ရာဇာမင်းကားရဲ့ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသူဖြစ်ဟုဆို

Friday, May 16, 2014

မေလ ၁၂ ရက်နေ့ က နေပြည်တော်မှာ တိမ်းမှောက်တဲ့ ရာဇာမင်း ကားကို မောင်းတဲ့ ယာဉ်မောင်းဟာ လိုင်စင်ပိတ်သိမ်းထားတာ စစ်ဆေးပေါ်ပေါက်တယ်လို့ ကြေးမုံသတင်းစာ ဖေ့စ်ဘုတ်စာမျက်နှာက အခုလို ဖော်ပြပါတယ်။ 



 ဓာတ်ပုံ- ကိုစိုးမင်းလွင်ဖေ့စ်ဘုတ်

ရာဇာမင်းမှန်လုံယာဉ်မှ ယာဉ်မောင်း လိုင်စင်ပိတ်သိမ်းခံထားရသည့် ကာလအတွင်း ယာဉ်မောင်း လိုင်စင် မရှိဘဲ ယာဉ်တက်ရောက်မောင်းနှင်ကြောင်း ပေါ်ပေါက် 

ယာဉ်မောင်းလိုင်စင် ရာသက်ပန်ပိတ်သိမ်းနိုင်သည်အထိ အရေးယူရန်ဆောင်ရွက်နေ 

နေပြည်တော် မေ ၁၅ မေ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်က ၁၄ ဦးသေဆုံးပြီး လူ ၃၀ ဒဏ်ရာရရှိခဲ့သည့် ရာဇာမင်းမှန်လုံယာဉ် တိမ်းမှောက်ခဲ့မှုဖြစ်စဉ်တွင် အဆိုပါယာဉ်အား မောင်းနှင်သူမှာ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံရသူဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူနိုင်ရေး 
ဆောင်ရွက်ထားကြောင်း သိရှိရသည်။ 

ရာဇာမင်း မှန်လုံယာဉ်၏ ယာဉ်မောင်း ဦးမင်းခန့် (ခ) ထွန်းခန့်စိုးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်း ၎င်းမောင်းနှင်သောယာဉ်ဖြင့် ဆလွန်းယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့အား တိုက်မိခဲ့သဖြင့် ၎င်း၏ယာဉ်မောင်း လိုင်စင်အမှတ် င/ ၁၃၀/၁၁ အား သုံးနှစ် ပိတ်သိမ်းခံထားရသူဖြစ်ကြောင်း၊ ယခုဖြစ်စဉ်တွင် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းခံထားရသည့် ကာလ အတွင်း ယာဉ်မောင်းလိုင်စင်မရှိဘဲ ယာဉ်အား တက်ရောက်မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ် ပွား ခဲ့ကာ လူအများသေဆုံး၊ ဒဏ်ရာရရှိ စေခဲ့သဖြင့် ၎င်း၏ ယာဉ်မောင်းလိုင်စင်အား ရာသက်ပန် ပိတ်သိမ်းနိုင်
ရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ တင်ပြထား
ကြောင်း သတင်းရရှိပါသည်။ 

(သတင်းစဉ်) 





 





1 comments :

  1. Anonymous said... :

    တောင်ကိုရီးယားမှာသဘောင်္မှောက်ပြီးကျောင်းသားလေးတွေသေတော့အသက်ဘေးကလွတ်လာခဲ့တဲ့ကျောင်းဆရာတစ်ယောက်ကသူ့မှာတာဝန်မကင်းသလိုခံစားပြီးကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့ပါတယ်အလားတူဝန်ကြီးချုပ်ဖြစ်သူကသူ့မှာလည်းတာဝန်ရှိသည်ဆိုကာနှုတ်ထွက်သွားပြန်၏ထိုသူတို့၏တာဝန်သိမှုတာဝန်ယူမှုနှင့်ခေါင်းဆောင်ကောင်းပီသစွာမိမိနှင့်မတန်သောနေရာမှပင်ကိုယ်အသိစိတ်ဖြင့်ဖယ်ခွာသွားခြင်းမှာလေးစားစံပြုစရာကောင်းလှပါသည်မိမိတို့နိုင်ငံတွင်နေ့စဉ်နှင့်အမျှအမြန်လမ်းမကြီးခေါ်မရဏမပြန်လမ်းမကြီးတွင်ကားတွေမှောက်မီးတွေလောင်လူတွေသေနေသော်လည်းgood government,clean governmentကြီး
    မှာငါနဲ့မဆိုင်သလိုနေသာသမှလေညာကဖြစ်လို့နေတော့သည်accidentမဖြစ်လိုက်နှင့်မိမိတို့မှာတာဝန်မရှိအပြစ်မရှိယာဉ်မောင်းများသောက်သုံးမကျမကျွမ်းကျင်စည်းကမ်းဖောက်ဖျက်မောင်းနှင်ယာဉ်များကြံခိုင်မှုမရှိဟုသာတွင်တွင်ကြီးလိမ်ညာဖြီးဖြန်း၍ဘယ်သူသေသေငတေမာပြီးရောဆိုသည့်သဘောဆောင်နေသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved