ဦးဝီရသူ ဖေ့စ်ဘုတ်အကောင့် အသစ်ဖွင့်

Sunday, May 25, 2014

ဦးဝီရသူက သူ့ဖေ့စ်ဘုတ်စာမျက်နှစ်သစ်ကို Wira Thu ( ဝီရသူ) အမည်နဲ့ မေလ ၂၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့တယ်လို့ ဧရာဝတီကို အီးမေးလ်ကတဆင့် စာပြန်ကြားပါတယ်။ 



 ဦးဝီရသူ အကောင့်သစ်ရဲ့ ပရိုဖိုင်ပုံ

"သတင်းစာဖြတ်ပိုင်းက လုပ်ကြံတာပါ။ 22.5.2014 မှာ အကောင့် လုံးဝ ပျက်သွားတာပါ။ အသစ် ဖွင့်ထားပါပြီ။ ဘလော့နှင့် ဆော့ဝဲ လည်ပတ်နေဆဲပါ။ အကောင့်သစ်လင့်ပါ= https://www.facebook.com/profile.php?id=100008337856491&ref=tn_tnmn " လို့ ဦးဝီရသူက ဧရာဝတီကို မေးလ်နဲ့ အကြောင်းပြန်ထားပါတယ်။

 ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာနက်မှာပျံ့နှံ့နေတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်က ဦးဝီရသူရဲ့ ဖေ့စ်ဘုတ် အကောင့် ပိတ်သိမ်းခြင်းနဲ့ပတ်သက်တဲ့ အသိပေးသတင်းစာဖြတ်ပိုင်းအာ လုပ်ကြံထားတာလို့ ဆိုပါတယ်။ 

ဧရာဝတီက ဦးဝီရသူရဲ့ ဖေ့စ်ဘုတ်အကောင့်ပိတ်သိမ်းသွားတဲ့ အကြောင်း အွန်လိုင်းမှာ လူတွေ ပေးနေတဲ့ ကိစ္စကို ဖော်ပြခဲ့ပါသေးတယ်။ 


အိမ့်သံစဉ် ~


 




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved