အစုံရတဲ့ ကိုရီးယားစားသောက်ဆိုင်

Friday, May 9, 2014

~


   

 
  .
နေရာကတော့ လူအသွားအလာ စည်ကားများပြားလှတဲ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဖြစ်ပါတယ်။  အသင့်အတင့် ကျယ်ဝန်းတဲ့ ဆိုင်ခန်းထဲက အတွင်းခန်း အပြင်အဆင်ကို ပလက်ဖောင်း လူသွားလမ်းနဲ့ ခြားထားတဲ့ မှန်နံရံ တွေကနေ တဆင့် ကျော်ဖြတ်ပြီး အကဲခတ်ကြည့်လို့လည်း ရနိုင်ပါတယ်။

 ဆိုင်ထဲကို ဝင်လိုက်ရင်တော့ ဆိုင်ဝန်ထမ်း ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသမီးကလေးတွေရဲ့ “အညာရော်ဆီရော်” ဆိုတဲ့ ကိုရီးယား ဘာသာစကားနဲ့ နှုတ်ခွန်းဆက်သံကို အရင်ဆုံး ကြားရပါလိမ့်မယ်။

အဲဒီဆိုင်ကတော့ ကိုရီးယားနိုင်ငံမှာ စတင်ဖွင့် လှစ် အောင်မြင်ခဲ့ပြီး အခုအခါ ကမ္ဘာတလွှားမှာ ဆိုင်ခွဲပေါင်း များစွာဖွင့်လှစ်အောင်မြင်နေတဲ့၊ မြန်မာ ပြည်မှာ ပထမဆုံး ဖရန်ချိုက်စနစ်နဲ့ စတင်ဖွင့်လှစ် လိုက်တဲ့  BBQ chicken ဆိုင်ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတွင်းမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆိုင်မဖွင့်လှစ်မီကတည်းက ဆိုင်ရဲ့ အစားအသောက် ချက်ပြုတ်ပုံနဲ့တကွ၊ ဝန်ဆောင်မှုပေးခြင်း အပါအဝင် ဆိုင်တွင်း အပြင်အဆင်များ အတွက်ပါ မြန်မာ ဝန်ထမ်းတွေကို ကိုရီးယားနိုင်ငံမှာရှိတဲ့  Genesis Chicken University   မှာ  တလကြာ  အထူး လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုင်ရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုနိုင်ဝင်းအောင်က ပြောပါတယ်။

သူ့ရဲ့ နာမည်အတိုင်းပဲ အဲဒီတလကြာ သင်တန်းမှာ ကြက် သားကိုအထူးပြုတဲ့ အစားအသောက်များကို အလေး ပေး သင်ကြားပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဆိုင်နာမည်က  BBQ ဆိုပေ မယ့်လည်း ဆိုင်ရဲ့အစားအသောက်တွေက  BBQ တွေချည်းတော့ မဟုတ်ပါ ဘူး။  ကြက်သားကို အထူးပြုထားတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်ကြော် မီနူးမျိုးစုံ၊ ပါစတာ၊ ပီဇာ၊ ဘာဂါ တို့နဲ့တကွ၊  Salad နဲ့ Soup  တွေလည်း ရနိုင်ပါတယ်။

ကော်ဖီနဲ့ ဆိုဒါလို အဖျော်ရည်တွေနဲ့တကွ၊ သိပ် မများတဲ့ ဈေးနှုန်းနဲ့ ဘီယာလို၊ ဆိုဂျူးလို ယမကာ တွေကိုလည်း ရရှိနိုင်ပါတယ်။  သမီးရည်းစား ချစ်သူ စုံတွဲ နှစ်ဦးစာလောက် ပွဲခပ်သေးသေး မှာနိုင်သလို မိသားစုလိုက် စားလို့ရမယ့် ပွဲကြီးလည်း မှာနိုင်ပါတယ်။
 ဈေးနှုန်းတွေက ကျပ် ၃၀ဝ၀ ကျော်ကနေ ၁ သောင်းကျော်အတွင်း ကျသင့်မှာပါ။
  ကြက်ကြော် မီနူးတွေထဲမှာမှ ဆိုင်ရဲ့အမှတ်အသားအဖြစ် အမွှမ်း တင်ထားတာက  Golden Olive Chicken  ဖြစ်ပါ တယ်တဲ့။ 

 

အပြင်က ကြွပ်ရွနေပြီး အတွင်းပိုင်းမှာ အရည်ရွှမ်းလှတဲ့၊ နူးညံ့တဲ့ ကြက်သားရဲ့အရသာဟာ သံလွင်ဆီကြောင့် ကျန်းမာရေးနဲ့လည်း ညီညွတ်စေ မှာပါ။
ကြက်ကြော်ကို ဆော့စ် အချဉ်ရည်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူနဲ့  Chili pepper တို့ ရောနှောထားတဲ့   Sweet Hot Chil, Topping Chicken နဲ့ အစပ်အရသာလေး အနည်းငယ် ရော နှောထားတဲ့ Paris Chicken Platter  တို့ကတော့ မြန်မာ့လျှာနဲ့ အစပ်တည့်နိုင်တဲ့ မီးနူးတွေ ဖြစ်နိုင်ပါတယ်။
 ကြက်ကြော်မီနူးတွေနဲ့ တွဲဖက်ပြီး စားသုံးဖို့ အတွက် ပါ ပလာကြော်၊ အာလူးကြော်နဲ့ အရွက်သုပ် တပွဲလည်း ပါပါသေးတယ်။

အနောက်တိုင်းသားတွေလို ကြက်ကြော်လေး၊  Salad လေးလောက်နဲ့အာသာမပြေဘဲ ထမင်းလေး ပါ စားလိုက်ရမှ တင်းတိမ်တတ်ကြတဲ့ မြန်မာ ဖောက်သည်တွေနဲ့ ကိုက်ညီမယ့် ကင်မ်ချီ ထမင်းကြော်လို ကိုရီယား အငွေ့အသက် ပါတဲ့  အစားအစာမျိုးလည်း  ရနိုင်ပါသေးတယ်။
 ဒီဆိုင်ရဲ့ ပီဇာမီနူးမှာတော့ ရွေးချယ်စရာ ၉ မျိုးနဲ့ ပါစတာအမည် ၃  မျိုး  ရှိပါတယ်။

  မြန်မာပြည်ရဲ့  BBQ Chicken  ဆိုင်တွေက အရ သာဟာ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့ က  BBQ Chicken  ဆိုင်များရဲ့ အစားအသောက်များအတိုင်း အရသာ ထပ်တူ တူညီစေရမယ်လို့လည်း ဆိုင်ရဲ့ မန်နေဂျင်းဒါရိုက်တာ ကိုနိုင်ဝင်းအောင် က ဆိုပါတယ်။

ဒီဆိုင်ရဲ့ ထူးခြားချက်က တော့ ကြော်ချက်ရာမှာ သံလွင်ဆီတမျိုးတည်းကိုသာ အသုံးပြုတယ်လို့လည်း သိရပါတယ်။
BBQ Chicken ဆိုင်ကို YKKO  ရဲ့ ကုမ္ပဏီ ခွဲတခုဖြစ်တဲ့  Myanmar Culinary Holding Co.,Ltd  က Franchise  ယူ ဖွင့်လှစ်ခြင်းဖြစ်ပြီး လတ် တလောမှာ BBQ Chicken  ဆိုင်ခွဲပေါင်း ၄ ဆိုင်ကို ရန်ကုန်မြို့မှာ ၃ ဆိုင်နဲ့ နေပြည်တော် ဥတ္တရသီရိ မှာ တဆိုင် ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ဗိုလ်ချုပ်လမ်းပေါ်က ဆိုင်ကိုတော့ နံနက် ၁၀ နာရီကနေ နောက်တနေ့ နံနက် ၃ နာရီအထိ ဖွင့် လှစ်တာကြောင့် စားသောက်ဆိုင်အများစု ပိတ်တတ် တဲ့ ည ၁၀ နာရီနောက်ပိုင်းအချိန် ဗိုက်ဆာတတ်သူ တွေအတွက်တော့ ဒီဆိုင်က အတော်လေးအဆင်ပြေ မှာပါ။
အခုအခါ Delivery Service ကိုလည်း ဝန်ဆောင်မှုပေးနေပြီး ရန်ကုန်မြို့တွင်း ဧရိယာ တဝိုက်နဲ့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ် တွေ အပါအဝင် မြို့နယ်တချို့ကို ဝန်ဆောင်မှု ပေး နေပါတယ်တဲ့။

ဖုန်းဆက်မှာယူတဲ့ အချိန်ကနေ ၁ နာရီအတွင်း အရောက်ပို့ဆောင်မှာဖြစ်ပြီး အခုလို နွေနေ့လယ်ခင်း ပူပူမှာ  အပြင်ထွက်  မစားလိုသူတွေအတွက်တော့ ဖုန်းလေးတချက် ဆက်လိုက်ရုံသာမို့ စိတ်ဝင်စားဖွယ် ဖြစ်မယ်ထင်ပါတယ်။  ကျပ် ၁၀ဝ၀ဝ ဖိုးနဲ့ အထက်ကို အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုပေးမှာ ဖြစ်ပြီး ပို့ဆောင်ခ ၁၀ ရာခိုင်နှုန်း ကျသင့်ပါမယ်။
ကျပ် ၂၅၀ဝ၀ နဲ့အထက်ဆိုရင်တော့ ပို့ဆောင်ခကောက်ခံ ခြင်းမပြုဘူးလို့လည်း ဆိုင်ရဲ့လက်ထောက်မန်နေဂျာ တဦးဖြစ်သူ ကိုသီဟမျိုးက ဆိုပါတယ်။

ကဲ ... ဒါကြောင့် ဘယ်အချိန်ဗိုက်ဆာ ဗိုက် ဆာ၊ ဆိုင်ဝန်ထမ်းတွေရဲ့ ပျူငှာတဲ့ ဝန်ဆောင်မှုတွေနဲ့ အတူ ခေတ်မီသစ်လွင်တဲ့ ဆိုင်ခန်းထဲမှာပဲ စားစား၊ အိမ်ပြင် မထွက်ချင်လို့ ကိုယ့်အိမ် ကိုယ့်ရုံးခန်းကနေ ဖုန်းလေးဆက်ပြီးပဲ မှာစားစား၊ ကျန်းမာရေးနဲ့ ညီ ညွတ်ပြီး အရသာရှိလို့ လတ်ဆတ်သန့်ရှင်းတဲ့ အစား အစာတွေကို စားလိုရင်တော့ BBQ Chicken ကို သတိရမိဖို့ လိုမှာပါ။

သီ










.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved