်း ဆက်လက်သင်ယူသွားမှာပါ” ဆိုတာပါပဲ။
 
သီဟတိုး


 -
ခေတ်တိုင်းခေတ်တိုင်းမှာ လူငယ်ဆိုတာသူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲ အတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ်ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီး အပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။


The Irrawaddy ဂျာနယ်မှာ ဖော်ပြထားပြီးသားပါ။ ဂျာနယ်တွေကို http://burma.irrawaddy.org/journals မှာ PDF ဖိုင်အနေနဲ့ ရယူ ဖတ်ရှုနိုင်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved